Skip to main content

ဦးထွန်းငြိမ်း အင်္ဂလိပ်-မြန်မာ အဘိဓာန်

 



မေးခွန်းတခု = ဆရာ အတည်မေးတာပါ တစ်ခုခု မဟုတ်ပဲ တခုခု တစုံတရာ စသည် ဖြစ် ကို လက်ခံပါတယ်။ ဒါတွေက ဂဏန်းအရေ အတွက် မဟုတ်ပဲ စာလုံးအနေနဲ့ ရှိနေတာမျိုး မဟုတ်လား။ မေးချင်တာက One ဆိုတာတာကို တစ်လို့ မပြောရင် တပဲ ပြောရမလား ခင်ဗျာ။ One of the symptoms of ဆိုတာမျိုးဆိုရင် ဘယ်ရောဂါရဲ့ ရောဂါ လက္ခဏာ တခု လို့ ရေးရမလား တစ်ခု လို့ ရေးရမလား ခင်ဗျာ။ ၁ ကိုရော တစ်လို့ မသတ်မှတ်ပဲ တ လို့ သတ်မှတ်ရမလား ခင်ဗျာ။ ကျွန်တော် မရှင်းတာက တစ်လို့ အသံ ထွက်ပေမယ့် အရေးမှာ တ လို့ ရေးရာတာတွေ ရှိတာ လက်ခံပါတယ်။ တစ် ဆိုတဲ့ ဂဏန်းအရေအတွက်ကျ ဘယ်လို ရေးရမလဲ ဆရာ။

The Student's English-Burmese Dictionary Hardcover by U Tun. Nyein (Author)

ဦးထွန်းငြိမ်း အင်္ဂလိပ်-မြန်မာ အဘိဓာန် ဆိုတာ အရင်က ကျောင်းသားတိုင်းအတွက် အကောင်းဆုံး လက်ကိုင်ဖြစ်ပါတယ်။ ပြည့်စုံတယ်။ လူတိုင်းတော့ မဝယ်နိုင်ပါ။ အခုထိ အသုံးကျတယ်။

A = one တစ် (contracted to တ when coupled with other words, as တလုံး။ တပြား။ တခု။ တဦး။ တယောက်။ etc.); each, every လျှင် or sometimes ကို။ as တနေ့လျှငတပဲကျ။ or တနေ့ကိုတပဲကျ။ an anna a day.

One တစ် abbreviated to တ။ တခုသော။ တယောက်သော။ တပါးသော။ တဦးသော။ ဆိုသော (as, one Maung Byaung); all one အတူတူဖြစ်သော။ at one သဘောထပ်တူဖြစ်သည်။ in one တလုံး တည်း-တလုံး တဝတည်း တစညးတည်း - တစည်း တရုံးတည်း-ဖြစ်သည်။ one day တနေ့သ၌ - တနေ့နေ့ (as, he will experience at one day).

ကျွန်တော့ ရှင်းလင်းတင်ပြချက် - 

တစ် ဆိုတာ ဂဏန်းသဘောသာဖြစ်ပြီး နောက်နေ တခု၊ တကောင်၊ တယောက်၊ တအုပ်၊ တနေ့၊ တလ၊ တနှစ်၊ တပါး၊ တဆူ၊ တဂူ စတာနဲ့ တွဲတော့ စသတ် မလိုပါ။

ဦးထွန်းငြိမ်း၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့သော စာတော်ပြန်ဝန် ထောက် ဦးထွန်းငြိမ်းသည် ဆရာကြီးဦးဖေမောင်တင်၏ ဦးလေးပင်ဖြစ်သည်။

The Student's English-Burmese Dictionary

By Tun Nyein (U.)

https://www.amazon.com/The-Students-English-Burmese-Dictionary/dp/B00ATRY11I

ဦးထွန်းငြိမ်း အင်္ဂလိပ်-မြန်မာ အဘိဓာန်

စာမျက်နှာ ၂၉၇

တဦး

တကိုယ်တည်း

တဦး

တကိုယ်

တဦး

တကိုယ်စီ

တဦး

တကိုယ်စီ

တဦးစီ

တယောက်စီ

တပါးစီ

တကောင်စီ

တခုစီ

တပါးစီ

တယောက်တည်း

တပါးတည်း

တကောင်တည်း

တခုတည်း

တပါးတည်း

ဒီကနေ့ တစ တစ် တစ် လုပ်နေကြတဲ့ဆရာကြီးဆရာမကြီးတွေလည်း ဦးထွန်းငြိမ်း အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ဖတ်ခဲ့ဘူးကြမှာပါ။

Judson's English-Burmese Dictionary ကလည်း ကောင်းတယ်။ ထုတ်ထားတာကြာလို့ နည်းနည်းတော့ ခေတ်နောက်ကျသလိုနေတယ်။ ဒါပေမဲ့ အခုလည်း အသုံးဝင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ