Skip to main content

ချစ်သူ့အိမ် အမိုးနောက်မှာ လပျောက်ခဲ့ခြင်း

 

(တက္ကသိုလ်ဘုန်းနိုင်)

(၁) 

၁၉၉ဝပြည့်နှစ်  

လွမ်းနွယ်ရေ...။

နှစ်ကာလတွေ ရှည်ကြာလှမှ ဘဝတကွေ့က သည်အကြောင်းကို ပြန်ပြောင်းပြီး ကိုယ်ပြောပြချင်လာတယ်။

အချိန်ဆိုတာက မြူကမ္ဗလာကြီးတဲ့။ အတိတ်နဲ့ပစ္စုပ္ပန်ကြားမှာ ကန့်လန့်ကာကြီးလို သူကာဆီးတတ်သတဲ့ကွယ်။ လောကမှာ ပြောကြတာလေ။

အင်း ...အများအတွက်တော့ ဟုတ်တန်ရာ၏။ဟုတ်ရာ၏။ တချို့သော လူတွေအတွက်တော့ အချိန်ဆိုတာဟာ ပိတ်ဖုံးတတ်တဲ့ မြူကမ္ဗလာ မဟုတ်ဘဲ ဟိုး သဲကန္တာရထဲက မီရားဇ် (Mirage)လို့ ခေါ်တဲ့၊ရောင်ပြန်ရိပ်တွေကို ပြတတ်တဲ့  သဘောပါလားကွယ်။ အဲသည် တချို့သော လူတွေထဲမှာ ကိုယ်လည်းပါ နေရသကွဲ့ ချစ်လွမ်းနွယ်။

သည်အကြောင်းတွေကို ကိုယ့်ရင်ထဲမှာပဲကိုယ်သိမ်းထားခဲ့တယ်။

ပြောတော့ ပြောချင်တယ်ကွယ်။ ဒါပေမဲ့ ကိုယ်နားထောင်စေချင်သူက တယောက်။ တယောက်ဆိုမှ တယောက်တည်း။

လေထုအပြင်မျိုး   လွမ်းနွယ်ချစ်တဲ့ ဝီလျံဝါဒီ(ဖ်)ဝါတ်(သ်) (William Words-Worth) ရဲ့ လွမ်းစရာ ကဗျာစုက ပထမဦး အပိုဒ်လေးမှာ ဆိုသလိုပေါ့။

မူရင်းစာအုပ်မှာတော့ အဲလိုရေးထားပါတယ်။

ပြန်တင် ပြန်ထုတ်တွေကတော့ သိတော်မူကြတဲ့အတိုင်းပါဘဲ။

အယ်ဒီတာ ဦးပြင်ပြင်အလုပ်လုပ်တဲ့ ဒေါ်ပြင်ပြင် ပုံနှိပ်တိုက်က ထုတ်ပါသတဲ့။

ဒေါက်တာတင့်ဆွေ

Comments