၁၉၄၇ ဘယ်လိုလဲ သူငယ်ချင်း
ထမင်းတမတ်၊ ဟင်းတမတ်ဖြင့်
မင်းငတ် ငါငတ်၊ ဘိုင်ပြတ်လမ်းဘေး
ဆိင်ကလေးဝယ်၊ လွေးကြအရိုး
နံသိုးချဉ်စုတ်၊ ပလုတ်ပလောင်း
ဝမ်းဟောင်းလောင်းကြောင့်
စားကောင်းသည်ဘဲ
“တိုက်ပွဲအစ၊ ဒါဘဲဗျ” ဟု
ဖွင့်ဟ ကြွေးကြော်ခဲ့ဘူးသည်။ (ဒေါင်းနွယ်ဆွေ)
ကဗျာကို အစ အဆုံးမကူးအားသေးပါ။
ချစ်တီးထမင်းအရောင်းကြောငြာတခုမှာ တစ်လုတ်ဆိုတစ်လုတ် တစ်လုတ်ပြီးတစ်လုပ် လို့ ရေးထာလို့ သက်သေခံပစ္စည်း လိုက်ရှာလို့ ဒီကဗျာ တွေ့ပါတယ်။
ကနေ့ခေတ်မှာ ထမင်းတလုတ်မခက်သူတွေက စာကိုတော့ မှန်အောင် မရေးတတ်ကြပါ။ ကနေ့ခေတ်မြန်မာစာ နံသိုးချဉ်စုတ် နေပါပကော။ ကန်တော့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment