ကန်ဇွန်းလား ကန်စွန်း ဆရာ
ကစွန်း နဲ့ ကန်စွန်း မူကွဲဖြစ်ပါတယ်။ ကဇွန်း၊ ကန်ဇွန်း မမှန်ပါ။
သင်ပုန်းကြီး လင်္ကာ
က ကစွန်းပင် ရေမှာရွှင်
ကန်စွန်းနွယ် (ဇေယျ)
ရိုးတလျှောက် (ဦးကြီး)
ဖြိုးမောက်ပါတဲ့ လယ်ပဒူ
အရွက်ချွန်း ကန်စွန်း ပုဇွန်စာနဲ့
လွန်တရာ ကညွတ်ပေါတယ်
တောဖြစ်လို့ထူ။
မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်
ရွှေကနဖော့ ကြာရိုးဖြူ
ချိုးယူလို့ မကုန်ခမ်း။
ပတ္တမြားရောင်
ဖားကပေါင် သံလွင်နှင့်
ရွှေညံပင် ရှုပ်မရှင်းတယ်
ကွင်းပြည့်ခမန်း။
စတုတ္ထတန်း မြန်မာဖတ်စာ (မှားနေတယ်)
ဇွန်း
ဟင်းခပ်ဇွန်း
လက်ဖက်ရည်ဇွန်း
ကလေးဆေးတိုက်ဇွန်း
စတီးဇွန်း
ကြွေဇွန်း
ကြေးဇွန်း
ဒန်ဇွန်း
အိုးကြီးချက်ရာတွင်သုံးသော ဇွန်းကြီးကြီးကို ယောက်ချိုဟုခေါ်၏။
ဇွန်းခြစ်အုန်းသီး
ဒေါက်တာတင့်ဆွေ


Comments
Post a Comment