မြေကြီးကသာ၊ ထွန်းလျှံဖြာ၍…
မလေးနှစ်ပွင့် တင်သည်နှင့်။ ။
နေမီးလဝါ၊ တင့်မောစွာသည်…
အဝေးရစ်ဆင့် ထင်သည်နှင့်။ ။
ဆွေနီးမျှကာ၊ ချစ်ခြင်းရာဖြင့်
ကြိုင်စွာဧးမြ၊ မဉ္ဇူသကို
နတ်ကဆက်လှည့်၊ ရောက်လှာတည့်သို့
ထပ်ရှည့်တူပင်၊ လည်နှိုက်ဆင်၍
သက်ပင်သင်္ချေ၊ ဖန်ဖန်ရေလည်း
မပြေလွမ်းစိုး၊ ကြင်လှနိုးခဲ့
ချစ်ကြိုးရှည်မြင့်၊ အဆင့်ဆင့်လျှင်
မြေနှင့် မိုးထက်၊
ဆတက်ဆယ်ပြန်၊ ဝေးလှလွန်၍
လေသွန်ရိပ်ခြည်၊ မြွက်ပါမည်လည်း
ဝိုက်လည်ခွဲဝှက်၊ သိရခက်ခဲ့
ယှည်ဘက် သည်လျာ၊ နောက်ကြောင်းခြာကို
နေကာပျော်၍၊ မေ့လေသည်လော
တွေးတော မဆွ၊ ရှေးဦးစကို
နှမ ရွယ်လူး၊ အောက်မေ့ဦးလော့
တိမ်းမူးဝမ်းတွင်း၊ မရှိလျှင်းတည့်
ရောင်ဆင်းမွတ်မွတ်၊ ကြာဝယ်နတ်သို့
နွဲ့ညွှတ်ငြိမ့်လေး၊ နှောင်းမွေးထွေးကို
တရေးချစ်ခွင့် မြင်သည်နှင့်။ ။ (ပထမ နဝဒေးကြီး)
ရှေးစာကဗျာများ
မှတ်ချက် - တစ်ရေးချစ်ခွင့်လို့ ရေးရင်တော့ ပျက်ရော။
တရေးချစ်ခွင့်မြင်ရနိုး - မာမာအေး https://www.youtube.com/watch?v=nVAjLxIysM8
ဒေါက်တာတင့်ဆွေ
Comments
Post a Comment