Skip to main content

'အဘ'ဆိုတာ အဘမတော်သူကို ခေါ်ပါသတဲ့

ကွန်မင့်တခု = ၁၉၉၀ ပြည့်နှစ်မတိုင်မီက အဲဒီ 'အဘ'အသုံးအနှုန်း မတွင်ကျယ်သေးဘူးဆရာ။

ဟုတ်တယ်။

'အဘ'ဆိုတာ ယဉ်ကျေးတဲ့ ဆွေးမျိုးစပ်အသုံးစကား ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ အမျိုးတွေရှိကြပြီး သင့်မှန်တဲ့အခေါ်အသုံးကိုရွေးပြီး ခေါ်ဝေါ်ကြရပါတယ်။

အမေ၊ အမေ၊ ဖေဖေ၊ မေမေ၊

ဦးလေး၊ ဦးကြီး၊ အုန်းကြီး၊ အုန်းလေး၊

အဒေါ်၊ ဒေါ်ကြီး၊ ဒေါ်လေး၊ ကြီးတော်၊ ဒွေးလေး၊

အန်ကယ်၊ အန်တီ၊

အဘိုး၊ အဖိုး၊ အဘွား၊ အဖွား၊

'အဘ'၊ ဘကြီး၊ ဘလေး၊

'အဘ' အသုံးကို 'အဘ'မဟုတ်သူတိုင်းကို ခေါ်ခိုင်းတဲ့ ဓလေ့ဆိုးကို ဒုတိယအကြိမ် စစ်တပ်ကအာဏာသိမ်းတော့ သွတ်သွင်း၊ သင်ကြား၊ အတင်းအခေါ်ခိုင်းလာတယ်။ ဥပဒေကဲသို့ အာဏာတည်သောအမိန့်။

အစမှာတော့ စစ်တပ်ထဲက အရာရှိတိုင်းကို 'အဘ' လို့ခေါ်ကြရတယ်။

နောက်တဆင့် အရပ်သားတွေပါ စစ်တပ်အရာရှိတွေကို 'အဘ'လို့ခေါ်ကြရတယ်။

'အဘ'လို့ မခေါ်လည်းရပေမဲ့ အဟုတ်ကြီးထင်သူက တဝက်လောက်ရှိမယ်။

'အဘ' ခေါ်ရင် လိုချင်တာရတတ်လို့လည်း ခေါ်ကြတာရှိတယ်။

ကြာတော့ အကျင့်ဆိုး နှုတ်ကျိုးလာကြတယ်။ 

အရပ်သားအချင်းချင်း ကိုယ်ထက်အသက်ဝါကြီးသူကိုပါ 'အဘ' ဘွဲ့ပေးကြတယ်။

'အဘ'ခေတ်ကျဆုံးပါစေလို့ မကြာခဏ တင်ပြပါတယ်။ တချို့က အခုထိ မပျောက်သေးပါ။

အမျိုးမတော်ပေမဲ့ အသက်အရွယ် ရာထူးဂုဏ်မြင့်တဲ့ အမျိုးသားကိုခေါ်ဆိုကြောင်း ဝေါဟာရဖွင့်ဆိုချက်တခုမှာ ပါတယ်။

'အဘ' = ဖခင်အရွယ်ဖြစ်သော ယောက်ျားကို ရိုသေလေးစားမှုဖြင့်ခေါ်သောစကား။

အောင်မြေမှန်သော၊ ပုဂံမြို့နေ၊ 'အဘ'ဆရာ။ ပုည။ ၃၉။

'အဘ'ဘိုးမင်းခေါင်လို့လည်း ရေးနေကြတယ်။ 'အဘ'လည်း မတော်ပါ။

ခရစ်ယာန်ကျမ်းစာမှာလည်း ပါတယ်။

အဗ္ဗ 'အဘ'

သမ္မာကျမ်းစာတစ်နှစ်တာ

နေ ၁၂-၁၃

တ ၄း၂၃-၃၇

ဘုရားသခင်သည် ဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိသော သူတို့၏အဘဖြစ်၍ မုဆိုးမတို့ ဘက်မှာ တရားစီရင်တော်မူ၏။ (ဆာ ၆၈း၅)

'အဘ' ဇာတ်သွတ်သွင်းပေးသူတွေထဲက တယောက်ဖြစ်သူဟာ ထောင်ကျပြီး လွတ်လောတော့ အင်တာဗျူးမှာ သူ့ကိုယ်သူ 'အဘ' တဲ့။

ကိုယ့်ဖခင်ကို အဖေ၊ ဖေဖေလို့ တနေ့တခါ မခေါ်ဖြစ်ပေမဲ့ တွေ့တဲ့လူတိုင်းကို 'အဘ' 'အဘ'နဲ့ခေါ်ကြသူတွေ ရှိတယ်။

'အဘခေတ်' ကျဆုံးပါစေ။

အဘရောဂါ https://dr-tint-swe.blogspot.com/2021/06/blog-post_77.html

မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ https://burmese-spelling.blogspot.com/2023/03/blog-post_214.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ