Skip to main content

ရှေးမြန်မာ စာပေပညာရှင်ကြီးများ

“တ” ကို ဘယ်လို ရေးခဲ့ပါသလဲ။

နည်းအမျိုးမျိုးဖြင့် စာရေးသူ၏ ကျေးဇူးရှင်တဆူဖြစ်ခဲ့သော ပညာရှင်

ဆရာကြီး ဦးဝန် (မင်းသုဝဏ်)

ကို ဤစာစုဖြင့် ရှိခိုး ကန်တော့ပါ၏။

ဤ စာစုတွင် ကိုးကားသော ကျမ်းတို့၏ အသေးစိတ် အကြောင်းအချက်များ

(bibliographic details) ကို

ဆရာကြီး ဦးဝန်၏ တက္ကသိုလ်မြန်မာ သတ်ညွှန်းကျမ်းတွင်လည်းကောင်း ၊ 

ဆရာကြီးဦးအုန်းရွှေ၏ သတ်ပုံအဘိဓာန် မိတ်လင်စုံ တွင်လည်းကောင််း ၊

စာရေးသူ၏ “မြန်မာဘာသာစကား၏ သိမ်မွေ့မှုများ” စာအုပ်တွင်လည်းကောင်း ၊ ကြည့်နိုင်ပါသည်။

— “ကောင်” နှင့်တွဲ၍

“တ ကောင် တညှပ် ၊ မောကိုးတပ် ၊ သောင်

သွပ်ရှမ်းနေရာ”။ ဦးအော ၊ ကဝိလက္ခဏာသတ်ပုံ ၊ နှာ ၁၃၆၆။

“မရှိတုံးတုံး ၊ ယုတ်ဆုံး တိုင်အောင် ၊ တကောင် ကြွက်ကယ်”။ ဝန်ကြီးပဒေသရာဇာ ၊ သူဇာပျို့ ၊ နှာ ၈၅။

— “ကုန်း” နှင့်တွဲ၍

“မကြည်စိတ်မှုန်း ၊ တ ကုန်းဆင်းသက် ၊ တကုန်းတက်၍”။ သျှင်ရဋ္ဌသာရ ၊ ရွှေစက်တော်သွား တောလားရတု၊ နှာ ၄။

— “ကမ်း” နှင့် တွဲ၍

“လောက်လွှဲ တ ကမ်း ၊ ရိပ်သာ ဝှမ်း ၌ ၊ သင်ခမ်းဆောင်သီး”။မုံရွေးဆရာတော် ၊ဥတိန္နပျို့ ၊ 

နှာ ၅၆။

— “ကိုယ်” နှင့်တွဲ၍

“ခြေတိုလက်ပြတ် ၊ မင်းဒဏ်ခတ်၍ ၊ လေးမြတ် တ ကိုယ်”။ တွင်းသင်းမင်းကြီး ၊ မုဒုလက္ခဏပျို့ ၊ နှာ ၆၈။

— “ကြောင်း” နှင့်တွဲ၍

“သင်ဟောင်းသင်နည်း ၊ တ ကြောင်းတည်းကို ၊ ကပ််ဆည်းတောခွင် ၊ ကျွန်ုပ် သင်ချိမ့်”။ 

သျှင်ရဋ္ဌ သာရ ၊ စတုဓမ္မသာရကိုးခဏ်းပျို့ ၊ နှာ ၃၄။

— “ကြိမ်” နှင့်တွဲ၍

“ဆိုပိမ့် တ ကြိမ် ၊ မင်းစည်းစိမ်တုံ ၊ ခရီးဆုံဝယ်”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခဏ်း

ပျို့ ၊ နှာ ၄၀။

“ရေကြောင်းစည်းစိမ် ၊ နန်းဖောင်အိမ်ထက် ၊ တ ကြိမ် တ ရံ”။ သျှင်ရဋ္ဌသာရ ၊ ပုံတောင်နိုင်မော်ကွန်း၊ နှာ၁၆။

— “ခဏ” နှင့်တွဲ၍

“တ ခေါ်မုဟုတ် ၊ တ ဖြုတ် တခဏ ၊ တ လှမ်းမျှဟု”။ သျှင်အဂ္ဂသမာဓိ ၊ သုဝဏ္ဏသျှံ မြားပစ်ခဏ်းပျို့ ၊ နှာ ၄၃။

 — “ခါ” နှင့် တွဲ၍

“ရေဆုတ်သားကပ် ၊ ကြက်နှယ်စွပ်၏ ၊ 

စေ့စပ် တ ခါ” ။ သျှင်အဂ္ဂ သမာဓိ၊ နေမိငရဲ

ခဏ်းပျို့ ၊ နှာ ၃၃ ။

“တ ခါကြွတ်ကြွတ် ၊ လွှတ်ကပြင်းထန်”။

မန်လည်ဆရာတော် ၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ၊ နှာ ၃၅၆။

“မဆိတ်မညံ ၊ နာဂံ တ ခါ ၊ သကဒါနှင့် ၊ သောတာပန္န”။ သျှင်သီလဝံသ ၊ ဆုတောင်းခန်းပျို့ နှာ ၁၈၆။

— “ခါ” “ရံ” နှင့် တွဲ၍

“တ ခါ တရံ ၊ ကျွန်ုပ်ထံဝယ် ၊ ဆွမ်းခံကြည်လင်”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခဏ်းပျို့ ၊ နှာ ၂၀။

“တ ခါ တ ရံ ၊ ရှေးရှေးကံသည် ၊ ထောက်ခံကြီးကျယ်”။ မုံရွေးဆရာတော် ၊ နာရဒပျို့ ၊ နှာ ၄၂။

— “ခု” နှင့်တွဲ၍

“မကုံမလုံ ၊ တ စုံ တခု ၊ အိမ်ထောင်မှုကြောင့်”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခန်းပျို့ ၊ နှာ ၁၆၈။

“ထွတ်ကဲစိုးခြုံ ၊ ရှင်မတုံလည်း ၊ တ စုံ တ ခု”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခန်းပျို့ ၊ နှာ ၂၃၂။

“ရပ် တ ခုခု ၊ အမှုမမှတ် ၊ အညတ္တရ ၊ ဤမြက်မျှကို”။ မုံရွေးဆရာတော် ၊ ကုသပျို့ ၊ နှာ ၇၀။

— “ခဲ” နှင့်တွဲ၍

“ တ ခဲရောင်လျှံ ၊ ရွှေထွေးခံနှင့် ၊ ရွှေစံအိုးပျစ်”။ သျှင်ရဋ္ဌသာရ ၊ သံဝရပျို့ ၊ နှာ ၁၂၃။

— “ခေါ်” နှင့်တွဲ၍

“အသွားမတော် ၊ တ ခေါ်မုဟုတ် ၊ တဖြုတ် တ ခဏ”။ သျှင်အဂ္ဂသမာဓိ၊ သုဝဏ္ဏသျှံမြားပစ်ခဏ်းပျို့ ၊ နှာ ၄၃။

— “ခိုင်” နှင့် တွဲ၍

“ဇော် တ ခိုင် လုံး ၊ စာစပ်ကုံး ၊ အဆုံးများလှလွန်း”။ ဦးအော ၊ ကဝိလက္ခဏာသတ်ပုံ ၊ နှာ ၂၃၂။

— “ချက်” နှင့်တွဲ၍

“စပ်ကာရှေးလွန် ၊ တ ချက်မှန်က ၊ ကန်ချွန်ဦးစီ ၊ ငါးကိုသီသို့”။ သျှင်ရဋ္ဌသာရ ၊ သံဝရပျို့ ၊ နှာ ၂၂။

— “ချောင်း” နှင့်တွဲ၍

“ညီညာချပ်ချပ် ၊ တ ချောင်းအပ်ကို ၊ ကြပ်ကြပ်ဦးပဲ့၊ ထမ်းသကဲ့သို့”။ သျှင်အဂ္ဂသမာဓိ

၊ နေမိဘုံခဏ်းပျို့ ၊ နှာ ၈၅။

— “ခြား” နှင့် တွဲ၍

“တ ခြားသီးသန့် ၊ ပရိုဏ်းကန့်၏”။ တွင်းသင်းမင်းကြီး ၊ ဝိဓုရပျို့ ၊ နှာ ၇၇။

— “ခွက်” နှင့်တွဲ၍

“ကြမ္မာဝေဖန် ၊ အထီးကျန်၍ ၊ ဆန်မျှ တ ခွက် ၊ မချက်ရဘူး”။ သျှင်အဂ္ဂသမာဓိ၊ သူဝဏ္ဏသျှံ

သူဌေးခဏ်းပျို့ ၊ နှာ ၆၆။

— “ခွင်” နှင့်တွဲ၍

“ဘုရားဟောချည် ၊ နားတော်လည်၍ ၊ မြန့်ပြည် တ ခွင်”။ သျှင်ရဋ္ဌသာရ ၊ တန်တားဦးတည် မင်္ဂလာစေတီမော်ကွန်း နှာ ၁၄။

— “စိ” နှင့်တွဲ၍

“ကျယ်ခြင်းမရှိ ၊ တ စိမကျဉ်း ၊ ဦးယဉ်းမချုံ့”။ သျှင်ရဋ္ဌသာရ ၊ ဘူရိဒတ်လင်္ကာကြီး ၊ နှာ ၃၈၇။

“သင်၌ ငါအမျက်ထွက်ရန် ၊ တ စိုး တ စိမျှမရှိ”။ တွင်းသင်းဝန် မဟာစည်သူ၊ ဝေဿန္တရာပျို့ ၊ နှာ ၂၈။

— “စီ” “စဉ်” “လျဉ်” နှင့် တွဲ၍

“တ စီ တလျဉ် ၊ တ စဉ် တ မ ၊ ဖျင်ပေါမျှလျက်”။ သျှင်အုန်းညို ၊ ဂါထာ ခြောက်ဆယ်ပျို့၊ နှာ ၃၄။

— “စု” “ပြွမ်း” နှင့် တွဲ၍

“တ စု တပြွမ်း ၊ မေတ္တာမွှမ်းလျက် ၊ ပွဲလမ်းဖွဲ့ငှါ”။ သျှင်ရဋ္ဌသာရ ၊ တန်တားဦးတည် မင်္ဂလာစေတီမော်ကွန်း ၊ နှာ ၇။

“ကုမ္ဘာန် တ တိုက် ၊ ရက္ခိုက် တ စု”။ သျှင်ရဋ္ဌသာရ ၊ ပုံတောင်နိုင်မော်ကွန်း ၊ နှာ ၇။

“တ စုအားလုံး ၊ ပြည်ခုံး သယောင်း ၊ ရွှေလောင်းရွှေဒါ”။ ရှင်ထွေးညို ၊ ပြည်စုန်မော်ကွန်း ၊ နှာ ၁၆။

— “စည်း”  နှင့်တွဲ၍

“တ ဝေး တစည်း ၊ မြေကြီး ကြည်းမျှ ၊ ဖျင်ပည်းများစွာ”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၇၉။

— “စုံ” နှင့်တွဲ၍ 

“ဉာဏ်ဝါရင့်မုံ ၊ ဗောဓိငုံကား ၊ တ စုံ တ ယောက် ၊ မထောက်မကူ”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၂၃၆။

“မကုံမလုံ ၊ တ စုံ တခု ၊ အိမ်ထောင်မှုကြောင့်”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၁၆၈။

“ထွတ်ကဲစိုးခြုံ ၊ ရှင်မတုံလည်း ၊ တ စုံ တ ခု”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခန်းပျို့ ၊ နှာ ၂၃၂။

(တ စုံ တ ရာ)

“လားလေပါယ်ဘုံ ၊ ဆင်းရဲတုံသော် ၊ တ စုံ တ ရာ ၊ မျိုးဆွေလာ၍”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊နှာ ၃၇။

“နှစ်လပေါင်းခြုံ ၊ နေ့ရက်ပုံဖြင့် ၊ တ စုံ တ ရာ” သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခန်းပျို့ ၊ နှာ ၁၁၇။

— “စိတ်” နှင့် တွဲ၍

“ညီညှိပျမ်းကြိတ် ၊ ဆယ့်ခြောက်စိတ်လည်း ၊ တ စိတ်မဟူ။ မုန်ရွေးဆရာတော် ၊ ကုသပျို့ ၊ နှာ ၁၁၂။

“မိုး တ စိတ်စိတ် ၊ သွန်းချဖိတ်၊ ကြိတ်ကြိတ်မြည်သည်နှင့်”။ဦးအော ၊ ကဝိလက္ခဏာသတ်ပုံ ၊ နှာ ၁၁၂။

—“ဆင်” နှင့်တွဲ၍

“အသွင်မြနည်း ၊ တ ဆင်တည်းဖြင့် ၊ ကြည်းကြည်းရှိမ်းရှိမ်း”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၂၆၅။

— “ဆိတ်” နှင့် တွဲ၍

“မမြဲအနိစ် ၊ ဝိပရိတ်ကို ၊ တ ဆိတ်မတွေး”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ နှာ ၁၇။ 

“ပဲဝက်သပြာ ၊ တ ဆိတ်စာနှင့် ၊ ကျိုးမဲ့ရာသီး”။ စလေဦးပုည ၊ ရေသည်ပြဇာတ် ၊ နှာ ၄၃။

— “တင်း” နှင့်တွဲ၍

“ဆန် တ တင်း စိတ် ၊ နောင့်လွယ်အိတ် ၊ ဖိတ်မည်အပွင့်ပွင့်”။ ဦးအော ၊ ကဝိလက္ခဏာသတ်ပုံ ၊ နှာ ၁၁၈၃။

—“တန့်” နှင့်တွဲ၍

“ခြားခြားသန့်သန့် ၊ နှီးမျှင်ကန့် ၊ တ တန့်နှစ်

တန့်ရက်”။ ဦးအော ၊ ကဝိလက္ခဏာသတ်ပုံ ၊ နှာ ၇၆၉။

— “ထောင်” နှင့် တွဲ၍

“တဗ္ဗမျိုးမှန် ၊ သမိုင်းကြန်မူ ၊ ဆင်သန် တ ထောင်”။ သျှင်ထွေးညို ၊ ရွှေစာတိုင်ဆင်တော် မော်ကွန်း ၊ နှာ ၂၀။

— “ထွေ” နှင့် တွဲ၍

“စက်နေနတ်နေ ၊ တ ထွေထူးဆန်း ၊ ရက်ကန်း ပုပ်ဆွေး”။ မုံရွေးဆရာတော် ၊ ဥတိန္နပျို့ ၊ နှာ ၄၃။

“ဘူမိ တ ထွေ ၊ သန္ဓေတဝ ၊ ကမ္မမရဏုပ် ၊ ပေါင်းချုပ်လေးပါး”။ မန်လည်ဆရာတော် ၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ၊ နှာ ၄၄၉။

— “ဒင်္ဂ” နှင့်တွဲ၍

“နာမ်ရုပ်သက်တို့ ၊ ပျောက်ပျက်လွယ်စ ၊ 

တ ဒင်္ဂ တည့်”။ မန်လည်ဆရာတော် ၊ မဟာသုတကာရီ မဃဒေဝ လင်္ကာသစ် ၊ နှာ ၄၀၀။

— “နေ့” နှင့်တွဲ၍

“တ နေ့ပြိတုံ ၊ ပြည်ကြီးခြုံသည်၊ ရွှေဘုံသခင် ၊ စောနတ်ရှင်နှင့်”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခဏ်းပျို့ ၊ နှာ ၉၁။

“တ နေ့လုံးလုံး ၊ မိုးအခြုံးလျှင် ၊ ရွှေကုံးပန်နစ် ၊ ငယ်လင်စစ်နှင့် ”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခန်းပျို့ ၊ နှာ ၁၉၁။

— “နည်း” နှင့် တွဲ၍

“အကြောင်း တ နည်း ၊ ပမာဆည်းသော် ၊ ကြည်းကြည်းရွှင်ရွှင်”။ သျှင်ရဋ္ဌသာရ ၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့ ၊ နှာ ၇၆။။

— “ပါး” နှင့်တွဲ၍ 

“တ ပါးကြန်ကြန် ၊ တ ဖန်ကြတ်ကြတ် ၊ တလတ် ကောင်းကောင်း” ။ သျှင်အဂ္ဂသမာဓိ ၊ နေမိဘုံခဏ်းပျို့ ၊ နှာ ၁၆။

 

“စေပါးကျေးကျွန် ၊ မြိတ်စွန်ဆွေဝါး ၊ သူ တ ပါးတို့”။ သျှင်ရဋ္ဌသာရ ၊ဘူရိဒတ်လင်္ကာကြီး ၊ နှာ ၂၀၈။

“ရဟန်းကျင့်ဝတ် ၊ တ ပါး တတ်က ၊ လူနတ်ဦးခိုက် ၊ ပူဇော်ထိုက်၏”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၃၄။

— “ပူ” နှင့်တွဲ၍

“ဝမ်း တ ပူပူ ၊ အူ တ ကြုတ်ကြုတ် ၊ ငုတ်လုတ် ခွေလိပ်”။ တွင်းသွင်းမင်းကြီး ၊ ဝေဿန္တရာပျို့ ၊ နှာ ၁၉၃။

“တတရူရူ ၊ တ ပူ လှိုက်လှိုက် ၊ တရှိုက်မက်မက်”။သျှင်တေဇောသာရ၊ ရွှေဟင်္သာမင်းပျို့၊

နှာ ၁၃။

“မွန်းနစ်စုံးစုံး ၊ လုပ်ကြံတုံးသည် ၊ နှလုံး တ ပူ ၊ လှိုက်လှိုက်တည်း”။ သျှင်တေဇောသာရ ၊ ရေဟင်္သာမင်းပျို့ ၊ နှာ ၈၁။

— “ပုံ” “ပင်” (တပုံ တပင်)

“နီစွာပွင့်ငုံ ၊ ပေါက်ပန်းရုံသို့ ၊ တ ပုံ တ ပင် ၊ ဟင်း မျိုးမြင်သော်”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခဏ်းပျို့ ၊ နှာ ၂၄၅။

— “ပိုင်း” နှင့်တွဲ၍

“သုံးထောက်ခိုင်တန့် ၊ ဘုံနှင့်ခန့်လည်း ၊ ဆံညွန့် တပိုင်း ၊ မျှမရိုင်းသည်”။ စိန္တကေိျာ်သူဆို ရတုများ ၊ နှာ ၈ (၃)။

— “ပတ်” နှင့်တွဲ၍

“စိုးစိုး စွတ်စွတ် ၊ တ ပတ် တောက်တောက် ၊ တ ယောက် ထက်ကဲ ၊ တ ယောက်မဲ၍”။ တွင်းသင်းမင်းကြီး ၊ ဝေဿန္တရာပျို့ ၊ နှာ ၉၃။

— “ပြင်” နှင့်တွဲ၍

“ခြေမျှောက်လက်ဆွန့် ၊ တ ပြင်ကွန့်လျှင် ၊ တူခန့်လွတ်ကင်း”။ နဝဒေးကြီး ၊ မင်းနဝဒေးဆို ရတုပေါင်းချုပ်၊ နှာ ၈၂(၂)။

— “ပြည်” နှင့်တွဲ၍

“ပတ္တမြားတချည် ၊ ဆန် တ ပြည်သို့ ၊ ကြံစည်စတတ်”။ သျှင်အဂ္ဂသမာဓိ၊ နေမိဘုံခဏ်းပျို့ ၊ နှာ ၃၇။

— “ဖက်” နှင့်တွဲ၍

“အင်္ကျီ လည်ခွန် ၊ တ ဖက်ချွန် ၊ တွန့်ချွန် ထိုးလိုက်ပါ”။ ဦးအော ၊ ကဝိလက္ခဏာသတ်ပုံ ၊ နှာ ၅၁၂။

“ထိုမှာမြစ်ဝှမ်း ၊ တ ဖက်ကမ်းကား ၊ ချစ်ကြွမ်းမျိုးဆွေ”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခဏ်းပျို့ ၊ နှာ ၆၃။

“မငြီးသံရှည် ၊ တ ဖက်သည်က ၊ အိုးစည်သံလွန့်”။ မုံရွေးဆရာတော် ၊ မဟာသီလဝပျို့ ၊ နှာ ၈၆။

“မြေတွင်ချုတ်ချုတ် ၊ တ ဖက်တုတ်၍ ၊ ညှို့ဖြုတ်ထစ်ထစ် ၊ ရွယ်၍ပစ်သည်”။ သျှင်ရဋ္ဌသာရ ၊ ဘူရိဒတ်လင်္ကာကြီး ၊ နှာ ၉၃၂။

— “ဖန်” နှင့်တွဲ၍

“ကာလနှောင်းကျန် ၊ တမလွန်လည်း ၊ တ ဖန်ဝေဒနာ ၊ ဆင်းရဲရှာအံ့”။ သျှင်ရဋ္ဌသာရ ၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့ ၊ နှာ ၁၅။

“ပျက်စီး တ ဖန် ၊ ကိုယ် ထီးကျန်ရှင့် ၊ ရှေးညွှန်ကျမ်းလာ”။ သျှင်ရဋ္ဌသာရ ၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့ ၊ နှာ ၆၄။

“သာယာခြေငံ ၊ ဖြည့်ဖြူးသံနှင့် ၊ တ ရံ တ ဖန် ၊ ငါတောင်းပန်သည်”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခန်းပျို့ ၊ နှာ ၁၂။

“တ ပါးကြန်ကြန် ၊ တ ဖန်ကြတ်ကြတ် ၊ တ လတ်ကောင်းကောင်း”။ သျှင်အဂ္ဂသမာဓိ ၊ နေမိဘုံခဏ်းပျို့ ၊ နှာ ၁၆။

— “ဖုံ” နှင့်တွဲ၍

“မှတ်လော့ တ ဖုံ ၊ တရားထုံပိမ့် ၊ အာရုံမှားမိုက်”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခဏ်းပျို့ ၊ နှာ ၁၀၀။

— “ဖြာ” နှင့်တွဲ၍

“တန်ခိုးမဟိဒ် ၊ ပုညဇိဒ်နှင့် ၊ ကမ္မဇိဒ် တ ဖြာ”။ မန်လည်ဆရာတော် ၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ၊ နှာ ၃၅၆။

— “ဖြုတ်” နှင့်တွဲ၍

“တ ခေါ်မုဟုတ် ၊ တ ဖြုတ်ခဏ ၊ တ လှမ်းမျှဟု”။ သျှင်အဂ္ဂသမာဓိ ၊ သုဝဏ္ဏသျှံမြားပစ်ခဏ်းပျို့ ၊ နှာ ၄၃။

“ခဏ တ ဖြုတ် ၊ နှုတ်လည်းအလျင် ၊ 

ဆက်နှင့်ချဉ်သား”။ သျှင်အဂ္ဂသမာဓိ ၊ သုဝဏ္ဏသျှံသူဌေးခဏ်းပျို့ ၊ နှာ ၆၆။

“မကြာအဟုတ် ၊ ချက် တ ဖြုတ်ချင်း ၊ သုတ်သုတ်လျင်စွာ”။ မန်လည်ဆရာတော် ၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ နှာ ၁၀၄။

— “မိ” နှင့်တွဲ၍

“တ မိသားမွေး ၊ ဖြစ်လတ်သေးလည်း ၊ ဝေးတသက်သက် ၊ နီးကျက်ကျက်တိ”။ မန်လည်ဆရာတော် ၊ မဟာသုတကာရီ မဃဒေ

ဝ ပျို့ ၊ နှာ ၄၇၆။

— “မုဟုတ်” (တမုဟုတ်)

“ခဏချက်ပြုတ် ၊ တ မုဟုတ်၊ တသုတ် တသုတ်ချီ”။ ဦးအော ၊ကဝိလက္ခဏာသတ်ပုံ ၊ နှာ ၁၂၇၅။

— “မတ်” နှင့်တွဲ၍

“ဟုတ်လေး တ မတ် ၊ ကဲ့ရဲ့တတ်လျက် ၊ ညွတ်ညွတ်ညူးညူး”။ သျှင်အဂ္ဂသမာဓိ၊ နေမိငရဲခန်းပျို့ ၊ နှာ ၁၃။

— “မုံ့ “ နှင့် တွဲ၍

“ကံ့ကော်ပွင့်လိမ့်မည် တ မုံ့ ၊

ကျွမ့်ဘော်လင့်လိမ့်မည် တ မုံ့ ၊

လွမ်းမျှော်ဆင့်လိမ့်မည် တ မုံ့”။ နဝဒေးကြီး ၊ မင်းနဝဒေးဆို ရတုပေါင်းချုပ်၊ နှာ ၁၉၉။

— “မြုံ” နှင့်တွဲ၍

“လောကီအလိုက် ၊ ကြမ္မာတိုက်၍ ၊ တ သိုက် တမြုံ ၊ လူတို့ဘုံဝယ်”။ မန်လည်ဆရာတော် ၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ၊ နှာ ၃၃၄။

— “မွတ်” နှင့်တွဲ၍

“ချီးအံ့လူနတ် ၊ မေတ္တာညွတ်ရှင့် ၊ တ မွတ်လထား”။ လှော်ကားသုံးထောင်မှူး ၊ မင်းတရားရွှေထီး ဧချင်း ၊ နှာ ၁၄။

— “ယောက်” နှင့် တွဲ၍

“တ ယောက်မကျန် ၊ သက်သေဟန်ကား ၊ ဆုံးစွန်ခန္ဒာ”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၆၇။

“ဘုန်းစည် တီးဖြန်း ၊ နိုင်ငံ မြန်းက ၊ မကျန်း တ ယောက်”။ ရာဇဗာဟု လှော်ကား သုံးထောင်မှူး ၊ မင်းရဲကျော်စွာစုံဧချင်း ၊ နှာ ၂၃။

“ဉာဏ်ဝါရင့်မုံ ၊ ဗောဓိငုံကား ၊ တ စုံ တ ယောက် ၊ မထောက်မကူ”။ သျှင်ရဋ္ဌသာရ ၊

 စတုဓမ္မသာရကိုးခဏ်းပျို့ ၊ နှာ ၂၃၆။

“တ ယောက် တ ပြန် ၊ ကျည်းသားလှန်သို့ ၊ စောင်မာန်မရှုတ်”။ သျှင်ရဋ္ဌသာရ ၊ ဘူရိဒတ်လင်္ကာကြီး ၊ နှာ ၃၀၈။

“မျက်နှာကွက်လှည့် ၊ မကြည့် တ ယောက်”။

သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၂၇၆။

“ကွေကွင်းမှုဖြင့် ၊ ယခုငါချည်း ၊ တ ယောက်တည်းသည် ၊ သစ်ငုတ်မည်၍”။ 

သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၁၃၉။

— ကိန်းဂဏန်း “ရာ” နှင့် တွဲ၍

“စန္ဒရကန် ၊ နောင်ကြည့်မှန် ၊ တန်ဖိုးငွေ တ ရာ”။ ဦးအော ၊ ကဝိလက္ခဏာသတ်ပုံ ၊ နှာ ၅၅၈။

“တ ရာနှစ်လုံး ၊ သက်ဆုံးထပ်တူ ၊ အဘယ်သူကို”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ နှာ ၅၉။

— ကိန်းဂဏန်း

“ထောင်” “သောင်း” “သိန်း” နှင့်တွဲ၍

“သင်္ချာတွက်ကိန်း ၊ တ သိန်းခြောက်သောင်း ၊ ရှစ် ထောင် ပေါင်းဖြင့်”။ သျှင်ရဋ္ဌသာရ ၊ တန်တားဦးတည် မင်္ဂလာစေတီမော်ကွန်း ၊

နှာ ၂ (၂)။

လှေကား တ သောင်း ၊ ကြည်းကြောင်း တ သိန်း ၊ စက်ကိန်းသာပျော်”။ဆီးကိုင်စား ၊ နတ်သျှင်မယ်တော် ဧချင်း ၊ နှာ ၂၆။

“မြောက်ဘက်ရပ်ထွေ ၊ ကုဋေ တ သိန်း ၊ ကျိန်းကိုထားဘိ”။ တလုပ်မြို့စား သင်္ခယာ ၊ မဟာဥပရာဇာ ဧချင်း ၊ နှာ ၄။

“ကုဋေ တွက်ကျိန်း ၊ တ သိန်း စကြာဝဠာ ၊ အာဏာဖြန့်ချဲ့”။ သျှင်ရဋ္ဌသာရ ၊ သံဝရပျို့ ၊ နှာ ၁။

— “ရက်” နှင့်တွဲ၍

“ထံတော်စက်ကို ၊ တ ရက်မချွတ် ၊ ရိုညွတ်ကျိုးနွံ”။ သျှင်ရဋ္ဌသာရ ၊ တန်တားဦးတည် မင်္ဂလာစေတီမော်ကွန်း ၊ နှာ ၂ (၅)။

— “ရပ်” နှင့်တွဲ၍

“ထိုပြီးတ ရပ် ၊ နေမှတ်အပ်သား ၊ အကွပ်စိုးမှူး” သျှင်အုန်းညို ၊ ဂါထာ ခြောက်ဆယ်ပျို့ ၊ နှာ ၇၈။

သင်ဖြူးခင်း တ ရပ် ၊ မြီးပန်းချပ်သလုံးဖြူ ၊ သုံးပါးမူကား”။ မုံရွေးဆရာတော် ၊ ကုသပျို့ ၊ နှာ ၂၂၆။

“ခေါ်မြဲ တ ရပ် ၊ ကြံညှပ်ယန္တရား ၊ စက်အလားသို့၊ မန်လည်ဆရာတော် ၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ နှာ ၄၆၅။

— “ရံ” နှင့် တွဲ၍

“နှိုင်းတု တ ရံ ၊ မနောကံမျှ ၊ မကြံစဖူး”။ 

သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၂၂၉။

“ဆောက်တည်မြဲမြန် ၊ သုံးပါးကန်နှင့် ၊ တ ရံ မကင်း”။ နဝဒေးကြီး ၊ မင်းနဝဒေးဆို ရတုပေါင်းချုပ် ၊ နှာ ၂၂၅။

“ကောင်းသားလုပ်ကြံ ၊ တ ရံမလျှော့ ၊ မပေါ့မမေ့”။ သျှင်ရဋ္ဌသာရ ၊ သံဝရပျို့ ၊ နှာ ၁၅၆။

“ရေကြောင်းစည်းစိမ် ၊ နန်းဖောင်အိမ်ထက် ၊ တ ကြီမ် တ ရံ။ သျှင်အဂ္ဂသမာဓိ ၊ နေမိဘုံခဏ်းပျို့ ၊ နှာ ၂၀။

“နားပါးမခံ ၊ မနောကံမျှ ၊ တ ရံ တ ဆစ် ၊ မပြစ်မမှား”။ သျှင်ရဋ္ဌသာရ ၊ သံဝရပျို့ ၊ နှာ ၁၅၂။

“သာယာခြေငံ ၊ ဖြည့်ဖြူးသံဖြင့် ၊ တ ရံ တ ဖန် ၊ ငါတောင်းပန်သည်”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရကိုးခဏ်းပျို့၊ နှာ ၁၂။

— “ရှဉ်း” နှင့်တွဲ၍

“သွားလာ စေ့ချဉ်း ၊ နွား တ ရှဉ်းသို့ ၊ ခွေ့မျဉ်းသေချာ”။ သျှင်အဂ္ဂသမာဓိ ၊ သုဝဏ္ဏသျှံမြားပစ်ခန်းပျို့ ၊ နှာ ၆၄။

— “လည်” နှင့်တွဲ၍

“အငယ်တည်းက ၊ မဆုံးမသော် ၊ မိဘ တလည် ၊ ရန်သူမည်၏”။ သျှင်ရဋ္ဌသာရ ၊ သံဝရပျို့ ၊ နှာ ၂၃။

“ပြောဝပင်စည် ၊ မိမိပြည်သို့ ၊ တ လည် လည်းကောင်း”။ သျှင်ရဋ္ဌသာရ ၊ ဘူရိဒတ် လင်္ကာကြီး ၊ နှာ ၁၈။

“တထူး တ လည် ၊ သူ့လင်ရည်နှင့် ၊ စံတည်ပမာ ၊ ပြိုင်နှိုင်းရှာမူ”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုး ခဏ်းပျို့ ၊ နှာ ၂၂၄။

— “လုံး” နှင့်တွဲ၍

“ကမ္ပည်းလိပ်ဖုံး ၊ စာ တ လုံးက ၊ တွက်ကျုံးဓိပ္ပာယ် ၊ အနက်ကျယ်သို့”။ သျှင်အဂ္ဂသမာဓိ ၊ နေမိဘုံခဏ်းပျို့”။ နှာ ၈၅။

“မတ်ရာညွတ်ရုံး ၊ ကျောက် တ လုံးဝယ် ၊ ပတ်ကုံးတရှက်”။ ရှင်ထွေးညို ၊ ပြည်စုန်မော်ကွန်း ၊ နှာ ၁၉။

“ဆေးဆေး တ လုံး ၊ ဆေးပမုံး ၊ ဖုံးမသိမ်မှုန့်ဖျန်း”။ ဦးအော ၊ ကဝိလက္ခဏာသတ်ပုံ ၊ နှာ ၂၃၁။

“ကိုးခိုး ကုံးခုံး ၊ တ လုံးတနာ ၊ သင်ဘူးပါသား ၊ ဆရာသမား”။ သျှင်အဂ္ဂသမာဓိ ၊ နေမိငရဲခန်းပျို့ ၊ နှာ ၁၂၅။

— “လျား” နှင့်တွဲ

“မျက်ပြေစိမ့်ငှါ ၊ သာယာလျောက်ပတ်၊ ငါ့ကိုညွတ်၏ ၊ တလတ် တ လျား”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၁၅၀။

— “လှမ်း” နှင့်တွဲ၍

“တ ခေါ်မုဟုတ် ၊ တ ဖြုတ် တ ခဏ ၊ တ လှမ်းမျှဟု”။ သျှင်အဂ္ဂသမာဓိ ၊ သုဝဏ္ဏသျှံမြားပစ်ခဏ်းပျို့ ၊ နှာ ၄၃။

“အသွားမတော် ၊ မလျော် တ လှမ်း ၊ ထုံးငြမ်းဉပဒေ ၊ သက်သေစဉ်လာ”။ မုံရွေးဆရာတော် ၊ ဥတိန္နပျို့ ၊ နှာ ၄၃။

— “လွှာ” နှင့်တွဲ၍

“တောင်ဝှေးဘိနပ်၊ ချည်ချောင်းအပ်နှင့် ၊ မုန့်ကြွပ် တ လွှာ”။ သျှင်အဂ္ဂသမာဓိ၊ နေမိဘုံခဏ်းပျို့ ၊ နှာ ၈။

— “ဝန်း” နှင့်တွဲ၍

“မြေပြင် တ ဝန်း ၊ တုလွတ်ကျွန်းသည် ၊ မော်ကွန်းစံပြည့် ထွတ်နေ၏”။ နဝဒေးကြီး ၊ မင်းနဝဒေးဆို ရတုပေါင်းချုပ် ၊ နှာ ၁၆၅ (၃၅)။

“တောင်ငူ တောင်တွင်း ၊ ချင်းတွင်း တ ဝန်း ၊ ဖိုငန်းအနောက်”။ သျှင်ရဋ္ဌသာရ ၊ ပုံတောင်နိုင် မော်ကွန်း ၊ နှာ ၄၆။

“သင်္ခမ်း တ ဝန်း ၊ ပြုဖန်ဆန်းမှ ၊ ရဟန်းပရိက္ခရာ”။ သျှင်ရဋ္ဌသာရ ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့ ၊ နှာ ၂၇၉။

— “ဝမ်း” နှင့်တွဲ၍

“ချစ်ခင်ကြင်ကျွမ်း ၊ တ ဝမ်းသည်းအူ ၊ နှလုံးတူသည်၊ ကြင်သူခင်ပွန်း”။ သျှင်ရဋ္ဌသာရ ၊ ဘူရိဒတ်လင်္ကာကြီး ၊ နှာ ၂၅။

— “သပြာ” နှင့်တွဲ၍

“ရှာဖွေစူးစမ်း ၊ လောင်းတမ်းစရာ ၊ တ သပြာမျှ”။ သျှင်ရဋ္ဌသာရ ၊ ဘူရိဒတ်လင်္ကာကြီး ၊ နှာ ၃၁၀။

— “သီး” နှင့်တွဲ ၍

“ တ သီးမည်မှန်း ၊ ခေါင်းအဝှန်းက ၊ ရာမှန်းကြပြီး”။ ဝန်ကြီးပဒေသရာဇာ ၊ သူဇာပျို့ ၊ နှာ ၂၇၃။

— “သိုက်” နှင့်တွဲ၍

“ယခုကြိုက်ဝယ် ၊ တ သိုက်ဝန်းလျား ၊ ဘယ်စကားဖြင့်”။ တွင်းသင်းဝန် မဟာစည်သူ ၊ မဟာဇနကပျို့ နှာ ၂။

“လောကီအလိုက် ၊ ကြမ္မာတိုက်၍ ၊ တ သိုက် တ မြုံ”။ မန်လည်ဆရာတော် ၊ မဟာသုတကာရ္ မဃဒေဝပျို့ ၊ နှာ ၃၃၄။

— “သုတ်” “မုဟုတ်”နှင့်တွဲ၍

“ခဏချက်ပြုတ် ၊ တ မုဟုတ် ၊ တ သုတ် တသုတ် ချီ”။ ဦးအော ၊ ကဝိလက္ခဏာသတ်ပုံ ၊ ၁၂၇၅။

— “သွန်” နှင့်တွဲ၍

“ထိပ်တင်ရှိပန်း ၊ ရဟန်း တ သွန် ၊ အာဂန္တုက ၊ ဟူသမျှနှင့်”။ သျှင်ရဋ္ဌသာရ ၊ စုဓမ္မသာရ ကိုးခန်းပျို့ ၊ နှာ ၂၉၈။

“သားငှက် တ သွန် ၊ တိရစ္ဆာန်တို့ ၊ အခွန်ပို့ငှါ ၊ ထံတော်လာသား ၊ ဓမ္မာ သောက”။ သျှင်ရဋ္ဌသာရ ၊ တန်တားဦး မင်္ဂလာစေတီမော်ကွန်း ၊ နှာ ၃၃။

“ကိစ္စ တ သွန် ၊ ပဒဋ္ဌာန် ၊ မဟဏ်မြစ်ပမာ”။ ဦးအော ၊ ကဝိလက္ခဏာသတ်ပုံ ၊ နှာ ၅၇၈။

“လမ်းကြောင်း တ သွန် ၊ ကောင်းခြီးတွန်လျက်၊ တံခွန် ကုတ်ကား”။ သျှင်ရဋ္ဌသာရ ၊ တန်တားဦးတည် မင်္ဂလာစေတီမော််ကွန်း ၊ နှာ ၁၁။

— နာမ်ဖြစ်သော “အိုး” နှင့်တွဲ၍

“ဆေး တ အိုးကျွမ်း ၊ ကွမ်း တ ယာညက် ၊ စိတ်စက်ပျော်ပိုက်”။ စိန္တကျော်သူ ၊ ဩဝါဒ

ထူးပျို့ ၊ နိဂုံး။

— “အုပ်” နှင့်တွဲ၍

“ညဉ့်ငှက် တ အုပ် ၊ ပြင်းဟုပ် မဝံ့ ၊ အညံ့မချောင်း”။ သျှင်ရဋ္ဌသာရ ၊ သံဝရပျို့ ၊ နှာ ၁၇၀။

အချိန်ရပါက ဤကျမ်းကိုးများကို နောက်ရက်များတွင် ထပ်၍ ဖြည့်ပါမည်။

ကျန်းမာကြပါစေ။ (U Thein Tun)

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ