Skip to main content

The Arts အနုပညာ

အဆီအငေါ်မတည့်ဘူး ပြောကြမှာဘဲ။ စာသင်နေတဲ့ဆရာမတယောက်ကနေ ဆရာဝန်ကို မေးခွန်းတခုမေးတယ်။ ကျန်းမာရေး မဟုတ်ပါ။
ဆရာမ = ဆရာ အနုပညာရဲ့အဓိပ္ပါယ်လေးပြောပြပါလား။
ဟာ ဆရာက အဲဒီနယ်ပယ်မှာ ဆရာမလုပ်နိုင်ဘူးနော်။ ဆေးပညာကိုသာ သိတယ်။
ဆရာမ = ဆရာ တကယ်သိချင်နေတာ။ တနေ့က နိုဘယ်မြန်မာစာပေဆွေးနွေးပွဲခေါင်းစဉ်က ဘဝအနုပညာတဲ့ ဘုရားဟော တရားတွေကလည်း အနုပညာတရားလို့ ဆိုပါတယ်။
ညက အိပ်မပျော်ခင် စဉ်းစားနေခဲ့သေးတယ်။ ပန်းဆယ်မျိုးနဲ့ စာပေတွေကနေ ဘာသာရေးကို အနုပညာနဲ့ ပုံဖေါ်နေတာတချို့ဟာ ကြည်ညိုစိတ်ကဲလွန်စေပြီး၊ အစွန်းမလွတ်တာတွေ၊ သွေဖီတာတွေလည်းဖြစ်စေတယ်လို့ သုံးသပ်မိတယ်။ ဆက်တွေးအုံးမယ်။ ရေးဖြစ်မလားတော့ မပြောတတ်ဘူး။ ဘာသာရေး ရေးရတာမှာ အတော် သတိထားရမယ်။
ဆရာမ = ကျမလေ အနုပညာရဲ့တိကျတဲ့အဓိပ္ပါယ်ကို သိချင်လာတယ်။ ကျမမှာက စွယ်စုံကျမ်းမရှိဘူး။
မြန်မာအဘိဓာန်ကိုကြည့်တော့ စာပေဂီတ၊ ပန်းချီစသော နူးညံသောအရာလို့ပဲပါတယ်။ စွယ်စုံကျမ်းမှာ ၁ဝ မျက်နှာ ရှိတယ်။ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုကြေးမုံဖြစ်သည်တဲ့။ အနုပညာဆိုတာ လူမျိုးတမျိုးရဲ့ စိတ်နေသဘောထား၊ ကြံရည်ဖန်ရည်၊ ဓလေ့စရိုက်၊ နေထိုင်မှုအဆင့်အတန်းတို့ကို ထင်ဟပ်စေသည်။ လူ့စိတ်ကိုလှုပ်ရှားစေနိုင်သောပညာ၊ စေတနာအလျှောက် စိတ်ကူးဉာဏ်ဖြင့် ဖန်တီးရသောပညာ၊ အနုပညာကို ခံစားရသူတို့မှာ ရသကိုဖြစ်ပေါ်လာစေလို့ ရသပညာလို့လည်းခေါ်တယ်။ 
ဆရာမ = ခံစားမှု အကောင်းအဆိုး အားလုံးအကျုံးဝင်မှာပေါ့နော်။
ဟုတ်။ ဆရာ မုံရွာစတိတ်တူးကျောင်းမှာနေရတုန်းက ရုပ်ရှင်မင်သား ထွန်းဝေလာတော့ ပြောသွားတာ ကြားလိုက်တယ်။ အနုပညာဆိုတာ အတုပညာတဲ့။ အနုပညာအစွမ်းကြောင့် ဝမ်းမြောက်၊ ဝမ်းနည်း၊ ကရုဏာသက်၊ စက်ဆုပ်၊ အားတက်၊ ထိန့်လန့်၊ အံ့သြ၊ တည်ငြိမ်၊ စတာတွေကိုဖြစ်ပေါ်လာစေနိုင်တယ်။ အဲတာတွေကို အလင်္ကာလို့လည်းခေါ်တယ်။ စိတ်အရသာ (ကိုးပါး) လို့လည်း ခေါ်တယ်။ သိပ္ပံပညာကနေ အသိတရားကို ဖေါ်ထုတ်ပေးတယ်။ အနုပညာကနေ စေတနာကို လှုံ့ဆော်နှိုးဆွပေးတယ်။ သိပ္ပံပညာက အကြောင်းတရားကို ရှာဖွေပေးပြီး၊ အနုပညာက အကျိုးတရားကို ဖွဲ့ပြတယ်။ အနုပညာကို ပါဠိလို သုခုမပညာလို့ခေါ်တယ်။ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သဘင်၊ အတီးအမှုတ်ပညာတွေလည်း အကျုံးဝင်တယ်။
ဆရာမ = တရားတွေကိုရော အနုပညာလို့ ပြောလို့ရသလားဆရာ။
ရှေးစကားတခု ထပ်ကိုးကားပါအုံးမယ်။ မုံရွာ စတိတ်တူးကျောင်းကိုဘဲ ရန်ကုန်ဘဆွေလာပြီး ပြောဟောတယ်။ သူက လက်ဝဲသမားနဲ့တူပါရဲ့ နတ်ပြည်ဆိုတာ မြင့်မိုတောင်ထိပ်မှာရှိတယ်ဆိုရင် နတ်ဦးရေ ဘယ်လောက် နေနိုင်မှာလဲလို့ ဝေဖန်တယ်။ ကိုးတန်းကျောင်းသား စဉ်းစားရတာပေါ့။ မိလိန္ဒပဉှကိုဖတ်မိတဲ့ အရွယ်ရောက်မှ သစ်သားချောင်းတခုထဲကို သံမှိုရိုက်သွင်းတဲ့ဥပမာ တွေ့လာခဲ့တယ်။ သူဝေဖန်တာကိုလည်း တဖက်သတ်တော့မမြင်ပါ။ ဘာသာတရားစာပေတွေကို ရေးဖွဲ့ကြသူတချို့ လွန်ကဲတယ်လို့ ထင်မိတယ်။ စာပန်းချီလို့တင်စားတာမျိုး။ ဖတ်မိသူ၊ ကြည့်မိသူ၊ နာကြားရသူတွေရဲ့ စိတ်ကို အလွန်အကြူး ဆွဲဆောင်မှုရှိစေပြီး ကဲလွန်တဲ့စိတ်လှုပ်ရှားမှုကို ပေးတယ်။ စေတနာတော့ အမှန်ဖြစ်ပါမယ်။ သင့်မှန်တယ်မထင်ပါ။ မြတ်စွာဘုရား ပထမဆုံး ဟောခဲ့ရတဲ့တရားတော်ဟာ အစွန်းနှစ်ပါးလွတ်ဖို့ဖြစ်တယ်။ အဘိဓမ္မာ မလာသေးဘူး။ ရန်ကုန်ဘဆွေကပါပဲ သုံးထပ်သားပြားပေါ်မှာ သစ်ပင်ပုံ ဆွဲပေးပါတယ်။ ပင်စည်မှာ သောက်ရေအိုးတလုံး ထားပေးလိုက်တော့ အားကစားလုပ်ကြလို့ မောပန်းနေကြတဲ့ ကျောင်းသူကျောင်းသားတွေကို အမောပြေစေတယ်။ တကယ့်ညောင်ပင်က ရေချမ်းစဉ်မှာသောက်ရသလို ခံစားမှုကို ပေးစွမ်းတယ်မဟုတ်ပါလား။
ဒေါက်တာတင့်ဆွေ
၃၀-၁-၂၀၁၅

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ