“ငါချမ်းသာနေတယ်၊ ငါကောင်းနေတယ်”လို ဒီလို အတ္တကောင်အနေနဲ့သာ ထင်မြင်စွဲလမ်းနေကြပါတယ်၊ ပြီးတော့ အသစ် အသစ်ဖြစ်ဖြစ်ပြီး တခဏချင်း ပျက်ပျက်သွားတဲ့အနေ၊ မမြဲတဲ့ အနေနဲ့လည်း မသိကြမထင်ကြပါဘူး၊
အယင်က ရှိနေတဲ့ ငါကဘဲ ယခု ချမ်းသာကောင်းစားနေတယ်လို ဒီလိုမြဲတဲ့အနေနဲ့သာ ထင်မြင်စွဲလမ်းနေကြတယ်။ ဒီတော့ ဒီလိုအသိဟာ အတ္တကောင် ငါကောင်လို ထင်နေတဲ့ မူလက အသိအစွဲနဲ့ အတူ တူဘဲ မဟုတ်လား၊ အတူတူဖြစ်နေတဲ့အတွက် အတ္တကောင် ငါကောင်လို ထင်နေတဲ့ မူလက အသိအစွဲကို မပယ်နိုင်တဲ့ပြင် သူက ထပ်ပြီးတော့တောင် ထောက်ခံချက် ပေးနေပါသေးတယ်၊
ဒါ့ကြောင့်
ရှုမှတ်ခြင်း မရှိဘဲနဲ့ အလိုလိုသိနေတယ်ဆိုတဲ့ ဒီလို အလေ့ပေါက်အသိမျိုးဟာ ကမ္မဋ္ဌာန်းလဲ မဖြစ်ဘူး။
သတိပဋ္ဌာန် ဘာဝနာလဲ မဖြစ်ဘူး၊ ဒီလိုအသိမျိုးကို မြတ်စွာဘုရားက ရည်လည်း မရည်ရွယ်ပါဘူးတဲ့။
ဒါဖြင့် ဘယ်လိုအသိကို ရည်ရွယ်ပါသလဲလိုဆိုတော့ ကိုယ်ထဲ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ချမ်းသာမှု ကောင်းစားမှု ကလေးတွေကို ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း စူးစူးစိုက်စိုက် မပြတ်ရှုမှတ်ပြီး သိနေတဲ့ ယောဂီရဲ့အသိကိုသာ ရည်ရွယ်ပါတယ်တဲ့။ (မဟာစည်ဆရာတော်ကြီး ဝိပဿနာအလုပ်ပေးတရားတော်ကြီး)
Siran Ttu ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment