စပယ် နဲ့ စံပယ် မူကွဲတွေဖြစ်ပါသည်။
စံပါယ်ပန်း မမှန်ပါ။
စံပယ်¹ – န / စန်ပယ် / မွှေးသော အပွင့်ဖြူပွင့်သည့် ချုံပင်။ (နယုန်လရာသီပန်းဟု အမှတ်ပြုသည်။ စံပယ်အမျိုးမျိုးစွာ ရှိသည်။) စံပယ်² – ကြိ / စန်ပယ် / တင့်တယ်သည်။ ကျက်သရေရှိသည်။ တင့်တယ်သောအသွင်ကို ဆောင်သည်။ အသရေကိုဆောင်သည်။ တင့်တယ်စွာတည်နေသည်။ "ဗိမာန်ထဲဝယ်၊ အမြဲစံပယ်၊ တန်ခိုးကြွယ်သား၊ ငါ့မယ်မင်းစိုး။" ဘူလင်* ၁၄၅။ "မြတ်သောဘုရား၏ စံပယ်ခြင်းဖြင့် ရတနာဂူမှ ထွက်သော ရွှေခြင်္သေ့။" ကိကုဏ်။ ၁၅။
စံပယ်တင် – ကြိ / စန်ပယ်တင် / သင်္ကန်း၊ ပုဆိုး၊ ပဝါ စသည်ကို လက်ဝဲပုခုံးတွင် တတောင်ထားပြီးလျှင် ကျန်တစကို ကျောမှသိုင်းကာ လက်ယာချိုင်းအောက်မှလျှို၍ လက်ဝဲပုခုံးပေါ် တင်သည်။ "ပုဆိုးကို စံပယ်တင်၍။" ကိကုဏ်။ ၅၅၅။ စံပယ်တင်မှဲ့ – န / စန်ပယ်တင်မဲ့ / အထက်နှုတ်ခမ်းအနီး ပါးပြင်ပေါ်တွင် ပေါက်သောမှဲ့။ စံပယ်မှူး – န / စန်ပယ်မှူး / ကောက်ကြီးစပါးမျိုးအဝင် စပါးတမျိုး။
၁။ စံပယ် စပယ်လား ၈တန်း မြန်မာစာ
၂။ အိုးပုတ်စံပါယ်တွေရောက်ပါပီ စိတ်ကြိုက်လာရွေးပါ - စပယ်လို့ရေးတာ မှန်တယ်။ စံပယ်ကတော့ မူကွဲ။ စံပါယ် မှားတယ်။ ပါပီဆိုတာ ခွေးကလေးကို ခေါ်တယ်။
၃။ စပ္ပါယ် လို့ရေးတာ မမှန်ပါ။ စပယ်လို့ရေးတာ မှန်တယ်။ စံပယ်ကတော့ မူကွဲ။ စပ္ပါယ် မှားတယ်။ စပ်ပါယ်လို့ ဖတ်ရမယ်။ ပယ် နဲ့ ပါယ်လည်း မတူပါ။
၄။ ဆရာစိုက်ထားတဲ့ စံပယ်ပင်တောင် များသေးတယ် ကျတော့ စံပယ်ပင်က မပွားလာတော့ဘူး။
၅။ စပယ်ပန်းလား စံပယ်ပန်းလားဆရာ။ စပယ်လို့ရေးတာ မှန်တယ်။ စံပယ်ကတော့ မူကွဲ။
၆။ ဆရာ ၁၉၇၀ လောက်က သီချင်းဆွေထဲမှာ စပယ်လို့ပဲရေးတာတွေ့တယ် အခုမှဘာလို့ စံပယ်လို့ဖြစ်ကုန်တာလဲဆရာ ဆရာရေးထားတာလဲတွေ့ပါတယ် ကျနော်တို့ကျောင်းမှာသင်ခဲ့ရတာက စံပယ်လို့ပဲသင်ခဲ့ရလို့ပါ။ အချိန် သိပ်မကြာသေးတာကို မြန်မာစာပေက အတော်ပြောင်းလဲသွားတာလားဆိုတာ စဉ်းစားမိနေတယ်ဆရာရေ။
၇။ ဆရာရေ စပယ်ပန်းရေးတဲ့ စာလုံးပေါင်း ပြန်တင်ပေးပါဦးခင်ဗျာ။ စံပယ်ပင် စံပယ်ပန်း စပယ် စပါယ် ရှုပ်ကုန်လို့။
စပယ်ကို သေးသေးတင်တာ မမှန်ပါ။ သင်ပုန်းကြီးဖတ်စာမှာ စ စပယ်ဖြူ မွှေးကြူကြူလို့ သင်ခဲ့ရတယ်။
စပယ်လို့ရေးတာ မှန်တယ်။ စံပယ်ကတော့ မူကွဲ။
မူရင်းက စပယ်ဆိုရင် စံပယ်လို့ မပြင်ရပါ။ အောင်လင်းရေးတဲ့ အရိုင်းစပယ်ကို ပြင်ထုတာ် မလုပ်သင့်မလုပ်ထိုက်ပါ။
(၁)
သင်ပုန်းကြီး
စပယ် တကုံး
ဘယ်လို သုံးမလဲ
ပြုံး၍ မေးသည်
မယ်အုံက ဆံထုံးမှာ ပန်မည်။
(၂)
ခုခေတ်ထုတ် စတုတ္ထတန်းမြန်မာဖတ်စာမှာ စံပယ်တဲ့ လေးရုံ၊ ပျိုတို့မောင် မပန်ထိုက် ပန်ပြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန် တစ်ငုံဖြင့် ကျန်ပါသေးတယ်လို့ ရိုက်ထားတယ်။ ကဗျာခေါင်းစဉ်ကို စံပယ်ရုံလို့ ပေးထားတယ်။ အမှန်က ဘုရားငါးဆူ ပဟေဠိလေးဆစ်ကဗျာဖြစ်ပါတယ်။ တငုံကျန်ပါသေးသာဖြစ်ပါတယ်။
စပယ်တဲ့ လေးရုံ
မလေးကွယ် မပန်ထိုက်
ပန်းပြတ်ခိုက် ကြုံ
အပွင့်ရယ် ကုန်
တငုံ ကျန်ပါသေး
ပန်ချင်သူ ညိုနွဲ့နှောင်းရယ်
ခေါင်း ဖြီးခဲ့လေး။
စပယ်တင်မှဲ့၊ = အထက်နှုတ်ခမ်းစွန်းအနီး ပါးပြင်ပေါ်တွင် ပေါက်သောမှဲ့။
စပယ်ထပ် = နှစ်ထပ်မိုးထားသော ခေါင်မိုး။
စပယ်ကောင်းလျှင် တပွင့်၊ အရွယ်ကောင်းလျှင် အသင့်။
(၃)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၃)၊ စာမျက်နှာ (၃၄၉) မှာ စပယ်လို့ ရိုက်နှိပ်ထားပါတယ်။ အရင်ထုတ်သတ်ပုံမှာ စံပယ်ပန်းလို့ ရေးတယ်။ ကျွန်တော်တို့က စပယ်ပန်းနဲ့ ကြီးပြင်းလာရတာ။
(၄)
စပယ်ပင် ဇာတ်စခန်း၊ ဘတ်စမ်းပ ဆုံးအောင်၊ လတ်တန်း၍ ထုံးနှောင်သည်၊ ကုန်းဘောင်မြို့အကြောင်း၊ ဘတ်မိလို့ အဆုံးတိုင်လျှင်၊ မမုန်းနိုင်ရှုလိမ့်ထပ်လောင်း။ (ဦးလတ် ရေးသားတဲ့ စပယ်ပင်ဝတ္ထု အမှာ)
(၅)
ပန်းစပယ် နန်းအလယ်မပေါ်ခိုက်ဟာမို့ အလိုက်တော် တန်သင့်အောင်လို့ ခံပွင့်ကိုကုံး။
ပန်းစပယ် နန်းအလယ် တကယ်လှိုင်တော့ ခံပန်းခိုင် ယာယီရွေ့တယ် တောလေ့ရွာသုံး။ (ခင်နှင်းယု)
ပြန်တင်သူတွေက တစ်ကယ်လှိုင်တော့တဲ့ ပျက်ရော။
စပါယ် မှားတယ်။ စံပါယ် မှားတယ်။စပယ် နဲ့ စံပယ် မူကွဲဖြစ်တယ်။ မူကွဲဆိုတာ စပယ် နဲ့ စံယ် နှစ်မျိုးရှိ နှစ်မျိုး
လက်ဖက်၊ လဘက်၊ လ္ဘက် သုံးမျိုးရှိ သုံးမျိုးလုံးသုံးကြတယ်။
မူရင်းရေးထားသူရဲ့ စာလုံးပေါင်းကို ကိုးကားသူ၊ ပြန်ထုတ်သူတွေက မပြင်ရပါ။
(၆)
အရိုင်းစပယ် (အောင်လင်း)
(၇)
ပြေးကြိုတော့ထွေးညို
ပန်းစပယ် နန်းအလယ်မပေါ်ခိုက်ဟာမို့ အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကို ကုံးရတယ်။ တချိန်တုန်းက ထွေးညိုလေးရယ် ဝေးပေမဲ့ မောင်ကြီးဖြေနိုင်တယ်။ ခုတော့ခက်တယ်လေကွယ် မျက်နှာငယ်မလေး ထွေးရယ်။
ထွေးညိုတယောက်တော့ မြေရှင်ယာရှင် စနစ်ဆိုးတွေရဲ့အောက်မှာ ဘဝကိုလက်မြှောက်အရှုံးပေးသွားပြီလို့ တတွတ်တတွတ်ပြောနေတယ်။
ပယ်
စံပယ်သည် (နေထိုင်သည်)
စပယ်ပန်း (အရင်က သင်ပုန်းကြီးဖတ်စာမှာ စ စပယ်ဖြူ မွှေးကြူကြူလို့ရေးတယ်။ စံပယ်ပန်းလို့လည်း အရင်ထုတ်သတ်ပုံစာအုပ်မှာ ရေးတယ်။)
နယ်ပယ်
ပစ်ပယ်သည်
ပန်းစပယ်
ပယ်ကြဉ်
ပယ်ချသည်
ပယ်ခွဲ
ပယ်စွန့်သည်
ပယ်စိတ်
ပယ်တဆဲ့ခြောက်
ပယ်ထားသည်
ပယ်ထုတ်
ပယ်ပစ်သည်
ပယ်ပယ်နယ်နယ်
ပယ်ရှင်းသည်
ပယ်ရှားသည်
ပယ်လှန်
မြူနီစပယ်
အပယ်မိဘုရား
ပါယ်
သပါယ်လျောက်ပတ်
အဓိပ္ပါယ်
အပါယ်ငရဲ
အပါယ်လေးဘုံ
အလမ္မါယ်
ဥပါယ်တမည် (ဥပါယ်တမျည်)
၁။ သီတင်းသုံး နေထိုင်တော်မူသည်
မြတ်စွာဘုရားရှင် သို့မဟုတ် သံဃာတော်အရှင်သူမြတ်များ သပ္ပာယ်တင့်တယ်စွာ ကိန်းဝပ်စံပယ်၍ သီတင်းသုံး နေထိုင်တော်မူခြင်းကို ရည်ညွှန်းပါသည်။
• ဥပမာ - "မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ စံပယ်တော်မူစဉ်..."
၂။ မင်းအသွင်ဖြင့် တင့်တယ်စိုးစံသည်
မင်းညီမင်းသား၊ နတ်သိကြား သို့မဟုတ် တန်ခိုးကြီးပုဂ္ဂိုလ်များ ဗိမာန်နန်းပြာသာဒ်ပေါ်တွင် ကျက်သရေရှိစွာ စိုးစံထိုင်နေသည်ကို ဆိုလိုပါသည်။
• ဥပမာ - "ရာဇပလ္လင်ထက်ဝယ် မင်းအသွင်ဖြင့် တင့်တယ်စွာ စံပယ်တော်မူသည်။"
ပုံပါ အဘိဓာန်အဖွင့်အတိုင်း “တင့်တယ်ခြင်း၊ အသရေကိုဆောင်ခြင်း” ဆိုသည့် မူရင်းအနက်ကို လေးနက်စေရန် "တော်မူ" ဟူသော ဘုန်းတော်ဘွဲ့စကားလုံး တွဲစပ်ထားခြင်း
ပြေးကြိုတော့ထွေးညို (ရေး / ဆို တွံတေးသိန်းတန်) https://www.youtube.com/watch?v=GxI7Qq3cJVM
တွံတေးသိန်းတန်က စပယ်။
ပန်ပေးပါရစေ စပယ်တကုံး ကိုမောင်မောင် (ရေး-စန္ဓရားငွေစိုး) https://www.youtube.com/watch?v=6Sb_Fhm5Uiw
ဒေါက်တာတင့်ဆွေ






Comments
Post a Comment