Skip to main content

မှတဆင့်

အရပ်ပျက်မကလေး မှ တဆင့် (မောင်သာရ)

(ပုံပို့ပေးသူ ကျေးဇူး။)

- ထပ်တရာ ကို ထပ်တစ်ရာလို့ မရေးဘူးလားဆရာ။ မှ/တဆင့် ကိုတော့ မှ/တစ်ဆင့် လို့ရေးဖို့ စာထုတ်နေပီ (အဲဒါမှန်လား) ဆရာ

- မှတစ်ဆင့်လို့တော့ ဘယ်သူမှ ရေးမှာမဟုတ်

- ရေးကြတာပေါ့ တစ်ဆင့်ခံ လို့ရေးကြတာပိုဆိုးသေး။

အဲလိုတော့ မရေးလောက်ပါဘူးလို့ ပြန်မေးတာမျိုး မကြာခဏလာတယ်။ သက်သေခံ တဒါဇင်ပြပါမယ်။

၁၀ လအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် CMP ချုပ်ပြီးအထည်တင်ပို့မှု ဒေါ်လာသန်း = မှား၏။

ကိုသဲ & မေသက်ထားဆွေ - မျက်ဝန်းမှတစ်ဆင့် ... = မှား၏။

ဆုန်သင်းပါရ် လမင်းမှတစ်ဆင့် = မှား၏။

တစ်ဆင့် - ဝစ်ရှင်နရီ = မှား၏။

တိုက်ရိုက်မဟုတ်ဘဲ။ အခွင့်မနှေးတစ်ဆင့်ပေး၍အရေးမိအောင်ပို့ပါသည်။ သန့်။ ၁၆။ = မှား၏။

မျက်ဝန်းမှတစ်ဆင့် - ကိုသဲ & မေ = မှား၏။

မျက်ဝန်းမှတစ်ဆင့် ဗညားဟန်_စိုးစန္ဒာထွန်း = မှား၏။

မျက်ဝန်းမှတစ်ဆင့် မေသက်ထားဆွေ = မှား၏။

မျက်ဝန်းမှတစ်ဆင့် - ကိုသဲ & မေသက်ထားဆွေ Myat Won Mha Ta Sin [Official Video] = မှား၏။

မှ တစ်ဆင့် in English - Burmese-English Dictionary = မှား၏။

မှတစ်ဆင့် - English translation, definition, meaning, synonyms, antonyms, examples. = မှား၏။

မှတစ်ဆင့် (hma.tachcang.) adverb of manner; မှ; မှ(ppm)+တစ်(n)+ဆင့်(n); current. = မှား၏။ (တစ်စုံတစ်ဦး)ကျေးဇူးပြု၍၊ ကြားခံ၍၊ ကျော်၍။ ဤစာကိုမောင်ဘမှတစ်ဆင်‌့ပေးပို့လိုက်ပါ။ MED။ ၃၇၅။

မှတစ်ဆင့် ဝစ်ရှင်နရီ = မှား၏။

မှတစ်ဆင့်. မှတစ်ဆင့်: Metastasize. Metastasize: မှတစ်ဆင့် = မှား၏။

လမင်းမှ တစ်ဆင့် = မှား၏။

လမင်းမှတစ်ဆင့် - ခန့်မော် ဆုန်သင်းပါရ် = မှား၏။

လမင်းမှတစ်ဆင့် ///ဆုန်သင်းပါရ် = မှား၏။

အထွေထွေညီလာခံ မှတစ်ဆင့် အမှုတော်ဆောင်ခြင်း. မြင့်မားသော ကိုးကားချက်များ၊ = မှား၏။

ကျွန်တော်တို့ ၇ တန်းလောက်မှာ စာရေးနည်း သင်ယူရတယ်။ စာအိပ်မှာ ကိုယ့်အမည် မှတဆင် ကိုယ့်မိဘအမည်လို့ ရေးကြရတယ်။

သို့ မောင်ဘ

မှတဆင့် ဦးလှ + ဒေါ်မြ

စာလုံးပေါင်းမှန်ရပ်ကွက်

သတ်ပုံမှန်မြို့။

ခုခေတ်မှာ မှတဆင့်ကို မှန်အောင် မရေးတတ်ကြတော့ပါ။

မြန်မာပြည်မှာ အမိန့်ထုတ်ရင် ဘာမဆိုအတည်ဖြစ်တယ်။

'ကျွဲ' ကို 'ဤ' လို့ဖတ်ပါ။ 'ဤ' ကို 'ကျွဲ' လို့ဖတ်ပါ။

'တရာ' ကို 'တစ်ရာ' လို့ရေးစေသတည်း။

'နေပီ' မဟုတ်။ 'နေပြီ' လို့ ရေးရ။ 'နေပီတော်' မဟုတ်။ 'နေပြည်ဒေါ်' မဟုတ်။ 'နေပြည်တော်' လို့ ရေးရ။ 'မော်တော်ပီကယ်' လို့ရေးလည်း ရပါ၏။

သတိပေးချက်

စာကိုမှန်အောင် မရေးတတ်တဲ့ရပ်ကွက်မှာ 'ထပ်တရာ' မရောင်းသင့်။

ငြိမ်ဝပ်ပိပြားစွာ လိုက်နာကြကုန်လော့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ