အဲလိုဘဲ ဆယ်စုနှစ်တွေ အများကြီးကြာလာတော့ တယောက်တမျိုး တွေ့ရလေ့ရှိတယ်။ ညီတော်မောင် ဆရာဝန်ပင်စင်စားကလည်း ဘုရားပုံတွေ နေ့တိုင်းပို့တယ်။ ညီအကိုလိုခင်တဲ့ လန်ဒန်နေ ဆရာဝန်ကလည်း ဘုရားပုံတွေပို့တယ်။ ဆရာဝန်တချို့က အပတ်စဉ်ဆွမ်းလောင်းကြတယ်။
ကျွန်တော့ကိုလည်း ပြောကြလိမ့်မယ်။ နိုင်ငံရေးထဲရောက်သွားခဲ့တာကိုတော့ ၂၀၁၈ မှာ ပြန်တွေ့တော့ ပြောကြတယ်။ ဆေးပညာစာတွေရေးနေတာကိုတော့ ပြောစရာလည်းမလို။ မြန်မာစာ ရေးနေတာကိုတော့ မေးမနေတော့ဘဲ အားပေးကြတယ်။
နိုင်ငံရေးထဲက အမတ်ဟောင်းတယောက်စ နှစ်ယောက်စကတော့ သတ်ပုံစာရေးတာကို သဘောမပေါက်ပါ။
ကုသိုလ်ရေးတွေ လုပ်နေတဲ့သူငယ်ချင်းကို ဘွဲ့ထူးဂုဏ်ထူးပေးနိုင်သူဆိုရင် ပေးချင်တယ်။ ခေတ်ကလည်း သောတာပန်အောင်လက်မှတ် ပေးကြတဲ့ခေတ်။ ဆေးရောင်စုံဒီဇိုင်းနဲ့ ဘုရားက ပိုပြီးတန်ခိုးကြီးတယ်လို့ ထင်ကြတဲ့ခေတ်။ လော်စပီကာ အသံကျယ်တော့ ကုသိုလ်ပိုရတယ် ထင်သူတွေကလည်းမနည်း။ တစ်ရားတော်လို့ ရေးတဲ့နောက်မှာ ဖေါ်လိုဝါသာဝက များလှတဲ့ခေတ်။ တ ရေးရေး၊ တစ် ရေးရေး ပညတ်လို့ ဆိုဆုံးမသူ မရှားတဲ့ခေတ်။
ကောင်းတယ်ဆိုတာတိုင်းက မှန်မှသာ ကောင်းတာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment