Skip to main content

ကဗျာလမ်းညွှန် ရသကိုးမျိုး (ဦးသော်ဇင်)

စာမျက်နှာ ၂၂၇

အာရုံတခုတည်း

ပဘာဝတီ မင်းသမီး

စာမျက်နှာ ၂၂၉

ပျော်တပျော်နိုးရက်လေလား၊

စာမျက်နှာ ၂၃၀

တသန်းနေနှင့်၊ လနှယ်တင့်သား၊

စာမျက်နှာ ၂၃၂

သူတပါး၏၎င်း၊

ပြုးရယ်ခြင်းသည် ဟဿ ရသ မည်၏။

စာမျက်နှာ ၂၃၃

တယောက်သောသားသည် အမှားသင့်ရောကလှာ၊

စာမျက်နှာ ၂၃၄

ရုတရက် မကြွေတဲ့လို့၊

နက်ဖြန်ခါ နောက်တရက်တွင်၊

အပျိုကြီးတယောက်သည်၊

ရေကန်သို့ဆင်း၊ တကိုယ်ချင်း၊

စာမျက်နှာ ၂၃၅

နီမဲမဲ တစေ့ထဲ ကျန်တော့တယ်လို့၊

ဦးသော်ဇင် (၁၉၁၃ - ၁၉၉၀) ဟာ ခေတ်ဟောင်းကပညာရှင်သာဖြစ်သည်။ ကျွန်တော် စာလုံးပေါင်းသတ်ပုံတွေရေးတော့ ခေတ်ဆိုတာ ပြောင်းလဲနေတာ မသိဘူးလားဆိုသူ ဆယ်ဦးခန့် တွေ့ရသည်။ ဦးသော်ဇင်ရဲ့ ရသ ခေတ်နောက်ကျပြီပေါ့။

ကနေ့ ရသခေါင်းစဉ်အောက်စာတွေ ဖတ်ကြည့်ပါသည်။ နားလည်သွားပြီ။ မော်ဒန်ရသဟူသည်ကား စာကောင်း စာမှန်တွေကို စာလုံးပေါင်းသတ်ပုံတွေ မှားအောင်ပြင်ထာတာကိုး။ သိပါပြီ။ ကျေးဇူး။

ကဗျာလောကမှာလည်း နဘေ၊ ကာရန်၊ လင်္ကာခေတ်ကနေ ကာရန်မဲ့ကဗျာခေတ်။ ကာရန်မဲ့လည်း အောက်သွားပြီ။ စာလုံးပေါင်းသတ်ပုံမဲ့က နောက်ဆုံးပေါ်။ ကွန်ဂရက်ကျူလေးရှင်း။

ခေတ်ဟူသည်ကား အစဉ်မြဲ မှားလွဲနေရမည်ဖြစ်ပါသတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ