ဟိုလွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်၊ နိုဝင်္ဘာလ (၁) ရက်နေ့ မနက်ခင်းမှာ၊ မန္တလေးဘူတာကြီးကလာတဲ့ ကျောက်မီးသွေး မီးခိုးနံ့ကို ရှူရင်း အရှေ့ဖက်ကို စက်ဘီးဆက်နင်းနေတယ်။ အရက်ပျံနဲ့ လိုက်ဇောနံ့သင်းနေတဲ့ မန္တလေးဆေးရုံကြီးရှေ့က ဖြတ်တယ်။ ကျောင်းသားသစ်လေးတယောက်ဟာ ဖေါ်မလင်နုံ့ပြင်းရှိရာ ဆေးတက္ကသိုလ်ကို အားသစ်အင်သစ် အပြည့်နဲ့ ရောက်လာတယ်။
သူဟာ နောင် (၇) နှစ်မှာ ဆရာဝန်ဖြစ်ဖို့တခုတည်းသာ သိသေးတယ်။ နောင်ရေး မတွေးမိ။
နှစ်အစိတ်ရှိရင် နိုင်ငံရေးထဲ ဝင်ရမယ်လို့ကလည်း စိုးစဉ်းမျှ စိတ်ကူးထဲမှာမရှိ။
နောင် (၂၆) နှစ်တိတိမှာ ကိုယ့်မွေးရာတိုင်းပြည်ကြီးကို ကျောခိုင်းပြီး ထွက်ရလမ်းလည်း မှန်းမထားမိ။ အခုရှိတဲ့တိုင်းပြည်ဆိုတာလည်း သူ့အိပ်မက်ထဲမှာ နတ္ထိ။
နိုဝင်္ဘာတညမှာ သူ့ကိုလာဖမ်းကြ၏။
နိုဝင်္ဘာတရက်ကြောင့် ဆရာဝန်ဖြစ်။ နိုဝင်္ဘာတရက်မှာ မင်းပြေးဖြစ်။ နိုဝင်္ဘာဆိုတာ ကျွန်တော့်ဘဝမှာ အဓိပ္ပါယ်တွေ အများကြီးရှိခဲ့တယ်။
ဒေါက်တာတင့်ဆွေ
၃၁-၁၀-၂၀၁၆
Comments
Post a Comment