စုံရိပ် မြိုင်ဆွယ်၊ ကန္တာလယ်
အိုဘယ် ယောက်ျား - ခရီးသွား။ ။
ဖေါ်လည်း မဆွယ်၊ တကိုယ်ငယ်
အိုဘယ် လူသား - ကြောက်ဘူးလား။ ။
ဤသို့ မေးသော်
ရွှင်အေး ကြည်သာ၊ ပြုံးမျက်နှာဖြင့်
"အို ဘာကိုထောက်၊ ကြောက်ရမလဲ
တကွ ဖော်ညှိ၊ သတ္တိ ရှိပြီ
ချစ်သည် သဟာ၊ ဇွဲ လည်းပါ၍
မကွာ ထပ်လောင်း၊ ငယ်ကပေါင်းသည့်
ဆွေကောင်း လုံ့လ၊ တူတကွတည့်
ဘေးက တူယှဉ်၊ ပါခဲ့လျှင်သော်
ငါ့တွင် သေချာ၊ အောင်ဘို့ရာတည့်" တဲ့။ ။
ယောက်ျား ငါကိုယ်၊ မြွက်ဟဆို
ဖော် မလိုဘဲ၊ တကိုယ်ထဲ။ ။
တော်ပေ့ လူမော်၊ ပွဲတိုင်းကျော်
သုံးဖော် ဆွေလဲ၊ တူယှဉ်တွဲသည်
အောင်မြဲ မုချ၊ အောင်မည်ပ။ ။ (ငွေတာရီ)
(ရှေးစာကဗျာများ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment