၁။ တူ ကလေးတစ်ယောက်(တယောက်) လာပို့ထားတာပါ ဆရာခင်ဗျာ။ အမီလိုက် လား အမှီလိုက်လား သိချင်လို့ပါ ဆရာခင်ဗျ ကျွန်တော် သတိထားမိသလောက်ကတော့ အချိန်မီ အမီလိုက် အမှီသဟဲပြု လို့ထင်ပါတယ်ဆရာကြီးခင်ဗျား
၂။ ဆရာရှင့် တစ်ခုလောက်(တခုလောက်) မေးချင်လို့ပါဆရာ တုနှိုင်းမမီ လား တုနှိုင်းမမှီ လား ဆရာ
ဟိုအရင်ကလည်း မီ နဲ့ မှီ ရောထွေးပြောဆို ရေးသားခဲ့ကြပါတယ်။
မီ ဆိုတာ မတိုင်ခင်ကသဘောမှာ သုံးတယ်။ မ နဲ့တွဲပြီးသုံးတယ်။
မကြာမီ၊
မတိုင်မီ၊
မပြောမီ၊
မလာမီ၊
မသွားမီ၊
အချိန်မစေ့မီ။
နိုင်သည်သဘောလည်းသုံးတယ်။ လှမ်းယူလို့ရနိုင်သည်၊ လိုက်လို့ရနိုင်သည်။ မီအောင်လိုက်ပါ၊ မီအောင်ဆိုပါ။
မှီ ကို အားကိုးအားထားပြုသည်မှာသုံးတယ်။
တိုင်ကိုမှီနေသည်၊
မှီကပ်နေသည်၊
မှီတင်းနေထိုင်ကြသည်၊
မှီငြမ်းပြုသည်၊
မှီဝဲပါ၊
မှီအုံး၊
မှီခိုသူ။
လှတာလိုက်လို့မမှီဘူးလို့ရေးတာ မမှန်ပါ။ လှတာလိုက်လို့မမီဘူးဆိုတာ သူတပါးလှတာကို လိုက်လို့မမီဘူးလို့ ရေးချင်တာ ထင်တယ်။ လှတာက နာမဝိသေသန (သို့) နာမ်။ မမီဘူးဆိုတာက ကြိယာဝိသေသန။ သဒ္ဒါအရ မှားတယ်။ လှတာကို မှီခိုတာဆိုရင် အဓိပ္ပါယ်တမျိုးဖြစ်တယ်။ သူ့အလှကို လိုက်မမီဆိုရင် မှန်တယ်။ ဒါပေမဲ့ သီချင်းတွေ ကဗျာတွေမှာ ဝါကျတည်ဆောက်သလို မရေးတာမျိုးလည်း ရှိပါတယ်။
မကြာမီလာမည် မျှော်။ ကြီးရင် မှီ၊ ငယ်ရင် ချီ။
မောင်ပန်းမွှေး ယုန်လိုက်တယ်။ တောကျောင်းဘုန်းကြီး မြင်လိုက်တယ်။ လိုက်ကြပါလား တပည့်များ။ လိုက်လို့မမီ ပြေးပြန်ပြီ။ (အမည်မသိစာဆို)
နိုင်သည်သဘောလည်းသုံးတယ်။ လှမ်းယူလို့ရနိုင်သည်၊ လိုက်လို့ရနိုင်သည်။ မီအောင်လိုက်ပါ၊ မီအောင်ဆိုပါ။
မှီ ကို အားကိုးအားထားပြုသည်မှာသုံးတယ်။
ဆောင်းအမီ - စောင်းလှိုင်ဝင်းမောင် နှင့် အဖွဲ့ https://www.youtube.com/watch?v=bebmS0ScU8Y
ဆောင်းအမီ (မေလှမြိုင်) ရှားပါးဓါတ်ပြားတေး https://www.youtube.com/watch?app=desktop&v=FPmp7-QI1iQ
တေးဆို - ခင်ယုမေ https://www.facebook.com/100080726842723/videos/3385560978346164?idorvanity=1622572604665663
ဘယ်ပန်းချီရေးလို့ မမီ (ဇော်ဝမ်း) https://www.youtube.com/watch?v=SnbTOvfewq0
မီ နှင့် မှီ https://dr-tint-swe.blogspot.com/2021/11/blog-post_748.html
အရင် နဲ့ အယင်လည်း ဟိုကတည်းက ရောထွေး ရေးခဲ့ကြပါတယ်။ မြန်မာစာဟာ နက်နဲကျယ်ပြန့်ပြီး မူကွဲတွေများတယ်။ တရားသေလိုက်ရေးခိုင်းတဲ့စနစ် မမှန်ပါ။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment