ကိုယ့်အိမ်ကို စည်းရိုးပတ်
ဝင်းခတ်နေတဲ့ငါ။
လက်မတထောင်ထောင်နဲ့
ဘယ်ကောင်ဘယ်အရေးလဲ
ချိုသွေးလျက်ပါ။
မငြင်းကောင်းပေမယ့်
ကျဉ်းမြောင်းတဲ့ငါ့နေရာ
ငါမှငါဆိုတဲ့ ထင်တလုံး၊
မိုးမမြင် လေမမြင်
ငါထင်ရာငါစိုင်း
ငါ့လှိုင်းကိုငါစီး
ငါ့ထီးကိုငါဆောင်း
ငါ့ကျောင်းကိုငါထိုင်
အပြိုင်အဆိုင်အမုန်းတွေနဲ့
မပိုင်မနိုင်ရှုံးချေပေါ့
အသုံးမကျ နှလုံးမလှသမို့
မုန်းမောဟဖုံး။ (တင်မိုး)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment