Skip to main content

ချိုးနှင့် ပုရွက်ဆိတ်

တရံရောအခါ ပုရွက်ဆိတ်တကောင်သည် ရေငတ်လှသဖြင့် ချောင်းတခုရှိရာသို့ သွားရောက်လေ၏။ ချောင်းရေမှာ ကြည်လင်လှသဖြင့် သူသည် ဝမ်းသာအားရဖြင့် သောက်ရန် ဆင်းလိုက်စဉ် အလွန်လျင်မြန်သော ရေစီးတွင် မျောပါသွားလေ၏။ ထိုအခိုက်ချောင်းကမ်းပါးရှိ သစ်ပင်တပင်၌ ချိုးငှက်တကောင်သည် နားလျက်ရှိရာ ပုရွက်ဆိတ်၏ ဖြစ်အင်ကို ကောင်းစွာပင် တွေ့မြင်ရလေ၏။

ဤတွင် သူသည် ပုရွက်ဆိတ်ကို များစွာ ကရုဏာသက်လှသဖြင့် သစ်ကိုင်းငယ်တခုကို နှုတ်သီးဖြင့် ချိုးဖဲလျက် ရေထဲသို့ပစ်ချပေး၏။ ပုရွက်ဆိတ်လည်း ထိုသစ်ကိုင်းငယ်ပေါ်သို့ တက်ရောက်ကာ အသက်ဘေးမှ ချမ်းသာရာ ရရှိသွားလေ၏။

သို့ဖြစ်၍ များမကြာမီပင် တနေ့သ၌ မုဆိုးတယောက်သည်ချိုးကိုဖမ်းယူရန် တောတွင်းသို့ ရောက်ရှိလာ၏။ သူသည် ထောင်ချောက်ကိုထောင်လျက် နေရာကောင်းတခုမှ စောင့်လင့်၏။

ချိုးလည်း ထိုအကြောင်းကိုမသိဘဲ ထောင်ချောက်အနီးသို့ ရောက်ရှိလာလေ၏။ ထိုအခါ ယခင် ပုရွက်ဆိတ်သည် အကြောင်းစုံကို တွေ့မြင်လေရကား မုဆိုး၏ခြေဖနောင့်ကို ပြင်းထန်စွာ ကိုက်ခဲ လိုက်လေ၏။ မုဆိုးလည်း နာကျင်လှသဖြင့် လွှတ်ကနဲ အော်ဟစ်မိလေ၏။ ဤတွင် ချိုးသည် မုဆိုး၏အသံကို ကြားလိုက်ရသဖြင့် ထိတ်လန့်တကြားဖြင့် ထောင်ချောက်မှဝေးရာအရပ်သို့ ပျံပြေးလေရာ အသက်ဘေးမှ ချမ်းသာရာ ရရှိသွားလေသတည်း။

ငွေတာရီမဂ္ဂဇင်း ၇ (၁၉၆၂ ဇွန်လ)

(“အီစွတ်ပုံပြင်များ” မှ)

ဇာတ်ပေါင်းသော်

တရံရောအခါ ကွယ်လွန်ပြီ။

ပုရွက်ဆိတ်တကောင် အနိစ္စရောက်ပြီ။

ချောင်းတခု ပျံတော်မူပြီ (ကနတော့)။

ချိုးငှက်တကောင် ဘဝတပါးပြောင်းသွားပြီ။

သစ်ကိုင်းငယ်တခု နတ်ရွာစံပြီ။

တနေ့သ၌ မြေမြှုပ်ခံရပြီ။

မုဆိုးတယောက် ဂူသွင်းလိုက်ပြီ။

ပုံအတွက် Listener's Heaven Audiobooks - အသံစာအုပ် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ