နွေမဆန် ဿန်ခါလင့်ပြီသင့်
လေအပြန် လျှံဝါဆင့်ပါလို့
ကန်ကြာပွင့်မြိုင်ခဲ့ပြီ။
မြင့်မိုရ်မီး
စို့ ညီး သိရ်ဝေဖြာနှင့်
စိန္တေယျာ ဂူတော်ထွက်မှာလ
နှိမ်ချွေကာ ပူဇော်ညွှတ်ရှာကြ
စံလွှတ်သည် စေနာပေါင်းရယ်ကြောင့်
ကန့်ပတ်လည် ဂေဟာကျောင်းမှာ(ကွယ်)
သောင်းဖြညံစီ။ ။
ဗုံပတ်သာကြေးစည်ဆင့်ပါလို့
လှုံကပ် ခါ တေးသီရင့်ပါငဲ့
ဂုဏ်ဝင့်ပြီအသံလှိုင်းတွေနှင့်
စုံဆင့်သည်တရံစိုင်းလေတော့
နာတိုင်းပ ကြားမအီ၊
များပြည်သူ့ ပျော်တပါး။
ရိပ်ကြီးကိုခို
ပုတီးဖန်ဝါနှင့်
ကန်သာညို လှိုင်ထိပ်တွင်းဆီက
ဈာန်ရှာလို မြိုင်ရိပ်ချဉ်းသူဖြင့်
သံညှင်း သံသာပ၊
သင်သနာရိပ်သာပွင့်သော်မှ
ရွှင်စရာစိတ်မှာမြင့်သည်မို့
မင်္ဂလာလိပ်ပြာဆင့်သည်ဟု၊
ကျူးရင့်မိတကား။ ။ (ဗန်းမော် ညိုနွဲ့)
ရှုမဝမဂ္ဂဇင်း ၁၉၅၁ နိုဝင်ဘာလ၊အတွဲ-၅၊အမှတ်-၅၄
(Listener's Heaven Audiobooks - အသံစာအုပ်)
ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဗန်းမော် ညိုနွဲ့တို့ထက် မြန်မာစာတော်သူတွေကတော့ -
တစ်ရံစိုင်းလေတော့ တဲ့။
များပြည်သူ့ ပျော်တစ်ပါး တဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment