တခါတုန်းက ရွာတရွာတွင် ဟင်းချက်ကောင်း သည့်ကိုဖိုးသာဆိုသူရှိ၏။ ထို့ကြောင့် ကိုဖိုးသာသည် ထိုရွာရှိ အလှူပွဲများတွင် အမြဲဟင်းချက်ပေးရသည်။ အကယ်၍ ကိုယ်တိုင် မချက်နိုင်က ချက်ပြီးဟင်းကို အ ပေါ့အငန် အဆုံးအဖြတ်ပေးရစမြဲ ဖြစ်သည်။ တနေ့အလှူတခုတွင် ကြာဇံဟင်းခါးချက်ပြုတ်ရာ ၌ ကြာဇံဟင်းလျာနှင့် ကိုဖိုးသာ ရေစက်မဆုံကြ။ ကိုဖိုးသာ ခရီးလွန်နေသောကြောင့်ဖြစ်သည်။ သို့သော် ဟင်းအိုးကျက်ချိန်၌ ကိုဖိုးသာ ပြန်ရောက် လာလေ သည်။ ရောက်လျှင်ရောက်ချင်း ကိုဖိုးသာသည် မီးဖို ချောင်သို့ဝင်ကာ ချက်ပြီးသော ကြာဇဟင်းကိုမြီး၏။ အတန်ကြာ စဉ်းစားပြီး ဆားအနည်းငယ် ထပ်ထည့် ရန် ညွှန်ကြားကာ အပြင်သို့ထွက်သွား၏။ ဟင်းချက် သူများသည် ကြာဇဟင်းကို မြီးကြည့်သောအခါ ပေါ့အငန် အနေတော်ဖြစ်သဖြင့် ဆားလုံးဝမထည့်ကြပေ။
မကြာမီ မီးဖိုချောင်တွင်းသို့ ကိုဖိုးသာပြန်ရောက် လာ၏။ ဟင်းချက်သူများကို “ဆားထပ်ထည့်ပြီးပြီ လား”ဟု မေး၏။ ဟင်းချက်သူများက “ထည့်ပြီးပြီ” ဟု ပြောလိုက်ကြသည်။ ကိုဖိုးသာလည်း ထိုဟင်းကို တဇွန်းမြီးပြန်သည်။ ထို့နောက် သူအဆုံးအဖြတ်ပေးလိုက်သော စကား ကြောင့်ဟင်းချက်သူများ တခိခိရယ်မောကြလေသည်။
ကိုဖိုးသာပြောလိုက်သည်မှာ
"ခုမှဘဲအချိုပိုလေး သွားတော့တယ်" ဟူသတတ်။
ဖိုးဌေး (ကြံခင်း)
မြန်မာ့ရိုးရာဟာသ ငွေတာရီမဂ္ဂဇင်း (၁၉၇၆ ဩဂုတ်လ)
Listener's Heaven Audiobooks - အသံစာအုပ်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment