Skip to main content

အရီးကြီးနှင့် ဆီးသီး

(၁) 

အရီးကြီးတပါး မြင်းစီး၍ တရံခါက

ပွဲဈေးသွားသည်ကို သင်တို့ ကြားဖူးပါစ။

၎င်းထက် ကိုင်တွယ်၍ လွယ်သော သတ္တဝါမရှိ

တခွန်းဖြင့် ခွာဆုန်ပြေးရာက ၎င်းရပ်၏။

သို့ရာတွင် ဟေးဟု တခွန်းမျှ အရီးဆိုလျှင်

စိတ်ဆောင်၍ တအားကုန် ၎င်းပြေးပြန်တော့အင်။   ။

(၂) 

နေမင်းသည် တောက်ပစွာ ထွန်းလင်းနေခိုက်တွင်

မြို့တံခါးအနီးသို့ အရီးရောက်သွားလျှင်။

လိုချင်တောင့်တသော သူ့မျက်စိတို့ မြင်ဘိ

ချုံတွင်းရှိ ဆီးပင်နှင့် ၎င်း၏ ဆီးသီးမှည့်။

စိမ်းစိုမြင့်ပါးသော အကိုင်းအခက်တို့ဝယ်

လှပကြီးမားသော ဆီးသီးမှည့်များ ပေးတယ်။   ။

(၃) 

အစာရေစာ မွတ်သိပ်သော အရီးသည်

အသီးကို တမ်းတလည်း ဆူးကြောင့် ကျောချမ်းပြီ။

တခွန်းဖြင့် ခွာဆုန်ပြေးသော မြင်းကိုရပ်ကာ

၎င်း၏ ကျောက်ကုန်းထက် သူရပ်၏ မတ်စွာ။

ဆီးသီးကို ဆွတ်စားကာ ကုန်းနှီးထက် သူရပ်၏

သခင်ကိုဆောင်ကာ ဆီးပင်အောက် ၎င်းရပ်ဘိ။  ။

(၄) 

အမှန်ပင် သူတွေး၏၊ “ငါ့မြင်းသို့ သော သတ္တဝါ

ကမ္ဘာပေါ်တွင်ရှာက တွေ့နိုင်မည် မဟုတ်ပါ။

ကြည့် သည်မှာ ငါရပ်၏

(ပတ်ဝန်းကျင်ကို သူ ကြည့်၏။)

မြေကြီးပေါ်တွင် ရပ်နေသကဲ့သို့ မြဲလှဘိ။

သို့သော် ဓာတ်မသိသူ ခရီးသည် ရောက်လာလျှင်

 (အကျိုးယုတ်စေရန် မအောက်မေ့ဘဲ ဟေးလိုက်လျှင်)

ဘယ်သို့ ရှိမည်ကို မစဉ်းစားရဲစရာပင်။   ။

(၅) 

ဆီးပင်ကြား၌ ခေါင်းထား၍ ရပ်လျက် သူရှိ

အသံထွက်အောင် စဉ်းစား၍ ဟေးဟု ဆိုမိ။

၎င်းလည်း ကြားသည်နှင့် ရှေ့သို့ ခုန်လှမ်းရာ

ချုံတွင်းသို့ ဇောက်ထိုးကျရှာ အရီးခမျာ။

ဆူးမွေ့ရာထက်ဝယ် သူသတိရလည်း နောက်ကျသည်

စဉ်းစား၍ လျော်သည့်တိုင် ဖွင့်ပြော၍ မတော်ပြီ။   ။ (ဒေါက်တာမောင်ဖြူး)

(အရီးကြီး = အရည်းကြီး)

(ရှေးစာကဗျာများ)

ပုံအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ