Skip to main content

ကျောင်းသုံးစာအုပ်ပါ အမှားများ

ပညာရေးဝန်ကြီးဌာနထုတ် ကျောင်းသုံးစာအုပ်တွေမှာ အမှားတွေကို မကြာခဏတွေ့ရတယ်။ အလျဉ်းသင့်တိုင်း အထောက်အထားတွေနဲ့ တင်ပြထားပါတယ်။ 

၁။ မြန်မာကဗျာလက်ရွေးစင် ဒသမတန်း စာအုပ်ဖုံးမှာ ဒသမတန်းကတော့ မှန်ပါတယ်။

GRADE 11 မှားနေတယ်။

- ဒသမ ကို ၁၁ လိုလို အထင်မှားစေနိုင်တယ်။

- 11th Grade လို့ရေးမှသာ မှန်တယ်။ 

၂။ ဆဋ္ဌမတန်း

Grade -7 မှား နေတယ်။

7th Grade လို့ ရေးရတယ်။ 

သတ္တမ နဲ့ ဂဏန်း ၇ မတူပါ။ သတ္တမဆိုတာ ၇ ခုမြောက်။

အလွယ်တကူပြောဆိုကြပေမဲ့ ၇ တန်းဆိုတာ လူတွေဖြစ်ဖြစ် ပစ္စည်းတွေဖြစ်ဖြစ် အတန်းလိုက်စီထားတာ။ 'အဆင်ဘလီ' မှာ ကျောင်းသားတွေ အတန်းလိုက် ၇ တန်းစီထားတာမျိုး။

၃။ ပဉ္စမတန်း ပထဝီဝင် ဖတ်စာအုပ်၊ စာမျက်နှာ (၄) မှာ မြောက်ယဉ်စွန်းတန်းကို အီကွေတာမျဉ်းလို့ပြထားတာ မှားနေတယ်။

၄။ သမိုင်း

ဆဋ္ဌမတန်း

စာမျက်နှာ ၂၉

အခန်း ၂။ ကမ္ဘာ့သမိုင်း

က။ ဂရိမြို့ပြနိုင်ငံ၏ ရှေးဦးယဉ်ကျေးမှုများ

(၁) ဂရိမြို့ပြနိုင်ငံထူထောင်ခြင်း

၂၀၀၀ ဘီစီခန့်တွင် ဂရိကျွန်းဆွယ်ကို အင်ဒိုဥရောပ (Indo European) အစ္စလာမ်နွယ်ဝင် ဂရိလူများတို့ ဝင်ရောက် အခြေချနေထိုင်ခဲ့ကြသည်။

မှတ်ချက် - အစ္စလာမ်ဘာသာက အေဒီ ၆၁၀ ရောက်မှသာ စတင်ပါတယ်။

One of the most commonly asked questions about the history of Islam is 'when did Islam begin? '. Its origins can be traced back to 610 A.D. which is when the Prophet Muhammad (PBUH) first saw the Angel Jibril and shared the words of Allah (SWT).

၅။ မြန်မာကဗျာလက်ရွေးစင် ဒသမတန်း၊ ၂၀၀၅-၂၀၀၆ ကျောင်းသုံးစာအုပ်၊ စာမျက်နှာ ၁၄-၁၅ မှာပါတဲ့ နွေဦးကာလ မြူထသောခါ ကဗျာကလည်း မူရင်းကဗျာပါစာလုံးပေါင်းသတ်ပုံတွေကို ပြင်ထားတယ်။ ပါမောက္ခဦးအေးမောင်ပြုစုတဲ့ ကဗျာ့ပန်းကုံးထဲက ထန်းတက်သမား (ဝန်ကြီးပဒေသရာဇာ) ထဲမှာ အမှန်အတိုင်း ပါတယ်။

၆။ ကျောင်းသုံးစာအုပ်မဟုတ်ပေမဲ့ အွန်လိုင်းမှာမကြာခဏတွေ့ရတဲ့ အစိမ်းရောင်နောက်ခံနဲ့ပုံထဲမှာ -

ဆဌမ မှားတယ်။ ဆဋ္ဌမ လို့ရေးရတယ်။

ဒဿမ မှားနေတယ်။ ဒသမ လို့ရေးရတယ်။

ဧကဒဿမ မှားနေတယ်။ ဧကဒသမ လို့ရေးရတယ်။

ဒွာဒဿမ မှားနေတယ်။ ဒွာဒသမ လို့ရေးရတယ်။

၇။ အမှားနောက်တခုကတော့ KG နှင့် Kg ဖြစ်ပါတယ်။

KG ဆိုတာ သူငယ်တန်း။

Kg ဆိုတာ ကီလိုဂရမ်။

၈။ မြန်မာစာမေးခွန်း

အထက (၁) သာယာဝတီ ပထမတန်း လပတ်စစ်ဆေးခြင်း၊ မြန်မာစာမေးခွန်း = အောက်ပါကဗျာကို လက်ရေးလှ ကူးရေးပါ။

တပည့်ဝတ် = ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

စာမေးပွဲမေးခွန်းက မှားနေတယ်။ အဲတာက သားသမီးဝတ်သာဖြစ်ပါတယ်။

၉။ ဒသမတန်း မြန်မာကဗျာလက်ရွေးစင် (၂၀၁၅-၂၀၁၆)

စုစုပေါင်း ကဗျာ ၁၆ ပုဒ်ပါတယ်။ မူရင်းကဗျာပါစာလုံးပေါင်းသတ်ပုံတွေကို တမင်တကာ ပြင်ထားတယ်။

ဥပမာ -

- ရွှေနဲ့ယိုးမှား ပန်းစကား (ရှေးစာဆို)

- နွေဦးကာလ မြူထသောခါ (ဝန်ကြီးပဒေသရာဇာ)

- ဆောင်းရတုပွဲ (အချုပ်တန်းဆရာဖေ)

- သင်သေသွားသော် (ဇော်ဂျီ)

- သူရဲကောင်းသုံးယောက်နှင့် ခရီးသည် (ငွေတာရီ)

- စစ်မှာတမူ အိုင်ချင်း

မလုပ်ကောင်းပါ။ မလုပ်ရပါ။ မူရင်းစာဆိုတွေကို စော်ကားတာ။ ကျောင်းသူကျောင်းသားတွေကို အမှားသင်ပေးတာ။ သူတို့ထဲကတချို့ ကဗျာဆရာတွေလုပ်နေကြပြီ။

1. Equator Line အီကွေတာ နေရာပြောင်းပြီလော https://burmese-spelling.blogspot.com/2022/12/equator-line.html

2. First Grade ပဌမ (ပထမ) တန်း https://burmese-spelling.blogspot.com/2025/01/first-grade.html

3. International လို့ ရေးရ https://burmese-spelling.blogspot.com/2023/04/international.html

4. KG နှင့် Kg ကျောင်းသုံးစာအုပ် အမှားများထဲက တခု https://burmese-spelling.blogspot.com/2025/01/kg-kg.html

5. ကျောင်းသုံးစာအုပ်တွေ မှားနေတယ် https://burmese-spelling.blogspot.com/2024/06/blog-post_418.html

6. ကျောင်းသုံးစာအုပ်တွေကပြောသော နိုင်ငံရေး https://burmese-spelling.blogspot.com/2024/01/blog-post_608.html

7. စစ်မှာတမူ အိုင်ချင်း https://burmese-spelling.blogspot.com/2025/01/blog-post_523.html

8. ဆောင်းရတုပွဲ (၂) https://burmese-spelling.blogspot.com/2024/12/blog-post_76.html

9. ဆောင်းရတုပွဲ https://burmese-spelling.blogspot.com/2022/12/blog-post_735.html

10. ထန်းတက်သမားဖွဲ့ တျာချင်း မူရင်း မူကွဲ မူလွဲ https://burmese-spelling.blogspot.com/2024/01/blog-post_901.html

11. နံရှားကြိုင်လွင့်၊ ခါတန်ပွင့်သည် https://burmese-spelling.blogspot.com/2024/08/blog-post_65.html

12. နွေဦးကာလ မြူထသောခါ https://burmese-spelling.blogspot.com/2024/12/blog-post_685.html

13. နိုင်ငံတော်အမှား https://burmese-spelling.blogspot.com/2023/05/blog-post_874.html

14. ပုပ္ပားနတ်တောင်လင်္ကာ https://burmese-spelling.blogspot.com/2022/11/blog-post_56.html

15. ဘ ဘကုန်း ဘာလို့တုံး https://burmese-spelling.blogspot.com/2024/10/blog-post_435.html

16. မြစေတီကျောက်စာသည် အားထားစရာလော ရန်ပြုရန်လက်နက်တခုလော https://burmese-spelling.blogspot.com/2024/09/blog-post_813.html

17. သင်သေသွားသော် https://burmese-spelling.blogspot.com/2023/04/blog-post_981.html

18. သူရဲကောင်းသုံးယောက်နှင့် ခရီးသည် https://burmese-spelling.blogspot.com/2024/09/blog-post_971.html

19. အီကွေတာမျဉ်း https://burmese-spelling.blogspot.com/2024/06/blog-post_86.html

နောက်ထပ်လည်း ရှိသေးတယ်။

ကျွန်တော်သာ ပြည်တွင်းမှာနေရရင်လိုအမှားတွေ သောင်းခြောက်ထောင်ကို တင်ပြနိုင်ပါမယ်။ 

ပြည်တွင်းမှာနေရသူတွေက အမှားကို အမှားလို့ပြောဆိုပိုင်ခွင့် မရှိ။ အလုပ်ပြုတ်မယ်။ နေရာဒေသအပြောင်းခံရမယ် ထောင်ကျနိုင်တယ်။ ထွက်ပြေးရမယ်။

အလွဲအမှားတွေအတိုင်း သင်ပေး၊ ရေးသား၊ ထုတ်ဝေသူတွေဆိုရင်တော့ စာမေးပွဲအောင်မယ်။ ဘွဲ့တွေဘာတွေရမယ်။ ရာထူးမြဲမယ်။ ရာထူးတိုးမယ်။ 

စာအုပ်ထုတ်ရင် ရောင်းကောင်းမယ်။ ဆုတွေဘာတွေရမယ်။ 

ပြည်ပမှာလည်း မထူးပါဘူး။

- ကျောင်းသူကျောင်းသားတွေ စာအမှန်တွေကိုသာ သင်ယူကြရပါစေသတည်း။

- ဆရာဆရာမတွေ စာအမှန်တွေကိုသာ သင်ပေးကြရပါစေသတည်း။

- တိုင်းပြည်မှာ အမှားတွေကြီးစိုး လွှမ်းမိုးမှုတွေ ကုန်ဆုံးပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ