Skip to main content

ဆန်ကော ဆန်ခါ ဇကာ စကာ


၁။ Grade 3 ရဲ့ မြန်မာစာအုပ် တိရစ္ဆာန်ဥယျာဉ် သင်ခန်းစာမှာ သံဆန်ခါ ကာထားသော ခြံကျယ်ကြီးများ ရေးထားတာ တွေ့ရတယ်ရှင့်။ သံဆန်ခါက အမှန်လားရှင့်။ သံဇကာက အမှန် ဖြစ်ပါသလားရှင့်။ အိမ်က သားသားလေးကို အမှန်ပြောပြချင်လို့ပါရှင့်။ ကျွန်မ သိ့(သိ)တာက သံဇကာ သိ့(သိ) ထားလို့ပါရှင့်။ အမှန် ကို ဖြေကြားပြောပြပေးပါရှင့်။
၂။ ဆရာခဗျ ဇကော၊ ဆန်ကော ဇကာ၊ ဆန်ကာ ယကင်း၊ ရကင်း အမှားအမှန်လေး ဖြေပေးပါအုံးဆရာ။
ယကင်း၊ ရကင်း မသိပါ။ ယကွင်းဆိုတာ ငါးဖမ်းတဲ့
ကိရိယာတမျိုး။
ဆန်ကာ စကာ ဇကာ
စကာ = ဝါးနှီးဖြင့်ဖြစ်စေ၊ နန်းကြိုးဖြင့်ဖြစ်စေ၊ အပေါက်ငယ်များ ချန်၍ ရက်လုပ်ထားသော ဗန်းဝိုင်း။
စကာကျဲ
စကာချ
စကာခုံး
စကာစိပ်
စကာတင်
စကာပေါက်
ဆန်ကာ (စကာ ရှု) ဆုံကစ၍၊ ကျည်ပွေ့တခန်း၊ မန်းဟုခေါ်ပြော၊ စံကောဆန်ခါ၊ များစွာတုံလှည့်။
ဆန်
ဆန်ကန်
ဆန်ကျိုးဆန်နာ
ဆန်ကျော် = ကောက်ညှင်းဆန်တွင် ရောနေသော ဆန်ကြမ်း။ ကောက်ဆ။
ဆန်ကြမ်း
ဆန်ကွဲ
ဆန်ကွဲကြမ်း
ဆန်ကွဲကြဲ
ဆန်ကွဲနု
ဆန်ကာ
ဆန်ကုန်မြေလေး
ဆန်ခတ်
ဆန်ချောင်
ဆန်ခွဲ
ဆန်ခါကျဲ
ဆန်ခါခုံး
ဆန်ခါစိပ်
ဆန်ခုတ်
ဆန်ခေါက်ဆွဲ
ဆန်ခေါင်း
ဆန်စက်
ဆန်ဆင်ပိုး
ဆန်ဆေးတောင်း
ဆန်ညှာ
ဆန်နှစ်
ဆန်နီ
ဆန်နုပ်
ဆန်ပန်း
ဆန်ပန်းပေါက်ပေါက်
ဆန်ပြာ
ဆန်ပြုတ်
ဆန်ပြောင်း
ဆန်ဖျားဆေးရေ
ဆန်ဖြုန်း
ဆန်ဖြူ
ဆန်ဖြူကျောက်
ဆန်ဖြူကျောက်
ဆန်ဖွပ်
ဆန်မှည့်
ဆန်ရင်း
ဆန်ရေစပါး
ဆန်လတ်
ဆန်လုံးညို
ဆန်လုံးတီး
ဆန်ဝါ
ဆန်ဝါပေါက်
ဇနကဇာတ်
ဇနပုဒ်
ဇနီးမောင်နှံ
ဇယ
ဇယတု
ဇယားကျေ
ဇယားချ
ဇယားရှုပ်
ဇယော်ဇယ
ဇရစ်ပင်
ဇရန်းလက်ဖက်
ဇရပ်
ဇရာအို
ဇရိုက်မြှုံး
ဇလတ္တာပန်း
ဇလပ်ပန်း
ဇလား
ဇလီဖားတုံး
ဇလီသတ်
ဇလုံ
ဇလဲထော်ပန်း
ဇဝက်သာ
ဇဝေဇဝါ
သတ်ပုံစာအုပ်တွေထဲမှာ မပါသော်လည်း သုံးနေကြသည်များ -
ဇကာ
စတီးရိုး ဇကာများ ဆိုဒ်စုံ ရပြီ
ဆီစစ်ဇကာ 
ဆီစစ်ဇကာဆေးမယ်ဆိုရင် ခိုင်ခန့်ကိုလာခဲ့ပါ
ဇကာနှင့် သံလိုက်ဖြင့် ကာဗာကို စစ်ထုတ်ပါ။
ဇကာဖျင်နှင့် ရောစပ်ထားသော ဇကာပစ္စည်းများ
ဇကာရွာ မင်းကင်းမြို့နယ်၊ 
မြန်မာဇကာ
ရွှေရောင်ဇကာ
ရေစစ်ဇကာနဲ့ဇလုံလေး ဆိုဒ်စုံ 
လှုပ်ပုခက် ဇကာ
လေအေးပေးစက် ဖုန်မှုန့်မပါသော ဇကာ
အမှုန့်ကြိတ်စက် ဇကာအစိပ် 
အောင်ကမ္ဘာ သတ္တုဇကာ၊ သံဇကာအမျိုးမျိုး
လက်ထဲမှာရှိတဲ့ သတ်ပုံစာအုပ်တွေမှာ ဇကာလို့ မတွေ့သေးပါ။ အရင်ကတော့ ဇကာလို့ သုံးတာတွေရှိပါတယ်။ 
ဆန်ကော၊ ဆန်ကာဆိုတာက ဆန်အတွက်သုံးတာသာဖြစ်ပါမယ်။ သံဇကာလို့သုံးတာ မမှားလို့ ယူဆပါတယ်။ 
မန်း မူ ~ စကော (ပေါရာဏကထာ လင်္ကာဟောင်း)
ဆန်ကောင်းရင် ဆန်ကာတင် စကောလွတ်လို့ဆိုကြပါတယ် (Shi Ingyin)
ဆရာရှင့် ဆန်ကော ဇကာ ဆန်ပြာ ဆန်ပျာ ပို့စ်လေးရှိရင် ညွှန်ပြပါ ရှင့်
ဆန်၁ – န /ဆန်/၁၊စပါးစေ့ကိုအခွံချွတ်ထားသော အစေ့အဆန်။၁
“မာလှကောက်ယောင်း၊ စပါးထောင်းသော်၊ ဆန်ကောင်းလည်းရ၊ ဝမ်းလည်းဝသို့။” ကိုး* ၃၄။ ၂၊ အခွံပါသော အစေ့။ “မုန့်ညှင်းဆန်၊ လွန်ဆန်ဆိတ်သို့၊ ကောက်ဆန် စပါး ဆန်ဆိုအပ်လျှက် ဆန်ဟူ၍ဆိုခြင်း။” ဝေါ၊ ၁၈၄။
ဆန်၂ – ကြိ /ဆန် / ၁၊ ရေစီးကိုဖြစ်စေ၊ လေစုန်ကို ဖြစ်စေ ဆန့်ကျင်၍ သွားသည်။ “ကျန်စစ်သားရှိရာ မြစ်ညာသို့ ကြည်းအားရေအားနှင့် ဆန်သည်။” ဏိပုံ။ ၁၆။ ၂၊ နိမ့်ရာမှ မြင့်ရာသို့ တက်သည်။ “အထက်သို့ ဆန်သော လေ၊ အောက်သို့ စုန်သော လေ၊ ဝမ်း၌တည်သော လေ။” သမန်၊ ပ။ ဂ၈။ ၃၊ သွေဖည်သည်။ ဆန့်ကျင်သည်။ “အာဏာဆန်လျှက်၊ တုတ်ခွန်မသွင်း၊ ခြေရင်းမကြုံ၊ ပြည်ထောင်တို့လည်း။” မဏိစိုး* ၁၀၆။
ဆန်၃ – ကြိ /ဆန် / သဘာဝချင်း ဆင်တူယိုးမှား ဖြစ်သည်။ “အပြောအဆို အနေအထိုင်များသည် မင်းပုံမင်းဟန်နှင့် မင်းဆန်၍နေ၏။” ယမိုက်။ ၁၃။ “ရှေးဆန်သောပုဂ္ဂိုလ်တို့က....မဲ့ရွဲ့ ကာ ကဲ့ရဲ့ တတ်ကြသည်။” ယဉ်ကျေးမှု၊ ၃၊ ဂ။ ၄၀။
ဆန်ကာ – န / ဇကာ / ဇကာ – န၊ ရှ။ “ဆုံ က စ ၍၊ ကျည်ပွေ့ တန်း၊ မန်းဟုခေါ်ပြော၊ စံကောဆန်ကာ၊ များစွာတုံလှည့်။” နာနာ* ၁၂၅။
ဇကာ – န / ဇဂါ / ဝါးနှီးဖြင့် ဖြစ်စေ၊ နန်းကြိုးဖြင့် ဖြစ်စေ အပေါက်ငယ်များ ချန်၍ ရက်လုပ်ထားသော ဗန်းဝိုင်း။
ဇကာကျဲ – န / ဇဂါဂျဲ / အပေါက်ကျဲသော ဇကာ။
ဇကာဆုန်း – န / ဇဂါဂုန်း / အဆုံး ရက်ထားသော ဇကာ။
ဇကာချ – ကြိ / ဇဂါဂျာ့ / ဆန်စေ့ စပါးစေ့ စသည်တို့ကို ဇကာတွင် တင်၍ သေးငယ်သော အရာတို့ကို ဇကာပေါက်မှ ကျအောင် လှုပ်ခါသည်။
ဇကာစိပ် – န / ဇဂါစိုတ် / အပေါက်စိပ်သော ဇကာ။
ဇကာတင် – ကြိ / ဇဂါဒင် / ဇကာနှင့် ချသောအခါ မကျပဲ ကျန်ရစ်သည်။
– န / ဇဂါဒင် / ၁၊ ဇကာနှင့်ချသောအခါမကျပဲ ကျန်ရစ်သော ဆန်၊ ပဲ စသည်။ ၂၊ [ဥပမာ] အကောင်းဆုံး၊ လက်ရွေးစင်။
ဇကာပေါက် – န / ဇဂါဗောက် / ၁၊ ဇကာရှိ အပေါက်ငယ်။ ၂၊ အခြေခံ သင်ဖြူး သင်ဖျာ ရက်နည်းတမျိုး။
ဆန်ကော ဆန်ခါ ဇကာ စကာ https://burmese-spelling.blogspot.com/2024/02/blog-post_358.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ