Skip to main content

ဆဲ့ နှင့် ဆယ့်



ကွန်မင့်ရေးသူတွေက အဆင့်အတန်း အမျိုးမျိုး။ ပညာရည် အမျိုးမျိုး။ ယဉ်ကျေးမှုအဆင့် အမျိုးမျိုး။ တချို့က အတော်ယဉ်ကျေးကြတယ်။ တချို့ကတော့ …

ကွန်မင့်တခု = ဗျည်းသုံးဆဲ့သုံးလုံး ဆယ့် လား ဆဲ့လား မြန်မာစာတွေကို အမှန်ဖြစ်အောင်ပြုပြင်ပေးချင်တဲ့သူတစ်ယောက်ဆိုရင် ကိုယ်ကိုယ်တိုင်က မြန်မာစာတတ်ဖို့လိုပါတယ်

ကွန်မင့်တခု = သုံးဆယ့်လား သုံးဆဲ့လား

ကွန်မင့်တခု = ဆဲ့ နဲ့ ဆယ့် ဘယ်ဟာအမှန်လဲ ဆရာ

(ပြည့်စုံအောင် စာရှည်ရှည်ရေးပါမည်။ မဖတ်လိုက ကျော်သွားကြစေလိုပါသည်။ တချို့က ခံတွင်းပျက်လည်း လျက်ဆားတတို့၊ ကင်ဆာလည်း လျက်ဆားတတို့သာ ရလိုကြသည်။)

တရာငါးဆဲ့ သုံးနှစ် အလွန်ရှိသော် အနှစ်နှစ်ထောင်သော သာသနာတော်သည် သမ္ပတ္တေ ရောက်လတ်သော်၊ ဧကသတ္တတျာဓိကနဝသတ သက္ကရာဇေ၊ ခုနစ်ဆယ့်တနှစ် အလွန်ရှိသော ကိုးရာသော သက္ကရာဇ်သည် ပရိပုဏ္ဏေ ပြည့်လတ်သော် -

မှတ်ရန်

ဆဲ့ နဲ့ ဆယ့် နှစ်မျိုးလုံးပါနေတယ်။

တရာလို့ ရေးတယ်။

တနှစ်လို့ ရေးတယ်။

နှစ်ထောင်လို့ ရေးတယ်။

ခုနစ်လို့ ရေးတယ်။

ရှင်မဟာသီလဝံသနဲ့ ရှင်မဟာရဋ္ဌသာရတို့ ရေးသားတဲ့ တန်တားဦးတည် မော်ကွန်း နှစ်စောင် စာအုပ်ထဲက ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဟံသာဝတီတိုက်က ထုတ်တယ်။

ကွန်မင့်တခု = ဆဲ့ငါးခေါက်သာ သတ်ပုံ အမှန်အဖြစ် လေ့လာမိပါတယ်.

ဆယ့်ငါးလို့လည်း ရေးကြတာ ရှိပါတယ်။ ဆဲ့ ရော ဆယ့် ပါ ရေးခဲ့ကြတယ်။

(၁)

အထိန်းသံပေါက်လင်္ကာ

တနင်္လာကျား၊ တဆယ့်ငါး၊ နေငြားရှေ့ရပ်က။

ဇီဝကြွက်မျိုး၊ တဆယ့်ကိုး၊ စိုးလေအနောက်က။

ဂြိုဟ်သက်ပေါင်းလစ်၊ တရာ့ရှစ်၊ စင်စစ်မှတ်ကြကုန်။

(၂)

ခု ဆယ် ရာ ထောင် အခြေခံ

မြန်မာ ဂဏန်းသင်္ချာ၌ (ကာရန်မငဲ့က) တစ်မတဆယ်အထိ အသံတခုသာ ရသည်။

၁ (ဂဏန်း) = တစ် (အရေး) = တစ် (အသံထွက်)

၂ … နှစ် … နှစ

၃ … သုံးသုံး

၄ … လေးလေး

၅ … ငါးငါး

၆ … ခြောက် … ခြောက

၇ … ခုနစ် … ခုနစ

၈ … ရှစ် … ရှစ

၉ … ကိုးကိုး

၁၀ … တဆယ် … ဆယ

၁၁ … တဆယ်တစ် … ဆယ့်တစ်

၁၂ … တဆယ်နှစ် … ဆယ့်နှစ်

၁၃ … တဆယ်သုံး … ဆယ့်သုံး

၁၄ … တဆယ်လေးဆယ့်လေး

၁၅ … တဆယ်ငါး … ဆယ့်ငါး

၁၆ … တဆယ်ခြောက် … ဆယ့်ခြောက

၁၇ … တဆယ်ခုနစ် … ဆယ့်ခုနစ

၁၈ … တဆယ်ရှစ် … ဆယ့်ရှစ

၁၉ … တဆယ်ကိုး … ဆယ့်ကိုး

၂၀ … နှစ်ဆယ် … နှစ်ဆယ်

၂၁ … နှစ်ဆယ်တစ် … နှစ်ဆယ့်တစ

၂၂ … နှစ်ဆယ်နှစ် … နှစ်ဆယ့်နှစ

၃၀ … သုံးဆယ် … သုံးဆယ်

၄၀ … လေးဆယ် … လေးဆယ်

၅၀ … ငါးဆယ် … ငါးဆယ်

၁၀၀ … တရာ … တရာ

၂၀၀ … နှစ်ရာ … နှစ်ရာ

၁၀၀၀ … တထောင် တထောင်

ဖတ်ရွတ်ပုံ ဥပမာ-

လူ၊ ခွေး … နာမ်

ယောက်၊ ကောင် … မျိုးပြပစ္စည်း

တစ်၊ နှစ် … သင်္ချာ

ခွေး တကောင်

ခွေး နှစ်ကောင်

ခွေး သုံးကောင်

ခွေး … ၄ ၅ ၆ ၇ ၈ ၉ ကောင်

ခွေး ဆယ်ကောင်။

ခွေး ဆယ့်တကောင

ခွေး ဆယ့်နှစ်ကောင်

ခွေး ဆယ့်သုံးကောင

ခွေး … ၁၄၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ကောင်

ခွေး ဆယ့်ကိုးကောင

ခွေး အကောင် နှစ်ဆယ်

ခွေး အကောင် သုံးဆယ်

ခွေး အကောင် တရာ

ခွေး အကောင် တထောင်

တစ်မှ တဆယ်ထိ ဆယ်လုံးကား အသံတခုသာ ထွက်သည်။

တဆယ်မှ တဆယ့်ကိုး အထိ တ-အသံကို ဖျောက်၍ ရွတ်ရသည်။

၎င်းတွင် မျိုးပြပစ္စည်း တွဲလိုက သင်္ချာပုဒ်၏ အနောက်က ထားရသည်။

နှစ်ဆယ်က စ၍ ဆယ်ပြည့် ရာပြည့် ထောင်ပြည့် စသည်တို့ကား အသံနှစ်ခု ထွက်သည်။

မျိုးပြပစ္စည်းကို သင်္ချာပုဒ်၏ အရှေ့က ထားရပါသည်။

ခြားသီး သလ္လာ၊ ရှေ့ဧရာနှင့်

သီဒါမူးလယ်၊ မြန်တိုင်းကျယ်ကို

ဆန်းကြယ်ညာဏ်ရှု၊ လက်နက်ပြု၍

ငါးခု စွန်းဆောင်၊ ဆယ်ရာထောင်ဝယ်

မြန်ဘောင်ဦးစွန်း၊ ကျုံးမြို့နန်းနှင့်

နတ်ကွန်း ပဟိုရ်၊ ရွှေချက်သိုက

ရေညိုမြဟန်၊ နန္ဒာကန်ကို

လျှင်ထန်မရှည်၊ ဘိုးတော်တည်သည်

အောင်စည်တည့် ရိုက်ကြွေး သိကြားတွေး။ ။ (ပလိပ်စားဧချင်း)

(၃)

ပရမတ္ထသံခိပ်ကျမ်း

စာမျက်နှာ ၁၀

တဆဲ့ကိုးဖြာ

စာမျက်နှာ ၂၇

တဆဲ့ကိုး

တဆယ် အာဒိ

ခုခေတ်မှာ တဆယ်၊ တရာ၊ တထောင်၊ တသောင်း၊ တသိန်းကို စသတ်နေကြပြီ။ မကြာမီမှာ တနင်္ဂနွေ၊ တနင်္လာ ထဲက တဝမ်းပူတွေကို စသတ်ကြတာ့မည်။ ပုံအတွက် ကျေးဇူး။ ပညာနဲ့ မထိန်းသော၊ အထက်အမိန့်နဲ့သာ ထိန်းသော မြန်မာစာ။

ဂဏန်းသင်္ချာ အမြန်တွက်နည်း

ကမာ္ဘပေါ်တွင် တခုတည်းသောကျောင်း ဖြစ်ဘွယ်ရှိသည်။

သင်ကြားလေ့လာပြီးသည်နှင့် တပြိုင်နက် -

ထူးချွန်သူတဦး

တနှစ်ကြာမျှ

တဆယ့်တစ

သည့်အမှုတခု

တကယ့်လက်တွေ

စံနစ်တခု

ဆယ်နှစ်အရွယ် ကလေးတယောက်အား

အခြားတဘက်စွန်း၌မူ

ယခုတဖန်

တဖြည်းဖြည်းနှင့်

တမင်သက်သက်

ထပ်တန်းအရာရှိကြီးတဦးက

ထွက်ပြေးလွတ်မြောက်ရန် တဖန်စီစဉ်ပြန်လေသည်

စာရွက်စာတမ်းတစုံတရာမျှသော်၎င်း

နောက်တကြိမ်ထပ်မံ၍

မြန်မာစာသတ်ပုံမှန်စဉ်က သင်္ချာလည်း မှန်ခဲ့သည်။ ယခုသော် ၁၀၀ သည် တရာမဟုတ်စေရတဲ့။ တပြိုင်နက်ဟူသည် စမသတ်သဖြင့် ဖြူ၏တဲ့။

(၄)

သဒ္ဒါငယ်တဆဲ့ခြောက်စောင်၊ ပါဋ္ဌ်

အရှင်မဟာကစ္စည်းထေရ်မြတ်

မြန်မာသံတော်ဆင့်မီးစက်ပုံနှိပ်တိုက်

ကာရန်ကြီး တဆဲ့ခြောက်ပါး https://www.facebook.com/photo/?fbid=573419794814906&set=pcb.573420171481535

(၅)

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆဲ့သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ

တထောင့်ကိုးရာ တဆဲ့ငါး ရှေ့နေ ဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်

သိကြများခုတိုင်၊

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား

မိခင်ဒေါ်စုသား

တထောင့်ကိုးရာ လေးဆဲ့ခွန်

ပြောင်းကြွ တမလွန်၊

မျက်ရည်သွန်လို့ ဘဝင်ညှိုး

ဇူလိုင် တဆဲ့ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်

ဗိုလ်ချုပ် ဒို့ဖခင်၊

ကောင်းစေချင်တဲ့ မှာစကား

ငါတို့ မမေ့သား။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်

ပြည်ချစ် ဒို့ခေါင်းဆောင်၊

ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ

ဗိုလ်ချုပ် ချမှတ်သွား။ (ဆိုရှယ်လစ်စာလုံး ဖြေရှင်းချက် တင်ပြထားပြီး။)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ