(၁)
လက်ဖက်ရည်ကြမ်းဝိုင်း
လရောင်ဆမ်း၍
ရွာလမ်းမြေမာ၊ ဝင်းဝင်းဝါ၏။
အုန်းထန်းပေလက်၊ တမာရွက်တို့
ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။
တရံတခါ၊ လေအလာတွင်
ရွာလယ်ပေါင်းကူး၊ တန်တားဦးမှ
ဆိတ်ဖလူးနံ့၊ ရွာလုံးပျံ့၏။ (ဗန်းမော်ညိုနွဲ့)
(၂)
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
တံတား
တံတားဦး
(၃)
လက်ဝဲသုနန္ဒရ နန္ဒီသေနပျို့
၃၇။ ။ နန္ဒီသေန၊ မတ်လှ ကျော်ချီး၊ မတ်ခေါင်ကြီးက၊ ထုံးမှီး စကား၊ လျှောက်သည်များကို၊ ရွှေနား ညွှတ်ယူ၊ ကြည်ဖြူ မြတ်လေး၊ အခွင့်ပေး၍၊ “အရေးနှင့် စပ်၊ သင့်ကို အပ်၏။ ကြပ်ကြပ်,စိစိ၊ စီရင်ဘိ”ဟု၊ ဓိပတိ မင်းကျော်၊ နှင်းလသော်လျှင်၊ ထင်ပေါ် တေဇ၊ ကလိင်္ဂသို့၊ ချမ်းမြ, သာကြည်၊ စေလိုက်သည်ကား၊ “နှစ်ပြည်အကြား၊ မြို့ရွာများက၊ ရထား ဆင်.မြင်း၊ ကျွန်,သင်း ဗိုလ်ခြေ၊ အုပ်တွေ အသင့်၊ နေပါနှင့်တော့။ ရက်မြင့် မကွာ၊ ရှည်ကြာ မငံ့၊ ချီလာအံ့”ဟု၊ ချိုပျံ့ နာသာ၊ အရာရာကို၊ ၊ မှာစာ, တန်တား စေသတည်း။ ။
စစ်ကိုင်းတံတားကို တံတားဦးသား၊ အင်းဝသားတွေက အင်းဝတံတားလို့ ခေါ်ကြတယ်။
တံတားနဲ့ တံတားဦးတို့က ပိုမှန်မယ် ထင်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment