တင်ထားတာ တခု = ထမင်းပူလေးကို ပဲဆီမွှေးမွှေးလေးဆမ်းပြီး
တောနယ်တွေမှာ ဆီကို အိမ်မှာတင် ဆုံနဲ့ နွားသုံးပြီး ကြိတ်ကြရတယ်။ မြေပဲနဲ့ နှမ်းသာသုံးကြတယ်။ နှမ်းဆီကို ဆမ်းစားပြီး မြေပဲဆီကို ကြော်ရာမှာ သုံးကြတာ များတယ်။
ဖိုးလမင်းကြီးရေ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ ၀ါ ၀ါ ၀ါ။
အခုတော့ ရှေးစကားပေါ့။
"စိတ်ကူးယဉ်"
ငယ်စဉ်ချိန်က၊ ဖိုးရွှေလကို
ခဏမြင်ခြင်း၊ လက်ဝါးခင်း၍
“ထမင်းဆီဆမ်း၊ ကြာလင်ပန်းနှင့်
ပေးစမ်းလှည့်ပါ၊ ဝါ ..ဝါ..၀ါ”ဟု
နှုတ်လွှာကြူလှစ်၊ သူ့ကိုချစ်ခဲ့။
အရွယ်ရောက်၍
ထွန်းတောက်ကြည်လင်၊ လ,ကိုမြင်လည်း
စိတ်ထင်မှတ်ရာ၊ လှရုပ်လွှာနှင့်
ပမာနှိုင်းယှဉ်၊ စိတ်ကူးယဉ်ခဲ့။
သိပ္ပံခေတ်ခါ၊ သူ့ရုပ်လွှာမူ
စိတ်မှာအထင်၊ တက်တက်စင်မျှ
အသွင်ကွာခြား၊ ငွေသားမခင်း
ပူလောင်ပြင်းသည့်
ချိုင့်ကျင်းဒေသ၊ဖြစ်နေရသည်
ဖိုးလစန္ဒာ အသို့နည်း။
ကြည်ပြုံး (ပခုက္ကူ)
ငွေတာရီမဂ္ဂဇင်း ၁၉၆၉ ဇူလိုင်လ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment