ပန်းပွင့်ကြာလျှင်-
ငွေသာပြင်ကျယ်၊ အမှောင်နယ်မှ
အလယ်ရောက်လှာ၊ ထိုအခါသည်
ကဗျာဆန်သော၊ ညဉ့်တကြောတွင်
ချစ်သူအတွက်၊ ကြာငုံများ။ ။
မြရေကြည်အိုင်
မျက်နှာဆိုင်၍၊ ခေါ်တိုင်မလာ
တနေရာမှ၊ ကြာငုံပွင့်ဖူး
ကခုန်မြူးပြီး၊ လေရူးဝှေ့ရမ်း
မင်းနှုတ်ခမ်းနှင့်၊ နှမ်းမိသောခါ
သူ့မျက်နှာ၌၊ မီးဝါရောင်စုံ
အကြည့်ဆုံမှ မီးပုံသွယ်ချိတ်
လျှံလက်ဖိတ်သည်၊ မြရိပ်ကြာအိုင်ပွင့်ပန်းငုံ။
(မောင်မဟာ)
အထောက်တော်မဂ္ဂဇင်း ၁၉၆၀ အောက်တိုဘာလ
ယခုခေတ်မှာ ညတည မရှိ။ နေ့တနေ့ မရှိ။ နိုင်ငံတော်မူ ဖြစ်ဧ။်
စာကို မှန်အောင်တင်ပေးထားသူ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment