တနိုင်ငံလား၊ တစ်နိုင်ငံလား ဆရာ။
စာတအုပ်နဲ့ တအုပ်၊
ဆေးတမျိုးနဲ့ တမျိုး၊
တကောင်နဲ့ တကောင်၊
တခွက်နဲ့ တခွက်၊
တဆိုင်နဲ့ တဆိုင်၊
တနှစ်နဲ့ တနှစ်၊
တနာရီနဲ့ တနာရီ၊
တနိုင်ငံနဲ့ တနိုင်ငံ၊
တပင်နဲ့ တပင်၊
တပါးနဲ့ တပါး၊
တယောက်နဲ့ တယောက်၊
တလှမ်းနဲ့ တလှမ်း၊
တအိမ်နဲ့ တအိမ်၊
တအုပ်စုနဲ့ တအုပ်စု၊
တဦးနဲ့ တဦး၊
ရောဂါတခုနဲ့ တခု၊
တရုပ်ဝန်ကြီးချုပ် ချူအင်လိုင်း ကွယ်လွန်တော့ ဗိုလ်နေဝင်းက စာတစောင်ရေးတယ်။ တစ်ဦးနဲ့ တစ်ဦး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လို့ ရေးတာကို သတင်းစာတွေကို ပို့တယ်။ အယ်ဒီတာတွေက ပြုံးစိပြုံးစိ၊ တီးတိုးတီးတိုးသာ ပြောကြပြီး မပြင်ရဲကြလို့ သူရေးတဲ့အတိုင်း သတင်းစာမှာ ထည့်လိုက်ရတယ်။ နောက်တနေ့မှာ တနိုင်ငံလုံး ပြုံးကြရ၊ ရယ်ကြရဆိုပြီး အဲဒီ ခေတ်ကိုမီလိုက်တဲ့ မိတ်ဆွေစာရေးဆရာတဦးက ရေးထားတာရှိတယ်။
တကယ်လို့သာ ချူအင်လိုင်းမသေရင် တဝမ်းပူတွေ မလိုအပ်ဘဲ စသတ်ခံရမှာမဟုတ်ဘူးလို့ စာရေးဆရာက နိဂုံးချုပ်ထားပါတယ်။
မိတ်ဆွေစာရေးဆရာ ယူအက်စ်အေမှာ နေတယ်။ တခါတခါ ဖုန်းဆက်ပြီး စကားပြောကြပါတယ်။
ဦးဝင်းအောင်ကြီး ခေါ် မောင်အောင်မွန် ကောင်းပါစေ။
အစိုးရပြောင်းလို့ အဘိဓာန်ပါပြောင်းတာ မြန်မာတနိုင်ငံတည်းသာရှိတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment