Skip to main content

အလွမ်းကဗျာ တချို့

နောင်ကုံးတဲ့ ရွှေသဇင်။ ။

ကြာရိပ်လှုံ သန္ဓေဖြစ်ကိုဖြင့်

မချစ်အောင် ကြံလို့မုန်းသော်လဲ

ဆံလုံးမြူ တမျှင်မျှ

တို့သခင် ညိုညိုညက်မှာ

မုန်းကွက် မမြင်။ ။

ထပ်တရာ ချွေလို့ညွှန်းပါတဲ့

ခွန်းရွှေနွဲ့ သစ္စာပင်ကို

နောင်ပြင်လို့ သစ်ပါဘူး။ ။

ခုအကြုံ

မှုမကုံ ကြာလေခက်မည်ကြောင့်

ရွှေမျက်နှာ ပြင်လို့သိမ်းတော့မယ်

စိန်းလို့ ဟုတ်ဘူး။ ။

တနေ့ တနေ့နှင့်

 နေ့ရွေ့လို့ ရက်ကုန်၊

စောမိလျက် သူ့ပုံကို

 စိတ်အာရုံ မကင်း။

တန့်စားလို့ ဆည်းဖြေသည်

 အပွေပွေ ဘုန်း မယ့်ကြံရင်း။ ။

ကြုံခဲ့ဘူး သည်ခါလို

 လူ့ရပ်ရွာ နေပျင်း၊

ရေတံခွန် ထွေထွေဆင်းလို့

 ရန်ကင်း သည်တောင်ခြေ။

သစ်တပင် ခိုအောင်းလို့

 တကိုယ်ကောင်း ထွက်ချင်ပေါ့မေ။ ။

သင်္ခါရ ဖြစ်ထွေကို

 သစ်ခေါက်ရေ ဖန်ဆိုးနှင့်၊

တိတ်တိတ်ခိုး ကြံရွယ်ဆောင်

 လေးခင်ခင့်မောင်…။

နိဗ္ဗိန္ဒ ညာကျွန်းသောင်ကို

 ရောက်လွယ်အောင် ခဲမယ်ပလေး။ ။

တနေ့ တနေ့နှင့်

 ကျွမ်းကျွမ်းသရွေ့ လောင်စာ၊

ဘယ်တော့မှ လူ့ရွာမှာ

 ငြိမ်းပါမယ် မသိ။

ဖြစ်ပျက်ကို ဖွေရှာလျှင်

 သည်ကမ္ဘာ ဆုံးစမရှိ။ ။

မောင်လေးမှာ မကြံနိုင်

 သာမှိုင်ခါ ခွေမိ၊

သည့်ထက်သည် ပူမချိလို့

 လူသိရင် ခက်လှတယ်။

အရိယာ သူတော်ကောင်းတို့

 ကျင့်လမ်းကြောင်း ရှိပါရက်ကယ်။ ။

ပိတောက်ချောင် သေလာဝယ်

 ထေရ်မေဓါ ရှင်မြတ်တို့၊

ဆည်းကပ်တဲ့ ရုက္ခမူ

 တောရ ကျောက်ဂူ…။

မဂ်လမ်းကို ချွေချူလျှင်

 သာလွယ်ကူ ရောက်ကြောင်းပါ့လေး။ ။

လွမ်းမှုနှင့် ကျွမ်းလုပေါ့

 ထွန်းမေရု ဗဟို၊

လေးဆယ်ဆ ဆင့်ပို

 ရွှေမြင့်မိုရ် အနန္တ။

သိန်းစက္က ကုဋေဝယ်

 ဂင်္ဂါရေ သဲထုအမျှ။ ။

စိန္တေယျ လေးထွေငယ်

 မေတ္တာရေ မက၊

လွမ်းကုန်ကုန် ဆိုရလျှင်

 သောင်းလောက သင်္ချေ။

သုဘကိန် ဘုံအောက်

 မိုးရေပေါက် မခ ပလေ။ ။

သုံးခေတ္တ နယ်မြေမှာ

 သေလိုသေ ထားမယ်ပ၊

တပါးတဲ့ လဲ့ညိုညို

 ထီးကြာရ်ပ်ခို…။

သည်လောက နယ်တခိုမှာ

 မောင့်ကံအို ခေတုန်းမို့လေး။ ။ (ရှေးဆရာ)

ရှေးစာကဗျာများ ကျေးဇူး။

ရွှေသဇင် (ဘုန်းနှင့်ကံနှင့်ရွှေသဇင်) ခင်ညွန့်ရည် https://www.youtube.com/watch?v=l-pMzzq8cjA

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ