ဤတွင် သူသည် ပုရွက်ဆိတ်ကို များစွာ ကရုဏာသက်လှသဖြင့် သစ်ကိုင်းငယ်တခုကို နှုတ်သီးဖြင့် ချိုးဖဲလျက် ရေထဲသို့ပစ်ချပေး၏။ ပုရွက်ဆိတ်လည်း ထိုသစ်ကိုင်းငယ်ပေါ်သို့ တက်ရောက်ကာ အသက်ဘေးမှ ချမ်းသာရာ ရရှိသွားလေ၏။
သို့ဖြစ်၍ များမကြာမီပင် တနေ့သ၌ မုဆိုးတယောက်သည်ချိုးကိုဖမ်းယူရန် တောတွင်းသို့ ရောက်ရှိလာ၏။ သူသည် ထောင်ချောက်ကိုထောင်လျက် နေရာကောင်းတခုမှ စောင့်လင့်၏။
ချိုးလည်း ထိုအကြောင်းကိုမသိဘဲ ထောင်ချောက်အနီးသို့ ရောက်ရှိလာလေ၏။ ထိုအခါ ယခင် ပုရွက်ဆိတ်သည် အကြောင်းစုံကို တွေ့မြင်လေရကား မုဆိုး၏ခြေဖနောင့်ကို ပြင်းထန်စွာ ကိုက်ခဲ လိုက်လေ၏။ မုဆိုးလည်း နာကျင်လှသဖြင့် လွှတ်ကနဲ အော်ဟစ်မိလေ၏။ ဤတွင် ချိုးသည် မုဆိုး၏အသံကို ကြားလိုက်ရသဖြင့် ထိတ်လန့်တကြားဖြင့် ထောင်ချောက်မှဝေးရာအရပ်သို့ ပျံပြေးလေရာ အသက်ဘေးမှ ချမ်းသာရာ ရရှိသွားလေသတည်း။
ငွေတာရီမဂ္ဂဇင်း ၇ (၁၉၆၂ ဇွန်လ)
(“အီစွတ်ပုံပြင်များ” မှ)
ဇာတ်ပေါင်းသော်
တရံရောအခါ ကွယ်လွန်ပြီ။
ပုရွက်ဆိတ်တကောင် အနိစ္စရောက်ပြီ။
ချောင်းတခု ပျံတော်မူပြီ (ကနတော့)။
ချိုးငှက်တကောင် ဘဝတပါးပြောင်းသွားပြီ။
သစ်ကိုင်းငယ်တခု နတ်ရွာစံပြီ။
တနေ့သ၌ မြေမြှုပ်ခံရပြီ။
မုဆိုးတယောက် ဂူသွင်းလိုက်ပြီ။
ပုံအတွက် Listener's Heaven Audiobooks - အသံစာအုပ် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment