ဆေးကျောင်းသားဘဝမှာ လက်ဖက်ရည်ဆိုင် နေ့တိုင်းထိုင်တယ်။ နယူးဒေလီမှာတော့ ဆန္ဒပြသွားတိုင်း ထိုင်စရာဆိုလို့ ကျောက်တုံးသာရှိတဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ သောက်တယ်။ လက်ဖက်ရည်ကတော့ ကောင်းတယ်။ ရေနွေးကြမ်းမရှိ။
ကနေ့လည်း ယူအက်စ်အေ လက်ဖက်ရည်ဆိုင်မှာ ထိုင်သေးတယ်။ ရေနွေးတည်တဲ့ လျှပ်စစ်အိုးက ပျက်သွားလို့တဲ့ ရေနွေးကြမ်းမရပါ။ အမေရီးကားဆိုတိုင်းလည်း အကုန်ပြည့်စုံတာမဟုတ်ကြောင်း သိပါလေ။
လွန်ခဲ့တဲ့ ၅ နှစ်တိတိက ဒီလိုနေ့ ရန်ကုန်မှာ ဘုရားဖူးပြီးအပြန်မှာ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ မြီးရှည်၊ နန်းကြီး နန်းလတ် မုံ့တီ။ ကော်ဖီနဲ့ လက်ဖက်ရည်။ ကောင်းပါသည်။ အကြော်စုံတွေကလည်း မဆလာမပါလို့ ကြိုက်ပါသည်။ လက်ဖက်ရည်ခွက်လေးတွေတော့ သေးသည်။
ရန်ကုန်မှာ ရေနွေးကြမ်း ဆိုင်တိုင်းလိုလို ကောင်းပါသည်။ နယူးဒေလီထက်သာ၏။
အမြို့မြို့အနယ်နယ်မှာ လက်ဖက်ရည်ဆိုင် စိတ်အေးလက်သာ ထိုင်နိုင်တဲ့ခေတ် အမြန် ပြန်ရောက်ပါစေသတည်း။ လက်ဖက်ရည်သောက်ရင်း စကားကောင်းတွေသာ ပြောဆိုနိုင်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၁-၅-၂၀၁၈
Comments
Post a Comment