မူရင်းကဗျာပါ စာလုံးပေါင်း သတ်ပုံတွေကို တမင်တကာ မှားအောင်ပြင်ထားတယ်။ မလုပ်ကောင်းပါ။
အဲလို မှားအောင်ရေးတဲ့စာတွေကို တယောက်ပြီးတယောက်က တင်ကြတယ်။ တွေ့တာ ၁၀ ခါ မကတော့ပါ။
ဆေးနည်းတွေဆိုလည်း မှားနေတာဆိုရင် တယောက်ပြီးတယောက်က တင်ကြတယ်။
ထိပ်ဆုံးသို့ ကဗျာမူရင်း
တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တတောင်ဆုံးပြန်တော့
တလုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ
တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘူ့
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စ ခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ
ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး။
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင် သစ်လိုက်ပေါ့
ချစ်ဖွယ့်လူသား။ ။ (ငွေတာရီ)
မြန်မာစာ ထိပ်ဆုံးသို့ ပြန်ရောက်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment