၁၉၅၆ မြဝတီမဂ္ဂဇင်း
အဘ၏ပုံပြင်များသည် တကယ်လော၊ အိပ်မက်ပေလောဟု ဘယ်သူမှ မပြောနိုင်ကြပေ။ သို့သော် ခလေးတို့သည် စွဲလမ်းနှစ်သက်ကြ၏။ ဆင်ခြင်ဆုံတရားအနည်းငယ် သက်ဝင်ပြီဖြစ်သော လူငယ်တို့ကမူ အဘ၏ပုံပြင် ပေါ်ထွက်ချိန်ခေတ်ကို မေးစမ်းကြသော်လည်း အဘသည် တခါဘူးမျှ မပြောပြဘူးပေ။
အဘသည် သူတို့၏အညာစုရွာသို့ပင် ဘယ်တုန်းက ပြောင်းရွှေ့ဝင်ရောက်လာမှန်းပင် လူငယ်တို့ မသိကြပေ။ တနေ့သော ညနေရိုးရီတွင် စပါးနှံတို့သည်လည်း သီးနှံများ ပြည့်ဖြိုးပြီဖြစ်၍ မြေသို့ဦးညွတ်ကာ အိပ်စက်နားနေလိုကြဟန် ရှိကြပေသည်။ နေဝန်းသည်လည်း စပါးခင်း၏ အနောက်သို့ တိုးဝင်ပြီဖြစ်၍ နေရောင်မှုန်မှုန်သာ စပါးခင်းထက်တွင် ရိုးရိပ်မျှမြင်ရပေတော့သည်။
ခင်နှင်းယုရေးတဲ့စာ မှန်ရင် တဝမ်းပူသတ်ပုံတွေ မှန်တယ်။ တကယ်လော၊ တခါဘူးမျှ၊ တနေ့သော တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်ထားရင် “တစ်နှင်းယု” ရေးတာ။ လူကြိုက်တော့ များသတဲ့။
ပုံအတွက် ကျေးဇူး။ ကန်တော့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment