Skip to main content

တနိုင်ငံ


တနိုင်ငံလား၊ တစ်နိုင်ငံလား ဆရာ။

စာတအုပ်နဲ့ တအုပ်၊

ဆေးတမျိုးနဲ့ တမျိုး၊

တကောင်နဲ့ တကောင်၊

တခွက်နဲ့ တခွက်၊

တဆိုင်နဲ့ တဆိုင်၊

တနှစ်နဲ့ တနှစ်၊

တနာရီနဲ့ တနာရီ၊

တနိုင်ငံနဲ့ တနိုင်ငံ၊

တပင်နဲ့ တပင်၊

တပါးနဲ့ တပါး၊

တယောက်နဲ့ တယောက်၊

တလှမ်းနဲ့ တလှမ်း၊

တအိမ်နဲ့ တအိမ်၊

တအုပ်စုနဲ့ တအုပ်စု၊ 

တဦးနဲ့ တဦး၊ 

ရောဂါတခုနဲ့ တခု၊

တရုပ်ဝန်ကြီးချုပ် ချူအင်လိုင်း ကွယ်လွန်တော့ ဗိုလ်နေဝင်းက စာတစောင်ရေးတယ်။ တစ်ဦးနဲ့ တစ်ဦး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လို့ ရေးတာကို သတင်းစာတွေကို ပို့တယ်။ အယ်ဒီတာတွေက ပြုံးစိပြုံးစိ၊ တီးတိုးတီးတိုးသာ ပြောကြပြီး မပြင်ရဲကြလို့ သူရေးတဲ့အတိုင်း သတင်းစာမှာ ထည့်လိုက်ရတယ်။ နောက်တနေ့မှာ တနိုင်ငံလုံး ပြုံးကြရ၊ ရယ်ကြရဆိုပြီး အဲဒီ ခေတ်ကိုမီလိုက်တဲ့ မိတ်ဆွေစာရေးဆရာတဦးက ရေးထားတာရှိတယ်။

တကယ်လို့သာ ချူအင်လိုင်းမသေရင် တဝမ်းပူတွေ မလိုအပ်ဘဲ စသတ်ခံရမှာမဟုတ်ဘူးလို့ စာရေးဆရာက နိဂုံးချုပ်ထားပါတယ်။

မိတ်ဆွေစာရေးဆရာ ယူအက်စ်အေမှာ နေတယ်။ တခါတခါ ဖုန်းဆက်ပြီး စကားပြောကြပါတယ်။ 

ဦးဝင်းအောင်ကြီး ခေါ်  မောင်အောင်မွန် ကောင်းပါစေ။

အစိုးရပြောင်းလို့ အဘိဓာန်ပါပြောင်းတာ မြန်မာတနိုင်ငံတည်းသာရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ