Skip to main content

Correctness ကောင်းတယ်ဆိုတာ

သူငယ်ချင်းတယောက် ကုသိုလ်ရေးတွေ အတော်လုပ်နေသတဲ့။ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ဇရပ်တွေမှာ သူကလူကြီးထင်ရဲ့။ ဆေးကျောင်းတုန်းကတော့ အတူတူစာအံဘက်။ 

အဲလိုဘဲ ဆယ်စုနှစ်တွေ အများကြီးကြာလာတော့ တယောက်တမျိုး တွေ့ရလေ့ရှိတယ်။ ညီတော်မောင် ဆရာဝန်ပင်စင်စားကလည်း ဘုရားပုံတွေ နေ့တိုင်းပို့တယ်။ ညီအကိုလိုခင်တဲ့ လန်ဒန်နေ ဆရာဝန်ကလည်း ဘုရားပုံတွေပို့တယ်။ ဆရာဝန်တချို့က အပတ်စဉ်ဆွမ်းလောင်းကြတယ်။

ကျွန်တော့ကိုလည်း ပြောကြလိမ့်မယ်။ နိုင်ငံရေးထဲရောက်သွားခဲ့တာကိုတော့ ၂၀၁၈ မှာ ပြန်တွေ့တော့ ပြောကြတယ်။ ဆေးပညာစာတွေရေးနေတာကိုတော့ ပြောစရာလည်းမလို။ မြန်မာစာ ရေးနေတာကိုတော့ မေးမနေတော့ဘဲ အားပေးကြတယ်။ 

နိုင်ငံရေးထဲက အမတ်ဟောင်းတယောက်စ နှစ်ယောက်စကတော့ သတ်ပုံစာရေးတာကို သဘောမပေါက်ပါ။

ကုသိုလ်ရေးတွေ လုပ်နေတဲ့သူငယ်ချင်းကို ဘွဲ့ထူးဂုဏ်ထူးပေးနိုင်သူဆိုရင် ပေးချင်တယ်။ ခေတ်ကလည်း သောတာပန်အောင်လက်မှတ် ပေးကြတဲ့ခေတ်။ ဆေးရောင်စုံဒီဇိုင်းနဲ့ ဘုရားက ပိုပြီးတန်ခိုးကြီးတယ်လို့ ထင်ကြတဲ့ခေတ်။ လော်စပီကာ အသံကျယ်တော့ ကုသိုလ်ပိုရတယ် ထင်သူတွေကလည်းမနည်း။ တစ်ရားတော်လို့ ရေးတဲ့နောက်မှာ ဖေါ်လိုဝါသာဝက များလှတဲ့ခေတ်။ တ ရေးရေး၊ တစ် ရေးရေး ပညတ်လို့ ဆိုဆုံးမသူ မရှားတဲ့ခေတ်။

ကောင်းတယ်ဆိုတာတိုင်းက မှန်မှသာ ကောင်းတာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ