၁၉၉၁ ခုနှစ် ပြည်ထောင်စုနေ့ကို အိန္ဒိယနိုင်ငံ နယ်စပ်မြို့မှာ ကျောင်းသားတွေနဲ့အတူ စပြီးကျင်းပခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ နယူးဒေလီမြို့မှာ နောက်ဆုံးသောပြည်ထောင်စုနေ့ကို ဦးစီးပြီးကျင်းခဲ့ပါတယ်။
ယူအက်စ်အေရောက်တော့ ဖိတ်တဲ့ဆီကို တက်ဖြစ်ပါတယ်။ ဒီနှစ်တော့ မတက်ဖြစ်တော့ပါ။
ပြည်ထောင်စုနေ့၊ ချင်းအမျိုးသားနေ့၊ မွန်အမျိုးသားနေ့တွေကို မတက်ရခြင်းဟာ အဲဒီနေ့တွေရဲ့ ဂုဏ်ကို မငယ်စေပါ။
အခမ်းအနားတွေတက်၊ အားပေး၊ ပြောဟော၊ လက်ခုပ်တီးရတာလည်း ကောင်းပါတယ်။
ဒီနှစ်တော့ သုံးသပ်ဆင်ခြင်မိတယ်။ မြေပြင်အခြေအနေတွေ သိသိသာသာပြောင်းနေပြီ။ အရွယ်ငယ်သူတွေက ရှေ့မှာရောက်ရှိနေကြပြီ။ သူတို့ ကနေ့ ပြောဆို၊ ရေးသား၊ လုပ်ကိုင်နေကြတာတွေက ကျွန်တော်တို့ မြန်မာ့ ဒီမိုကရေစီရေးနဲ့ မတူတာတွေ ရှိလာတယ်။
၁၉၈၈ တပါတီအာဏာရှင်အလိုမရှိ။ ဒီမိုကရေစီရရှိရေး။
၁၉၉၀ နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေး။ အကြမ်းမဖက် အာဏာဖီဆန်ရေး။ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး။ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။
၂၀၂၄ မှာ အသံတချို့ တမျိုးတမည်တွေ ဖြစ်လာတယ်။
တချို့ကနေ ဒီမိုကရေစီဝေါဟာရ မမေ့ကြဘို့ ပြောဆိုလာတယ်။ ထောက်ပြတာတွေလည်း ဖတ်ရတယ်။
လက်နက်နည်းနဲ့ အာဏာသိမ်းတာကို လက်နက်နည်းနဲ့ ခုခံတွန်းလှန်နေကြရတယ်။
နိုင်ငံရေးနည်းကို မေ့ထားသလို ဖြစ်နေသေးတယ်။
လာပါဦးမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment