ဆရာရေ မေးစရာလေးရှိလို့ပါ မြန်မာစာကို အသံထွက်တဲ့အခါမှာ မြန်မာစာ လို့ထွက်ရမှာလား မြန်မာဇာ လို့ထွက်ရမှာလား ဘာ့ကြာင့်လဲဆိုတာလေးပြောပြပါဆရာ
‘မြန်မာ’ အသံထွက် ‘မျန်မာ’
‘မြန်မာနိုင်ငံ’ အသံထွက် ‘မျန်မာနိုင်ဂန်’
‘မြန်မာပြန်’ အသံထွက် ‘မျန်မာဗျန်’
စာ = စာ
စာကလေး = စာဂလေး
စာကျက် = စာကျက်
စာကျ = စာကျာ့
စာကိုယ် = စာဂို
စာလုံးပေါင်း = စာလုံးဘောင်း
စာလုံးတွေ ပေါင်ပြီးရေးတော့ အသံနည်းနည်းပြောင်တာလည်း ရှိပါတယ်။ အကိုးအကားတွေ ရှိတယ်။ မရှာအားသေးပါ။
မြန်မာ + စာ = မျန်မာဇာ။ စကားသံဖြစ်ပါတယ်။
မြန်မာစကား = မျန်မာဇဂါး
စာစီစာကုံး = စာဇီစာကုံး (ဂုံး)
တလုံးနှစ်လုံး စာစီကုံး - တလုံးနှလုံး စာစီကုံး (သီချင်း)
တစ်လုံးနှစ်လုံးလို့ရေးထားရင်တော့ တစ်လုံးနှစ်လုံးလို့သာ အသံထွက်ဖတ်ရပါမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment