Skip to main content

Wrong Question မထွက်ကြသေးဘူးလား

ကွန်မင့်တခု = ကျွန်မတို့ရွာလည်း မီးလောင် ပြာကျနေပါပြီ။ ၈၈ ကတည်းက စခဲ့တဲ့ ဆရာတို့ အခုထိ အမေရိကန်ကနေ မှန်နေတုန်းဘဲလား

အခု ပြန်လာပါလို့ ပြောချင်တာပါလား။ အဲလိုသာဆို မင်္ဂလာဒုံလေဆိပ်ကနေ နာရေးယပ်တောင်ကမ်းပေတော့။

- ဘယ်တော့ပြန်လာမှာလဲ။

- ပြန်မလာသေးဘူးလား။

- ပြန်မလာတော့ဘူးလား။

- လာလိုလျှင် အနီးလေး၊ မလာလိုလျှင် ခရီးဝေး။

အဲလိုကွန်မင့်တွေကို ၂၀၁၂ နောက်ပိုင်းမှာ အများကြီးရခဲ့ပါတယ်။

ပြည်ပမှာ ၂၇ နှစ်နဲ့ ၈ လကြာနေပြီးတော့ ၂၀၁၈ ခုနှစ် အေပြီလမှာ မွေးရပ်တိုင်းပြည်ကို အလည်ပြန်ပါတယ်။ တက်နေတာကလည်း ကိုယ့်အစိုးရ။ ဝန်ကြီးချုပ် အနည်းဆုံး ၃ ဦးနဲ့ကလည်း ညီအကိုလိုရင်းနှီးတယ်။ အဲဒါနဲ့ အလည်ပြန်မယ်လို့ ဆုံးဖြတ်ချက်ကို ချပါတယ်။

လွယ်လွယ်တော့ မဟုတ်ပါ။ ဒုတိယဦးကိုနီ ဖြစ်လေမလား။

ဖြစ်ရင်လည်း ချက်ချင်းသိစေအောင် ရန်ကုန်အခြေစိုက် ရင်းနှီးတဲ့ ရေဒီယိုမီဒီယာ ၃ ခုကို ကြိုတင် အသိပေးထားတယ်။

တလခွဲကောင်းကောင်းလောက်နေပြီး အသက်နဲ့ကိုယ်တွဲပြီး ယူအက်စ်အေကို ပြန်လာနိုင်ခဲ့ပါတယ်။

ရွာကျောင်းဆရာတော်ပေးတဲ့ မင်္ဂလသုတ်တော်တပိုဒ်ကို တိုင်းပြည်ကနေထွက်ပြေားရကတည်းက ရွတ်ခဲ့တဲ့ ကျေးဇူးဖြစ်တယ်။ ပြန်အဝင်မှာလည်း ရွတ်တယ်။ ၂၄ နှစ်အတွင်း နိုင်ငံရေးတာဝန်နဲ့ ဟိုနိုင်ငံ ဒီတိုင်းပြည်တွေကို သွားလာရတိုင်း အင်မီဂရေးရှင်းကောင်တာတိုင်းမှာ အထွက်ရော အဝင်ပါ ရွတ်ခဲ့တယ်။ ပတ်စပို့တွေက အစစ်မဟုတ်၊ အတုလည်းမဟုတ်တွေ။

တဘက်သားအကြောင်း ဂဃနဏမသိဘဲ၊ အခြေအနေကို ကျကျနနမသိဘဲ ကွန်မင့်လေးတခု ရေးချင်သလို ကောက်ရေးလိုက်ရ အင်မတန်လွယ်တာကိုး။

အခုနေခါ မေးရမှာက မထွက်ကြသေးဘူးလား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ