Skip to main content

Raw Material ကုန်ကြမ်း

ကျွန်တော်က စာရေးဆရာတော့ မဟုတ်။ စာတွေရေးနေတာလည်း ၁၅-၂၀ နှစ်ကြာပြီ။ ရေးထာပြီးသား ပုဒ်ရေကလည်း တသောင်းခွဲလောက်ရှိပြီ။

စာရေးဆရာများနဲ့ ကျွန်တော် အတော်ကွာခြားပါသည်။ 

စာရေးဆရာတွေက ကုန်ကြမ်းရှာကြတယ်လို့ ပြောပါသည်။ 

ကျွန်တော့မှာတော့ ကုန်ချောပေါပါသည်။ တကယ်ကို ကုန်ချော။ ရေးပြီးချွတ်ပြီ၊ ပုံနှိပ်စက် တင်ပြီးသားတွေကနေလည်း ရတတ်သည်။ စာအုပ်ဖုံးက စာလုံးပေါင်းတခုကနေ ပို့စ်တခုဖြစ်ပါသည်။ 

စာရေးဆရာတွေက ကိုယ်တိုင် တွေးတော စဉ်းစား ခံစားပြီး ရေးကြသတဲ့။ 

ကျွန်တော့မှာတော့ နေမကောင်းသူတွေက မေးသမျှအကုန် ရေးစရာဖြစ်ပါသည်။ လူနာများသည် ကျွန်တော့ ဇာတ်ဆောင်တွေ ဖြစ်ကြပါသည်။ ချစ်-ကြိုက်-ကွဲ-ညား မပါ။ ရသ အစား ဗျာဒိ နဲ့ ဝေဒနာ။

ကျွန်တော်က အဆုတ်ကင်ဆာကဗျာကိုလည်း ကိုးကားပါသည်။ ဖိနပ်မပါဆရာဝန်ကိုလည်း ပမာထားပါသည်။ ဇီဝကကိုလည်း တိုင်တည်ပါသည်။

ဆေးပညာစာများ ၃ အုပ် ထုတ်ထားပြီးပြီ။ ရေးထားပြီးသားက ၅ အုပ်စာလောက်ရှိမည်။ အခုအချိန်မှာတော့ ပြည်တွင်းမှာ ဘယ်သူကမှ စာအုပ်ထုတ်ပေးရဲမှာ မဟုတ်ပါ။ မရဲသူတွေ မှန်ပါသည်။ ဘေးကင်းကြပါစေ။

စာရေးဆရာတွေက ဈာန်ရမှရေးကြသတဲ့။

ကျွန်တော့မှာတော့ မြင်သမျှရေးရသလိုဖြစ်နေသည်။ လူမှုကွန်ရက်မှာ မြင်မိသမျှထဲက အမြင်မတော်ရင် ရေးဖြစ်သည်။ ကွန်ဂရက်ကျူလေးရှင်းလုပ်စရာ တွေ့တိုင်းလည်း လုပ်ပါသည်။

ကျွန်တော့ ပင်တိုင်ဇာတ်လိုက်တွေကတော့ ဒေါ်စာလုံးပေါင်းနဲ့ ဦးသတ်ပုံ ဟုမည်တွင်ကြသော ဗီလိန်များသာ ဖြစ်ပါသည်။ ဖရင်းမဟုတ်ဘဲ အန်ဖရင်းလုပ်ရသူတွေက မေတ္တာထားကြပါသည်။

ပရော်ဖက်ရှင်နယ် စာရေးဆရာများနှင့် အခမဲ့ကျွုန်ုပ်သည် ဤကဲ့သို့ အကွာခြားကြီး ကွားခြားပါသည်။

မှတ်ချက် - မြန်မာပြည်မှာသာ စာရေးဆရာတွေရဲ့ ကုန်ကြမ်းလို့ခေါ်ပါသည်။ သူမျိုးတွေဆီမှာ စာရေးဆရာတွေရဲ့ ကုန်ကြမ်းဆိုတာ၊ အိုင်ဒီယာ၊ အတွေးအခေါ်အပြင် စာရွက်၊ ဘောပင် စတာတွေကိုသာ ခေါ်ပါသတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ