‘ကွန်မင့်တခု = အသံထွက်တာကိုက ဖက်ကို ဖတ်လို့ထွက်နေပြီ မမှားဘဲနေမလား
ပြန်စာ = ရေးတော့ အမှား၊ ဖတ်ကား တလွဲခေတ်ဖြစ်ပါသည်။
'ဖတ်' နဲ့ 'ဖက်' အသံထွက်တွေ မတူပါ။
'ဖတ်' ကို 'ဖတ်' လို့ အသံထွက်ရတယ်။
'ဖက်' ကို 'ဖက်' လို့ အသံထွက်ရတယ်။
ဖက်နဲ့ထုပ်ထားတဲ့ မုန့်ဖတ် စားမလား။
ကလေးကို ဖက်ထားရင်း စာဖတ်နေသည်။
ရေးတော့ အမှန် ဖတ်တော့ အသံထုံးကို တလွဲသုံးနေကြကြောင်း မကြာခဏ သက်သေအထောက်အထားတွေကို တင်ပြပါတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ထဲပါ တ စာလုံးတချို့တဲ့ တစ် စာလုံးတချို့ကို ဘယ်လို အသံထွက်ရကြောင်း ထပ်လောင်းတင်ပြပါတယ်။
စာလုံးပေါင်း - အသံထွက်
တကောင်တမြီး - ဒဂေါင်တမျိး
တကောင်း - ဒဂေါင်း
တကိုင်းလေးသစ် - ဒဂိုင်းလေးသှစ်
တကယ် - ဒဂယ်
တကယ်တမ်း - ဒဂယ်ဒန်း
တကယ်လို့ - ဒဂယ်လို့
တကယ်လို့များ - ဒဂယ်လို့များ
တကယ့်ကို - ဒဂယ်လို့များ
တကယ့် - ဒဂဲ့
တကယ့်တကယ် - ဒဂဲ့ဒဂယ်
ဘုရားတဆူ အသံထွက် ဘုရားတဆူ။
ဘုရားတစ်ဆူ အသံထွက် ဘုရားတစ်ဆူ။
အခုခေတ်မှာ 'တစ်လွဲ' လို့ ရေးခိုင်းပြီး 'တလွဲ' သံထွက်ခိုင်းနေသည်။
ထုံးနည်းကို တလွဲသုံးပြီး 'ရေးတော့ အမှား၊ ဖတ်ကာ တလွဲ' ဖြစ်ကြသည်။ ရာထူးရာခံတွေရသည်။ တပည့်သာဝကတွေလည်းပေါသည်။ သူတို့ခိုင်းသမျှကို ပိပြားနေအောင်လိုက်နာကြသည်။ လိုက်နာသူတွေကလည်း "ဆဲလီ" မြန်မာစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာတွေဖြစ်လာပြီ။
“ရေးတော့ အမှား၊ ဖတ်ကား တလွဲ” မဖြစ်ကြစေလိုပါ။
ရေးတော့အမှန် ဖတ်တော့အသံ (၁) (၂) (၃) https://burmese-spelling.blogspot.com/2025/02/blog-post_640.html
ရေးတော့အမှား ဖတ်ကားတလွဲ https://burmese-spelling.blogspot.com/2024/08/blog-post_722.html
ရေးတော့အမှန် ဖတ်တော့အသံထုံး တလွဲသုံးခြင်းတွေရှိတယ် https://burmese-spelling.blogspot.com/2024/12/blog-post_665.html
စကားပြောသလို စာရေးနည်း https://burmese-spelling.blogspot.com/2024/12/blog-post_191.html
ရေးတော့အမှန် ဖတ်တော့အသံ (၁) https://burmese-spelling.blogspot.com/2024/04/blog-post_913.html
ရေးတော့ အမှန် ဖတ်တော့ အသံ (၂) https://burmese-spelling.blogspot.com/2024/03/blog-post_309.html
ရေးတော့အမှန် ဖတ်တော့အသံ (၃) https://burmese-spelling.blogspot.com/2023/05/blog-post_366.html
မြန်မာစာနဲ့ စကားမှာ ထူးခြားတာတွေ များတယ် https://burmese-spelling.blogspot.com/2024/12/blog-post_658.html
အရေး နှင့် အသံထွက် https://burmese-spelling.blogspot.com/2024/07/blog-post_106.html
အသံထွက်တို့၏ ထူးခြားချက်များ https://burmese-spelling.blogspot.com/2023/11/blog-post_998.html
အစ်ကို အကို အစ်မ အမ https://burmese-spelling.blogspot.com/2023/09/blog-post_31.html
အဖေ အမေ အကို အမ https://burmese-spelling.blogspot.com/2025/01/blog-post_226.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment