၁။ မိဘရဲ့အဖေကိုခေါ်တာ ဖိုးဖိုးနဲ့ ဘိုးဘိုး ဘယ်ဟာ အမှန်လဲ။ မတူလျင် ဘယ်သူ ပိုစီနီယာကျသလဲ
၂။ ဆွေမျိုးစပ် မြန်မာဝေါဟာရ အသုံးအနူန်းလေးတွေ သိချင်မိပါတယ် မျှဝေပေးကြပါဦး နော်ကျေးဇူးပါ ခင်ဗျ။
(၁)
အရင်ကတော့ ဆွေမျိုးအခေါ်အဝေါ်တွေကို စာမတတ်သူကပါ သိနားလည်းခဲ့ကြတယ်။ မိဘတွေက သင်ပေးကြတယ်။ တချို့အရပ်တွေမှာ အဖေ-အမေ။ တချို့အရပ်တွေမှာ မေမေ-ဖေဖေ။ တချို့အရပ်တွေမှာ ပါပါ-ဒက်ဒီ-မာမီ-မမ်။
အမေ-အဖေထက်ကြီးသူကို ဦးကြီး၊ ငယ်သူကို ဦးလေး။ အန်ကယ်လို့လည်း ခေါ်တယ်။ အုန်းကြီ-အုန်းလေး ခေါ်တယ်။ ဒေါ်လေး-ဒေါ်ကြီး ခေါ်တယ်။ ဒွေးလေ-ဒွေးကြီးလည်းခေါ်တယ်။ အရီးလို့လည်းခေါ်တယ်။
အဖေ-အမေရဲ့ မိဘတွေကို ဘ-ဘဘ-ဘကြီး၊ အဖွါး-ဖွါးလေး။ ဘကြီး-အဖွားရဲ့ အဖေကိုတော့ အဖိုး။ မတူတဲ့ အရပ်ဒေသတွေမှာ မတူတာတွေ ခေါ်ကြတယ်။ အဖေညီအရင်းဆို ဘဒွေး (ဘထွေး)၊ အဖေ့အစ်ကိုဆို ဘကြီး၊ အမေ့အကိုဆို ဦးကြီး၊ အမေ့မောင်ဆို ဦးလေး။
(၂)
ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသစီရင်တဲ့ သုတေသနသရုပ်ပြအဘိဓာန်ကို ကိုးကားပါတယ်။ ပါရာဇိကဏ်မှာ မိမိ၏အထက်-အောက် ခုနစ်ဆက်ကို ဉာတိက ဆွေမျိုးတော်သူများလို့ ဆိုထားပါတယ်။
အထက်ဆွေစဉ် ခုနစ်ဆက်
၁။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘော။
၂။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ညှောက်၊ စေ့။
၃။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘဲ့၊ ဘော့၊ ဘွေး။
၄။ အဖ၊ အဖိုး၊ အဘွေး၊ အဘဲ၊ အဘီ၊ အဘော၊ အဘောင်။
အောက်ဆွေစဉ် ခုနစ်ဆက်
၁။ သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ကျွတ်ဆတ်။
၂။ သား၊ မြေး၊ မြစ်၊ တီ၊ ကျွတ်၊ ဆတ်၊ ဆက်။
၃။ သား၊ မြေး၊ မြစ်၊ တီ၊ မြော့(မျှော့)၊ ကျွတ်၊ ကျွတ်ဆတ်။
မိဘမောင်ဖား (မိဘမောင်ဖွား၊ မိဘမောင်ဘွား)
မိကောင်းဘခင် (မိကောင်းဖခင်)
(၃)
သတ်ပုံစာအုပ်ဟောင်းတွေမှာ မိဘလို့ရေးပါတယ်။ တညီတညာ၊ အနီးလာ ဆရာ မိဘ၊ အားထားရ။
မိဘတင်၍ = မိဘတို့ကိုထိခိုက်၍ (အမေနဲ့ ကိုင်ဆဲဆိုတယ်လို့ ပြောတဲ့သဘော)
မိရာဘရည် = မိဘရိပ်ရာ အမွေအနှစ်
စာအုပ်ထဲမှာ ခြွေးမ လို့ ရေးတယ်။ အစ်ကို၊ အစ်မ၊ အစ်ညီလို့ ရေးတယ်။
(၄)
ခုခေတ်ကတော့
- မခင်တဲ့သူငယ်ချင်းကို ဖရင်းတဲ့။
- အမျိုးမတော်ရင် သားတဲ့။
-ကိုယ်ကမမွေးရတဲ့ မိန်းကလေးတွေ အမျိုးသမီးတွေက သမီးတဲ့။
- လူမြင်ရင် အဘတဲ့။
- စာအုပ်ထဲမှာ တမိသားချင်းလို့ ရေးတယ်။ ခုခေတ်မှာသာ လျှာလျှာရှည်ပြီး တ ကို စသတ်နေကြတာ။
မိဘကျေးဇူး မြင့်မိုရ်ဦး https://www.youtube.com/watch?v=awB8Yi1Q4jA
ဒေါက်တာတင့်ဆွေ



Comments
Post a Comment