အချစ်မှာ မျက်စိမှိတ်တာမျိုးရှိသလို၊ ယုံကြည်မှုမှာ ဦးနှောက်မဖွင့်တာမျိုးလည်းရှိတယ်။
ဘာသာကြီးတွေ တခုပြီးတခုပြောင်းပြီး လေးလေးနက်နက် လေ့လာသူမျိုးကို ငယ်စဉ်ကတော့ အတော်အထင်ကြီးခဲ့တယ်။
ယုံကြည်မှုမှာ တသမတ်တည်းရှိသင့်တယ်ဆိုတာ ဓမ္မနဲ့ အဆုံးအမကိုသာပြောတာ။ ယုံကြည်ကိုးကွယ်ခံရတဲ့ပုဂ္ဂိုလ်ကို ပြောတာ မဟုတ်။
ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတာ ရိုးဟောင်းပေမဲ့ ကနေ့ပေါ်ဘန်းစကားထက် ခေတ်ဆန်တယ်။
လူတွေဟာ ကောင်းလိုက် ဆိုးလိုက်၊ ဖြောင့်လိုက် ကောက်လိုက်နဲ့ လုံးခြာလိုက်နေကြတယ်။ ကောင်းတာများနိုင်အောင် ကြိုးစားနေကြရတယ်။ ကြိုးစားရတာကလည်း မနက်နေ့ည။
မသင့်တာကို မသင့်လို့ နေရာတိုင်းမှာ မပြောရ။ အပြောမခံရသူ ခြောက်ပြစ်ကင်းလို့ ဘာသာပြန်မရပါ။
ဒေဝဒတ်မှာ နောက်လိုက်နောက်ပါ မနည်းပါ။ မြို့ပြင်လည်းရောက် သင်္ကန်းရောက်ပျောက်ပါတယ်ဘုရားလို့ လျှောက်ထားရတာမျိုးလည်းရှိတယ်။
ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၁၉
Comments
Post a Comment