Skip to main content

ဆဒ္ဒန်ဆင်မင်းဝတ္ထု (စလေဦးပုည)

နမူနာသာ တင်ပြပါမယ်။

တရံခါ၌၊ သန္တာရိုးတံ၊ မင်းစံရွှေပွင့်၊ ကိုးဆင့်နဝရတ်၊ ဘုံပြာဿဒ်ကဲ့သို့။ တမွတ်စွင့်စွင့်၊ ပင်လုံးကျွတ်ပွင့်သော၊ အင်ကြင်းပင်ပျို၊ မြရွက်ညို၌၊ ရိပ်ခိုရပ်တဲ။ ယုယနွှဲ၍၊ မြိုင်ပွဲယင်တော်မူသတည်း။ ။

ထိုအခါ၊ လကျ်ာတော်လေအောက်က၊ မဟာသုဘဒ္ဒါ မိဘုရား၊ လက်ဝဲတော် လေညာက၊ စူဠသုဘဒ္ဒါမိဘုရား၊ နာဂီမယ်နှစ်ပါးတို့လည်း၊ ခစားလျက်ပါသတည်း။ ။ အလောင်းတော် ဆင်မင်းလည်း၊ အင်ကြင်းပန်းပင်ကို၊ ငွေစင်မကိုဋ်ဦးဖြင့်၊ ဝှေ့ခိုက်၍၊ ဖြိုက်ဖြိုက်ချချွေ၊ ရွှေနီဖလံ၊ ဝတ်ဆံဝတ်မှုံ၊ အထုံအခိုး၊ ဝန်းကျင်ဖြိုးမျှ၊ ပန်းမိုဃ်းရွာစေတော်မူသတည်း။ … ။ ထိုအခါ စူဠသုဘဒ္ဒါ မိဘုရား၏ ကိုယ်ထက်၌၊ သစ်ခြောက်သစ်ခက်၊ ပရွက်ခြပုပ်၊ ခါချဉ်ထုပ်တို့သည်၊ လှုပ်တိုင်းကြွေကျကုန်၏၊ မဟာသုဘဒ္ဒါမိဘုရား၏ ကိုယ်ပေါ်၌ကား၊ ပုံကြီးနံလျား၊ ရွှေမျက်ပါးကို၊ တပြားစီလွှာ၍ လေညာကလွှင့်သကဲ့သို့၊ ပန်းပွင့်ပန်းငုံ၊ ပန်းဝတ်မှုံတို့သည်၊ စုပုံကြွေကျလေသတည်း။ ။

ထိုအခြင်းအရာကို၊ စူဠသုဘဒ္ဒါမိဘုရားမြင်လျှင်၊ ဤဆင်မင်းကား၊ ချစ်ခြင်းမညီ၊ မဟေသီခံ၊ ညာရံဘဒ္ဒါ၊ သူ့သည်းချာ၌၊ မေတ္တာလုံးလုံး သက်ခဲ့ပြီ၊ ငါ့ကိုမခင်၊ မကြင်ရုံမျှ၊ မကပလေ၊ အသရေပျက်၊ သစ်ခက်သစ်ခြောက်၊ ပိုးလောက်ချွေချ၊ အရှက်ရအောင်၊ ငါ့အားသူနှိပ်စက်ခဲ့ပြီ။ သို့စင်ညစ်ကျု၊ မတော်မှုကို၊ ပြုနှင့်စေကာ၊ အနိစ္စာဝယ်၊ နိဗ္ဗာန်သာအမြဲ၊ သံသရာမှာ သည်ခန္ဓာမြဲမည်လား၊ အားခဲ၍ ကြိုးစားလျှင်၊ ဆင်မင်းသားမောင်နှံတို့၊ ခံနိုင်မည်မဟုတ်ဟု၊ မျက်ကြုတ်ကဲမိုး၊ ရှက်အားကိုးနှင့်၊ ရန်ငြိုးဘွဲ့မိမှားသတည်း။ ။

တကြိမ်မှာလည်း၊ အိုင်သာသက်ဆင်း၊ ရေသဘင်ကျင်းရာတွင်၊ ဝင်းဝင်းနီလျှပ်၊ ပွင့်ချပ်ခုနစ်လွှာ၊ ပဒုမာဇာတ်၊ သတ္တုပ္ပလ၊ ကြာမုံရွကို၊ ရသောအခါ၊ ဝတ်ညှာဝတ်ဆံကို၊ နှာတံဖြင့် သယ်ပြီးလျှင်၊ ထိပ်လယ်ဦးကင်း၌၊ လေညှင်းမှုတ်ဖျန်းလျက်၊ ကြာပန်းဖြန့်ကြဲတော်မူသတည်း။ ။

ထိုအခါ အကြွင်းဖြစ်သော ကြာပန်းရတနာတို့ကိုလည်း၊ လက်ျာတော်နေ၊ ကြင်ဆွေမဟာ၊ သုဘဒ္ဒါကိုသာ၊ မေတ္တာရှေးရှေး၊ ပေးမိတော်မူသတည်း။ ။ စူဠသုဘဒ္ဒါမိဘုရားမှာ၊ အသနားတော်မခံရ၊ ထိုကာလ၌၊လည်း၊ ဒုတိယရန်ငြိုးတချက် ဘွဲ့လေသည်။ ။

မြန်မာစာလည်း အစွယ်တော် ဖြတ်ခံထားရရှာတယ်။ ဝမ်းနည်းသူ မရှိ။ နုတ္တရမူဆိုး (သောနုတ္တိရ်၊ သောနုတ္တရ) နောက်လိုက်တွေ များလွန်းလှပေသည်။

ဆဒ္ဒန်ဆင်မင်းဝတ္ထု (စလေဦးပုည) https://yepyaesone.medium.com/%E1%80%86%E1%80%92%E1%80%B9%E1%80%92%E1%80%94%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%90%E1%80%B9%E1%80%91%E1%80%AF-87cdd4692e5c

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ