ကွန်မင့်အတိုလေးတွေ လာတတ်တယ်။ အများစုက ဝါကျလေးတကြောင်းသာ။ ဥပမာ ဒီမိုကရေစီများသွားတာလားဆရာ။ ဘယ်အကြောင်းအရာကို ပြောလိုသလဲ မသိ။ ဘယ်ပို့စ်လဲ မသိ။ ကျွန်တော်က နေ့စဉ်နေ့တိုင်း ရေးတင်တာတွေက များတော့ ကိုယ့်စာကိုယ် ပြန်ရှာရတာတောင် ခက်တတ်တယ်။
ဆဲစာကတော့ မလာတာ ကြာပြီ။ အရင်က အကောင့်အတုတွေကနေ လာတယ်။ မော်စကိုပြန်တွေ ဆီကနေ လာတယ်။
အများဆုံးဆဲတာကတော့ ဆေးခြောက်စာ ရေးစဉ်က။ ဘလော့လုပ်လို့ကို မနိုင်အောင် များခဲ့တယ်။ အဲဒါနဲ့ ပို့စ်ကို ဖြုတ်လိုက်ရတယ်။ နောက်တရက်ကျတော့ အဲဒီစာပြန်တင်တယ်။ မှိန်းနေကြလို့လား မသိ။ ဆဲတာ မလာတော့။
အရက်၊ ဆေးလိပ်၊ ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ စိတ်ကြွဆေး ပညာပေးတွေ ဘယ်လောက်ရေးရေး မဆဲကြပါ။ ကျေးဇူး။
တချို့ကလည်း ချီးမြှောက်စာရေးပါတယ်။ ဘိုလိုလည်း ရေးတယ်။ ဘယ်အတွက်လဲ မသိ။ ဆေးစာလား၊ နိုင်ငံရေးလား၊ မြန်မာစာနဲ့ သုတစာလား။ အသက်အိုပြီး နေကောင်းနေသေးလို့လား။ အမေရိကားမှာ နေလို့လား။ ကျွန်တော်က ဦးထုပ်တွေ အများကြီး ဆောင်းတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment