Skip to main content

တကွေ့ သံသရာ

အချစ်ပြုန်းပြီမို 

စစ်ရှုံးသူ ရင်နာနာနှင့် 

မြကန်သာ ရေညိုဘေးဆီက 

ငေးမှိုင်မိ တကိုယ်ယေ။ 

တဖက်ကမ်းဆီ၌

သမန်းရှည် ချုံနွယ်ရံတဲ့

ငုမောင်နှံ ပင်ပျိုလတ်ကယ်တို့

ရေကြေးမုံ ကန်အစပ်မှာ 

မားမတ်လို့နေ။

တပင်မှာ အရွက်အဖူးတွေနှင့်

ရှက်ကူး ဝေဝေဆာလိုက်ချည့် 

လေလာယင် ရွှေဝါပွင့်တွေက 

မြေပထဗျာ ကြွေကာ လွင့်ပါလို့ 

မာန်ဝင့် တမော်မော်လဲ 

တူတူဖေါ် ဟိုဖက်နားဆီက

ကျန်အပင် တဖက်သားမှာဖြင့်

မကြွားနိုင် အသာငြိမ်လှချည့်

ခပ်မှိန်မှိန် ရိုးတံကျဲမှာလ

ရွက်အိုတောင် ကြွေမစဲချေဘူ့

‌ကျေကွဲဘွယ့် သည်ဖြစ်ထွေငယ်

ဪ-လှစ်ဖွေမိ အမှန်တရား။

တကွေ့မှာခံ

တကွေ့ အသာစံတဲ့

လောကဓံ သည်လိုချည်းပေမို့

ငိုညည်း မပူပင်နှင့်တော့

သူကြဉ်ယင် မင်သူတွေ့ချေလိမ့် 

သရုပ်မှန် သည်ဓလေ့ကို 

အောက်မေ့ရတကား။ (ဗန်းမော် ညိုနွဲ့)

ငွေတာရီမဂ္ဂဇင်း (၁၉၆၂ မေလ)

Listener's Heaven Audiobooks - အသံစာအုပ်

တကိုယ်ရေကို တကိုယ်ယေလို့ ရေးထားတယ်။ မကြာခဏ တင်ပြပါတယ်။ သီချင်း၊ ကဗျာ၊ သတင်းခေါင်းစဉ်၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ အသံ၊ ကာရန်၊ အားအရ စံကိုက်သတ်ပုံမဟုတ်တာလည်း ရေးကြပါတယ်။ တစ်ကိုယ်ယေဆိုရင် မှားတယ်။ တစ်ပင်မှာ အရွက်အဖူးတွေနှင့်မှားတယ်။ 

တကွေ့ သံသရာသည် တစ်ကွေ့ သံသရာ မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ