ဘယ်အကြောင်းအရာ ဘယ်စာကို ပြောသလဲ မသိပါ။
ဘာကောင်ပဲဖြစ်ဖြစ် တစ်ပါ ဆရာ
ပြန်ရေးရန် မရှိပါ။
အဲလိုရေးပြီးမှ ရှေ့နောက်စကားမညီသူက ရေးပါဦးမည်။
ကိုယ့်အဖြစ်၊ ကိုယ့်အရည်အချင်း၊ ကိုယ့်ခံယူချက်အတွက် ဂုဏ်ယူကြခြင်းကို ဆေးစာနဲ့ဆို 'နော်မယ်လ်' လို့ ခေါ်ပါတယ်။ ပုံမှန်။
ဖြစ်ချင်ရာဖြစ် မောင်ဘချစ်လိုလူစားက မများလှပါ။
တဝမ်းပူစာလုံးတွေကို စသတ်စေလို့ ညွှန်ကြားချက်နဲ့အညီ သင်ကြား၊ လိုက်နာ၊ ရေးသားသူဦးရေဟာ အဆမတန်များပါတယ်။ ဘိုလိုဆို 'မဂျော်ရတီ'။
ရွေးကောက်ပွဲ သမာသမတ်လုပ်ရင် သူတို့ပါတီက အမတ်တွေသာ လွှတ်တော်တက်ရမယ်။ စကားရည်လုပွဲမှာလည်း အနိုင်ရကြပါလိမ့်မယ်။
စကားရည်လုပွဲဆိုတာ အပြောကောင်းသူတွေကိုသာ အနိုင်ပေးလေ့ရှိတယ်။ ပညာနဲ့ ဆန်းစစ်တာ မဟုတ်။ အပျော်သဘော။
ရွေးကောက်ပွဲတိုင်းလည်း သမာသမတ်ကျလေ့မရှိပါ။ သန့်ရှင်းတဲ့ရွေးကောက်ပွဲမှာ အနိုင်ရသူတွေ အဖမ်းခံကြရ၊ ထွက်ပြေးကြရတာကတော့ မြန်မာပြည်မှာသာ ရှိတယ်။ တကြိမ်မကပါ။
ဒေါ်နယ်ထရမ့် တရားရင်ဆိုင်နေရပြီ။ မြန်မာပြည်မဟုတ်ဘဲကိုး။
သူတို့ဆီမှာ 'အေ ပရက်ဆီးဒင့်' ကို စပယ်လင် မပြင်ကြပါ။ မြန်မာပြည်မဟုတ်ဘဲကိုး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment