ဘန်ကောက်ပုဆိုး ဇင်းမယ်လုံချည်တွေက မြန်မာ့မူလ မဟုတ်ကြောင်း တင်ကြတယ်။
ပုဆိုးနဲ့ အင်္ကျီလည်း မထူးဘူး။ ဟိုဘက်တိုင်းပြည် ဒီဘက်နိုင်ငံကနေ လာတာတဲ့။
သုတအသိတော့ လိုအပ်တယ်။ ပိုမိုချဲ့ကား ရေးထားတာတွေတော့ သတိပြုရမယ်။
သူများတွေဆီကနေ လာတာမှန်းသိလို့တော့ ပုဆိုး မချွတ်နဲ့။ ထဘီလည်း ခါးကပ်ပါစေ။ (ကန်တော့)
ကိုယ့်တိုင်းပြည်က ဇာတိမှန်တွေကို သူများလက်ထဲမရောက်စေအောင်တော့ အထူးသတိပြုပြီး ထိန်းသိမ်း ကာကွယ်စောင့်ရှာက်ရမယ်။
သနပ်ခါး ကိုယ့်ဟာ ဟုတ်သေးရဲ့လား။ မုံဟင်းခါး၊ လက်ဖက်သုပ်၊ မုံ့ဆီကြော်၊ မုံ့စိမ်းပေါင်း၊ မုံ့ပျားသလက် (ကဝိဓဇသတ်ပုံ)၊ မုန့်ပျားသလက် (မြန်မာစာအဖွဲ့ ၁၉၇၉) ဟုတ်သေးလား။
ဗမာစစ်စစ် မြန်မာစစ်စစ် ဘာကျန်သေးသလဲ။ မြန်မာစာ။ မဟုတ်တော့ပါ။ ကိုယ်တိုင်ဖျက်နေကြတယ်။
ပုဆိုးတထည်လို့ မှန်အောင်မရေးကြ။ ထဘီတကွင်းလို့လည်း မှန်အောင်ရေးတတ်သူ ရှားပြီ။ ဝမ်းဆက်ကိုတောင် ဝမ်းစက် တဲ့။ (ကန်တော့) ဝမ်းတစက်တစက်ကျနေသလို။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment