Skip to main content

အရီးကြီးနှင့် ဆီးသီး

(၁) 

အရီးကြီးတပါး မြင်းစီး၍ တရံခါက

ပွဲဈေးသွားသည်ကို သင်တို့ ကြားဖူးပါစ။

၎င်းထက် ကိုင်တွယ်၍ လွယ်သော သတ္တဝါမရှိ

တခွန်းဖြင့် ခွာဆုန်ပြေးရာက ၎င်းရပ်၏။

သို့ရာတွင် ဟေးဟု တခွန်းမျှ အရီးဆိုလျှင်

စိတ်ဆောင်၍ တအားကုန် ၎င်းပြေးပြန်တော့အင်။   ။

(၂) 

နေမင်းသည် တောက်ပစွာ ထွန်းလင်းနေခိုက်တွင်

မြို့တံခါးအနီးသို့ အရီးရောက်သွားလျှင်။

လိုချင်တောင့်တသော သူ့မျက်စိတို့ မြင်ဘိ

ချုံတွင်းရှိ ဆီးပင်နှင့် ၎င်း၏ ဆီးသီးမှည့်။

စိမ်းစိုမြင့်ပါးသော အကိုင်းအခက်တို့ဝယ်

လှပကြီးမားသော ဆီးသီးမှည့်များ ပေးတယ်။   ။

(၃) 

အစာရေစာ မွတ်သိပ်သော အရီးသည်

အသီးကို တမ်းတလည်း ဆူးကြောင့် ကျောချမ်းပြီ။

တခွန်းဖြင့် ခွာဆုန်ပြေးသော မြင်းကိုရပ်ကာ

၎င်း၏ ကျောက်ကုန်းထက် သူရပ်၏ မတ်စွာ။

ဆီးသီးကို ဆွတ်စားကာ ကုန်းနှီးထက် သူရပ်၏

သခင်ကိုဆောင်ကာ ဆီးပင်အောက် ၎င်းရပ်ဘိ။  ။

(၄) 

အမှန်ပင် သူတွေး၏၊ “ငါ့မြင်းသို့ သော သတ္တဝါ

ကမ္ဘာပေါ်တွင်ရှာက တွေ့နိုင်မည် မဟုတ်ပါ။

ကြည့် သည်မှာ ငါရပ်၏

(ပတ်ဝန်းကျင်ကို သူ ကြည့်၏။)

မြေကြီးပေါ်တွင် ရပ်နေသကဲ့သို့ မြဲလှဘိ။

သို့သော် ဓာတ်မသိသူ ခရီးသည် ရောက်လာလျှင်

 (အကျိုးယုတ်စေရန် မအောက်မေ့ဘဲ ဟေးလိုက်လျှင်)

ဘယ်သို့ ရှိမည်ကို မစဉ်းစားရဲစရာပင်။   ။

(၅) 

ဆီးပင်ကြား၌ ခေါင်းထား၍ ရပ်လျက် သူရှိ

အသံထွက်အောင် စဉ်းစား၍ ဟေးဟု ဆိုမိ။

၎င်းလည်း ကြားသည်နှင့် ရှေ့သို့ ခုန်လှမ်းရာ

ချုံတွင်းသို့ ဇောက်ထိုးကျရှာ အရီးခမျာ။

ဆူးမွေ့ရာထက်ဝယ် သူသတိရလည်း နောက်ကျသည်

စဉ်းစား၍ လျော်သည့်တိုင် ဖွင့်ပြော၍ မတော်ပြီ။   ။ (ဒေါက်တာမောင်ဖြူး)

(အရီးကြီး = အရည်းကြီး)

(ရှေးစာကဗျာများ)

ပုံအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments