"ဆည်းဆာ" ကို "ဆည်းဈာ" လို့ အရင်က ခေါင်းစဉ်မှာ ရေးတာရှိခဲ့တယ်။ တင်ပြလိုတာက အရင်ကရေးတာတိုင်းသည် မှန်၏ မဟုတ်။ နောက်ရေးတာတွေကသာ
မှန်၏လည်း မဟုတ်ပါ။ ဆိုင်းဘတ်တွေ၊ စာအုပ်တွေ၊ ကျောက်စာ ကျောက်ပြားတွေမှာ ရေးထာတိုင်း အကုန်မှန်၏ မဟုတ်ပါ။ သတ်ပုံကျမ်းနဲ့ စစ်ဆေးရပါမယ်။ အရေးကြီးတာတခုက ဘယ်တုန်းကထုတ်တဲ့ သတ်ပုံကျမ်းလဲ။ နောက်ထုတ်တိုင်း မှန်မယ်လို့ ပြောမရပါ။ မြန်မာစာမှာ မူကွဲစာလုံးတွေ အတော်များတယ်။ ခုခေတ်မှာ တသွေးတသံတမိန့်မူနဲ့ မြန်မာစာသင်နေကြတာ မမှန်ပါ။ ကန်တော့ + ဆောရီး။ဆည်းဆာရေး - ကိုလေးညွန့်
ဆို - မာမာအေး
လှိုင်းကလေးတွေ ဖွေးကာဖွေးကာ ပြာသော ကောင်းကင်အောက်မှာ ချစ်စရာ့ဆည်းဆာ
ချစ်တဲ့သူ နှစ်ဦးမှာမြူးကာ ကြည်နူးနှစ်သိမ့်လျက်ပါ ချစ်စရာဆည်းဆာ
တူမောင်မယ် အပြုံးရိပ်ယှက်ဖြာ သာသာယာ ခွန်တုံ့စကားလွှာ
ကြည်ဖြူစွာ ထားကတိဆိုကာ ကြေလည်ပြီး အချိန်မှာ
လှိုင်းကလေးတွေ ဖွေးကာဖွေးကာ
ပြာသော ကောင်းကင်အောက်မှာ ချစ်စရာ့ဆည်းဆာ
တဦးမျက်နှာ တဦးကကြည့်ကာ ရွှင်မြူးအားရဝမ်းသာ လန်းဝေဆာ
ဆယ်ကမ္ဘာ မခွဲရက်ပါ အသည်းနှလုံးမှ ဆုံးဖြတ်ကာ ကြင်ကြင်နာနာ
တဦးလက်ကို တဦးကယှဉ်တွဲ ချစ်စရာ့ ဆည်းဆာ
အို ချိန်ဆည်းဆာ။
https://www.facebook.com/100007274508999/videos/5189690951112564
(ပုံအတွက် ကျေးဇူး။)
ဒေါက်တာတင့်ဆွေ


Comments
Post a Comment