ပြည်မြို့ကိုနောက်ခံထားပြီး ရေးသားခဲ့တဲ့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ "တပြည်သူမရွှေထား” ဝတ္ထုထဲက ထားသခင်တို့မိသားစု နေခဲ့ကြတဲ့ အရေးပိုင်အိမ်ကြီးဟာ ပြည်မြို့မှာ တကယ်ရှိပါတယ်။ ပြည်မြို့ကနေ ဝင်ဝင်ချင်း နဝဒေးတံတားထိပ်က မင်းကြီးတောင်ပေါ်မှာ ယနေ့ထက်တိုင် ထီးထီးမားမားတည်ရှိနေဆဲပါ။ ရှေးခေတ်က အရေးပိုင်မင်းများ ရုံးစိုက်ပြီး နေထိုင်ခဲ့ကြတဲ့ရှေးဟောင်းအိမ်ကြီးတလုံးလည်းဖြစ်ပါတယ်။
ပို့စ်မှာ 'တလုံး' ကို မှန်အောင် မရေးပါ။
တပြည်သူမရွှေထား
တပြည်သူမရွှေထားရေ
အခြေမတူ ဘဝအနေခြားလေ
အဆင့်အတန်းလည်းဝေးကွာနေ
မဖြစ်မှန်းလည်း တွေးပါသလေ
ဆင်ကန်းတောတိုး ဖြစ်မှာကို
သိပါသလေ
ဒါပေမယ့် သံယောဇဉ်တွေ
တွယ်တာရပါသည်ကောလေ
မသင့်မှန်းလည်းသိပါသလေ
ချစ်လမ်းလည်းမရှိရှာဖွေ
အချစ်ကမ်းပဲ ပြောပါလေ
ထားရေ ထားရေ
ထားသခင်ကိုမှ
အချစ်ပိုသည်များ
အပြစ်ဆိုမယ်လားလေ
နှလုံးအိမ်တွေလည်း
ပွင့်ထွက်တော့မယ်
ကြာရင်ခက်ရချည်လေ
ဝေးမှာကိုလည်း စိုးပါတယ်ကွဲ့
ထားသခင် အချစ်ဦးရေ
မပြောသာပေမယ့်
တီးတိုးစကားတွေ
ကိုယ်တယောက်တည်းဆိုနေ
တပြည်သူမရွှေထားရေ
တွယ်တာရပါသည်ကောလေ
ဖွင့်မပြောလည်းသိမှာပေ
အချစ်သဘောနဲ့ ကြည့်ပါလေ
ရင်မောဖွယ့် သိသာလေ
မရွှေထားရေ
ဝေးမှာကိုလည်း စိုးပါတယ်ကွဲ့
ထားသခင် အချစ်ဦးရေ
မပြောသာပေမယ့်
တီးတိုးစကားတွေ
ကိုယ်တယောက်တည်းဆိုနေ
တပြည်သူမရွှေထားရေ
တွယ်တာရပါသည်ကောလေ
ဖွင့်မပြောလည်းသိမှာပေ
အချစ်သဘောနဲ့ ကြည့်ပါလေ
ရင်မောဖွယ့် သိသာလေ
မရွှေထားရေ။ ။
သီချင်းစာသားတင်သူတွေက 'တပြည်သူ' နဲ့ 'ကိုယ်တယောက်တည်း' ကို မှန်အောင် မရေးတတ်ပါ။ ဆောရီးပါ စန္ဒယားလှထွဋ် ခင်ဗျား။
မြန်မာစာ အရေးမပိုင်တော့ရှာ။
တပြည်သူမရွှေထား - ခင်မောင်တိုး https://www.youtube.com/watch?v=opippIqfcT4
ဒေါက်တာတင့်ဆွေ



Comments
Post a Comment