"ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုအိမ်ပြန်ပို့ပါတော့..
"သူခိုးဖမ်းပါ လမ်းကြားမှာလား ပန်ကာအောက်မှာထိုင်နေတယ်.."
ကဗျာမျိုးလို..ရေးသူတော့မမှတ်မိ.။ဆရာမောင်လေးအောင်ထင်တာဘဲ
ပြန်စာ
သုံးကြောင်းကဗျာတွေမှာ သုံးကြောင်းတည်းသာဖြစ်ပေမဲ့ မှန်အောင်သိသူ နည်းပါသည်။ တခါတခါ သုံးကြောင်းကဗျာတပုဒ်မှာ အမှားက သုံးခုမက ပါသည်။
သုံးကြောင်းကဗျာများ
(၁)
ဓာတ်ပုံထဲတွင်
မတ်တတ်မြင်သည်
သခင်ညောင်းမှာ စိုးမိတကား။ (မင်းယုဝေ)
(၂)
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။ (တင်မိုး)
(၃)
သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်မှာ ထိုင်နေသည်။ (မောင်ယဉ်မွန်)
(၄)
ကျောင်းဆရာ
တပည့်မရှား
တပြားမရှိ
ပီတိကိုစား အားရှိပါ၏။ (မောင်ရိုးဂုဏ်၊ ၁၉၇၈ ဇွန်၊ သင့်ဘဝမဂ္ဂဇင်း)
(၅)
မြေမခ ပေမယ့်လည်း
ခရေဖြူဖွေး
ကြွေမှမွှေးသည်
ထွေးပွေ့ကောက်ယူ ပန်ပါစို့။ (သူရဇော်)
(၆)
ကဝေ
အချစ်ဆုံးတဲ့
တသက်လုံး
မျက်လုံးထဲမှာ ပင်လယ်ဝေရ။ မြသဲဖြူ (မြန်မာ့အသံ)
(၇)
အသံတိတ်
အော်မထွက်
အသည်းအက်၍
ကျိုးပျက်ရင်တွင်း ဆူညံနေ။ (မေခြယ်)
(၈)
ချစ်စရာပိတောက်
တနှစ်တခါရောက်လို့
နှစ်တရာလောက် မမေ့ဘူး။ (မောင်ပန်းမွှေး)
(၉)
ကိုယ်တယောက်ထဲ
မသွားရဲလို့
မင်းဘဲ အဖော်လိုက်ပါအုန်း (မောင်ပန်းမွှေး)
(၁၀)
တကမ္ဘာလုံး
တပြည်လုံးမှာ
အချစ်ဆုံးသောသူကလေး (မောင်ပန်းမွှေး)
(၁၁)
မောင်ပန်းမွှေးခေတ်က မြန်မာစာလည်း မွှေးခဲ့ပါသည်။
အခုခေတ်မှာ ကာရန်လည်းမလို၊ သတ်ပုံမှန်လည်း မလိုဘူးတဲ့။
ဆောရီးပါ မောင်ပန်းမွှေး။
မြန်မာ့ကဗျာ မမွှေးတော့ပါ။
(ပုံအတွက် ကျေးဇူး။)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment