• ဟလို = တယ်လီဖုန်းခေါ်ရာတွင် ခေါ်ထူးသည့် အာလုပ်စကား။
• ဟလိုဒါလင်
• မင်းရဲတွတ်(Min Yel Took) - ဟလို
• Title :ဟလိုVocalist
• ဟလို ရတနာမိုင် -
• ဟလို ဟလို နဲ့ ဒွန့်ရအောင် -
• ဟလို. ဟလို. Yaa Mhon
• ဟလို အိုပါး ကိုကိုရေ
• TikTok ဗီဒီယို- ဟလို
• ဟလို ဟလို | TikTok
• Stream ဟလိုဒါ့ကျာ့ဟောင်
အစဉ်အဆက်ကတော့ ဟယ်လို အသံထွက်ပြောကြပါတယ်။ သဘောတူတာတခုကို ပြန်ပြောတဲ့အခါ ဟုတ်၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့ဗျ၊ ဟုတ်ကဲ့ရှင့် လို့ ပြောတယ်။ အခုတလော ဟု တဲ့။ ဆရာဝန်ဆီဖြစ်ဖြစ်၊ ဘုန်းကြီးဆီဖြစ်ဖြစ် Hi တဲ့။ လူထုဒေါ်အမာစာတပုဒ်လို အခုတော့ ရိုင်းကုန်ပြီ။
ကျွန်တော် မကြာခဏ ထောက်ပြ၊ တင်ပြရပါတယ်။ ဆိုင်းဘုတ်ကို စာလုံးပေါင်းသတ်ပုံ မှန်အောင်ရေးရင် ဝယ်မဲ့သူတွေက အမှန်ကိုမသိကြလို့ သိပ်ရောင်းရမှာ မဟုတ်ကြောင်း၊ အိုးနှုတ်ခမ်းရွဲ့နေတာကို စလောင်းဖုံး အတည့်နဲ့ လုံမှာမဟုတ်ကြောင်း။ ရိုင်းတယ်ဆိုတာ အများစုက ရိုင်းနေပြီဖြစ်လို့ ယဉ်ကျေးတဲ့သူတွေ ဘေးရောက်တဲ့ခေတ်။
ရယ်စရာပြောဦးမယ်။ တယ်လီဖုန်းတွေ ပေါ်စက စကားပြောခွက်နဲ့ နားထောက်ခွက် မှားကိုင်ပြီး ဟယ်လို ဟယ်လိုလုပ်နေသူကို ဘေးတယောက်က မင့်ဟာ ပြောင်းပြန်ဖြစ်နေပြီဆိုတော့ ကိုတောသားက လိုဟယ် လိုဟယ် လို့ ပြင်ပြောပါသတဲ့။
ဒါပေမဲ့ ကျွန်တော့အမြင်က အဲလိုလူစားတွေက တကယ့်ကို လူနည်းစုသာဖြစ်တယ်။ ဘန်းစကားတွေဆိုတာ ခဏပန်းသာခံတယ်။ မွန်းဂါး မရှိတော့။ ပြောကျိ မရှိတော့။ ကွကို မရှိတော့။ မြန်မာ့ယဉ်ကျေးမှု အကောင်းအတိုင်း ရှိပါသေးတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment