Skip to main content

ခွင့်လွှတ်လိုက်ပါ

အခါးကြိုက်တော့

ကြိုက်သောအခါး စားပေ၏။

စကားကြိုက်တော့

ကြိုက်သောစကား ကြားစေ၏။

အပင့်ကြိုက်တော့ -

ကြိုက်သောအပင့် မြင်ပေ၏။

အဝင့်ကြိုက်တော့

ကြိုက်သောအဝင့် တင့်စေ၏။

စာ‌ရေးသူက အားရ၀မ်းသာ

“သည်ကမ္ဘာမှာ၊ သင်သာပိုကဲ

တယောက်ထဲ’ဟု

အမြဲလှစ်ဟ ဆိုလေသော် ... ။

ကြားရသူက၊ အားရဝမ်းသာ

“သည်ကမ္ဘာမှာ သင်လာအားလုံး

အတော်ဆုံး”ဟု

အပြုံးဖက်ကာ ဆိုလေသော် ...။

မြင်ရသူက၊ အားဝမ်းသာ

“သည်ကမ္ဘာမှာ၊ သင်သာတဦး

လူတထူး´ဟု

ရွှင်မြူးကြွရွ ဆိုလေသော် ... ။

ဝင့်ရသူက၊ အားရဝမ်းသာ

“သည်ကမ္ဘာမှာ၊ သင်သာလူမြတ်

ပညာတတ်' ဟု

နှုတ်လှပ်ဖွင့်ဟ ဆိုလေသော် ... ။

ဘဝင်လေခိုက်၊ လုံးလည်လိုက်ကာ

စိတ်၌ထိုထို၊ လက်မကိုထောင်

ဆိုပြန်သည်မှာ၊ “ငါမှငါ”တဲ့

အင်း...ဘာမျှစွက်နှော၊ ဝင်မပြောဘဲ

လောကရှုလေ၊ ဆိတ်ဆိတ်နေလော့

လေပြင်းဝိုက်ပြီး၊ ပင့်အားကြီးက

ထန်းသီးမှုတ်တောင် ခုန်တတ်သည်။

မုံရွာ-ဝင်းဖေ

ရှုမဝမဂ္ဂဇင်း ၁၉၆၆ စက်တင်ဘာလ

Listener's Heaven Audiobooks - အသံစာအုပ်

ဒေါက်တာတင့်ဆွေ

Comments