Skip to main content

အာကာသ သျှတ္တရပျို့

ကြာသာပတေး၊ 

ရန်ဝေးသောက်ြာ၊     ဂြိုဟ်နှစ်ဖြာတို့

တိမ်ဖြာလှစ်ထွင်း၊    လကို နှင်းသော်

မင်းနှင့် မိဖုရား၊        နှစ်ပါးစုရုံး

နှလုံးချည်ဘူး၊          မရွှင်မြူးလိမ့်

ဗုဒ္ဓဟူးကျော်တိုး၊      ချင်းနင်းညှိုးမူ

သည်ရိုးကံမြောက်၊   တိမ်းစောင်းပေါက်ကြွေ

စနေကြယ်လွန်၊        ချင်္သေ့ဟန်ကြောင့်

ပစ္စန္တရွာ၊                   စစ်ကြီးလာအံ့

ပြိတ္တာရာသီ၊             ဂြိုဟ်သောရီသည်

ကပ်မှီခရီး၊               လကိုစီးအံ့

စစ်ကြီးပေါ်ရာ၊          အင်္ဂါ စနေ

နှစ်ထွေခေါ်ထ၊           နတ်ဒေဝတို့

ဗျဂ္ဃစရိယာ၊               သီဟဇာသွား

အစွမ်းအားဖြင့်၊         တခြား မာဃ

ပုဏ္ဏပသျှု၊                ခေါ်မှု အသာလိတ်

ဖိတ်ဖိတ်ရဲနီ၊     

ရေဝတီ စိမ်းမြ၊          ဟဿထတို့

လကို ချင်းနင်း၊          တိုက်ကြလျှင်းအံ့

စိုးမင်းမှူးမတ်၊            စဲပြတ်ခန္ဓာ

ပြောင်းကြွကွာချိမ့်၊     အင်္ဂါဂြိုဟ်သည်

ရောင်ခြည်တောက်ပ၊  ဝိသာခါ့ထက်

တကွချင်းဖြတ်၊          ဖောက်ထွင်းလတ်သော်

ငတ်မွတ်ခေါင်းပါး၊     ရေစာရှားအံ့

ပတ္တမြားရောင်နု၊        ဂုရုဂြဟာ

ဂြိုဟ်ဆရာသည်၊       လျင်စွာသွားလေ

စနေ တသွယ်၊            အင်္ဂါကြယ်တို့

အကယ် မယုတ်၊        နောက်သို့ဆုတ်အံ့

ရာဇုတ္တမ၊                  နရိန္ဒသည်

ဘဝ ပြောင်းဘွယ်၊     ဟောရိုးသွယ်၏

အကယ်သဖြင့်၊          မပြောလင့်မူ

မင်းနှင့် မှူးမတ်၊         ညီညွတ်ယိုယွင်း

အချင်းချင်းလျှင်၊      နှိပ်နှင်းယိမ်းယွန်း

ညည့်ဝန်းတိုက်သတ်၊ ခုတ်ဖြတ်ကြမည်

ယင်းသည်ထိုကပ်၊     ကင်းကွာလပ်သည်

အရပ်တပါး၊              တိုင်းတခြားမှ

လှံ ဒါး ပြောင်လက်၊   စစ်ကြီးထွက်အံ့

အချက် မယုတ်၊         လဆုတ်သောခါ

ဖြစ်တတ်စွာ၏

ချင်းရာ တသွယ်၊       ထိုဂြိုဟ်ကြယ်တို့

အကယ် မပျက်၊        တံခွန်ထွက်အံ့

လက်လက်ရောင်ဝှန်၊ ကျောင်းကန် ကုဋီ

စေတီ ပုထိုး၊              ဂူလိုင်မျိုးတို့

ပျက်ကျိုး လျော့ရွေ့၊  ဇရာငွေ့ချိမ့်

အရှေ့ မျက်နှာ၊           ရပ်ခန်းဝါက

တံခွန်ပြအံ့

သဗ္ဗရဋ္ဌာ၊                    မြို့ပြည်ရွာကို

မဟာဝိနာယ၊              ပျက်ကြိမ်ကျ၍

လောကဖွယ်ရာ၊          မလွတ်သာသည်

ကြမ္မာ ဝိပါက် ရောက်ပြီတည့်။    ။ (ပိုဒ်-၁၄)

(မုံရွေးဆရာတော်)

ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ